ရွှေဘိုမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲကျင်းပ

ရွှေဘို   ဇွန်   ၂၈
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုမြို့ ၌     ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၁/၂၀၂၄)    သင်တန်းဆင်းပွဲကို    ယ​နေ့နံနက်ပိုင်းက      နယ်မြေခံ လေ့ကျင့်ရေးတပ်၌       ကျင်းပ ရာ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊   မြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော် မျိုးဝင်းနှင့်   အဖွဲ့ဝင်များ၊   ဌာန ဆိုင်ရာများ၊    စစ်မှုထမ်း​ဟောင်း    အဖွဲ့ဝင်များ တက်​ရောက်သည်။
ဦးစွာ     ကျောင်းဆင်းတပ်ခွဲ များသည် တပ်ခွဲစစ်​ရေးပြကွင်းမှ တပ်ရင်းစစ်​ရေးပြကွင်းသို့ ချီတက် ခဲ့ပြီး  နိုင်ငံ​တော်အလံနှင့်  တပ်မှူး အား        အ​လေးပြုခဲ့ပြီး​နောက် ကျမ်းသစ္စာ၊ ကတိသစ္စာပြုခဲ့ကြပြီး၊ သင်တန်းတွင် စံပြဆု၊ ထူးချွန်ဆု ရရှိခဲ့သူများကို    တာဝန်ရှိသူများ က ဆုများချီးမြှင့်​သည်။
ထို့​နောက် တပ်မှူးက သင်တန်း ဆင်း       မိန့်ခွန်း​ပြောကြားပြီး တပ်မှူးကို   ​ကျောင်းဆင်းတပ်ခွဲမှ တန်းစိတ်ပုံ၊     စစ်​ကြောင်းပုံဖြင့် ချီတက်အ​လေးပြုကာ   ထွက်ခွာခဲ့​ကြောင်း သိရသည်။ 
ဆက်လက်၍ တာဝန်ရှိသူများ သည်    စားရိပ်သာဆောင်တွင် သင်တန်းသားများနှင့် အတူတကွ နံနက်စာ       သုံးဆောင်ခဲ့ကြပြီး     သင်တန်းသားများကို     ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)