
နေပြည်တော် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး ရေစကြို မြို့နယ် ကျောက်လှေခါးကျေးရွာ အနီး ပခုက္ကူ-ရေစကြိုကားလမ်း လမ်းအသုံးပြုခ ကောက်ခံလျက် ရှိသည့် ထွန်းညိုလူကုမ္ပဏီပိုင် Toll Gate အနီးရှိ ဝန်ထမ်းနားနေ ဆောင်များကို ဇွန် ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမား များက မီးရှို့ဖျက်ဆီးပြီး ကားလမ်း ပေါ်၌ မိုင်းထောင်ဖောက်ခွဲကာ လမ်းအသုံးပြုခကောက်ခံငွေများ အား ခြိမ်းခြောက်လုယက် ယူဆောင်သွားကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါ လမ်းအသုံး ပြုခကောက်ခံရေးဂိတ်၌ ဝန်ထမ်း အမျိုးသား ငါးဦး၊ အမျိုးသမီး ငါးဦးဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ် လက်နက်ငယ် များ ကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမား ၂၀ ခန့်တို့က မော်တော်ဆိုင်ကယ် ၁၀ စီး၊ မော်တော်ယာဉ် တစ်စီး တို့ဖြင့် ရောက်ရှိလာပြီး ဝန်ထမ်း များကိုင်ဆောင်သည့် လက်ကိုင် ဖုန်းများအား သိမ်းဆည်း၍ လမ်းဘေး၌ မှောက်ခိုင်းထား ကြောင်း၊ ထို့နောက် ဂိတ်အနီးရှိ ဝန်ထမ်း နားနေဆောင်များကို မီးရှို့ဖျက်ဆီး၍ မှန်များကို ရိုက်ခွဲဖျက်ဆီးကာ လမ်းအသုံး ပြုခ ကောက်ခံရရှိ ငွေကျပ် သိန်း ၅၀ ကို ခြိမ်းခြောက် ယူဆောင် သွားကြောင်းနှင့် ဂိတ်အတွင်း ကားလမ်းပေါ်၌လည်း မိုင်းထောင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ Toll Gate ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နေ့စဉ်လမ်းအသုံးပြုခ ကောက်ခံ ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ယခုကဲ့သို့ အများ ပြည်သူသွားလာနေသည့် လမ်း များကို ဖောက်ခွဲဖျက်ဆီးခြင်း၊ တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ခြိမ်းခြောက်၍ ငွေများ လုယက်ခြင်းနှင့် အဆောက်အဦများကို ဖျက်ဆီး ခဲ့သည့် အကြမ်းဖက်သမားများ အား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေခြင်းများ ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်