
ကျောက်တန်း ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်း မြို့ရှိ ရှေးဟောင်းသမိုင်းဝင်ကျိုက်မှော်ဝန်းရေလယ် စေတီတော်မြတ်ကြီးတွင် ရွှေစင်ရွှေသားဗုဒ္ဓရုပ်ပွားတော်မြတ်အား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း (၃၂)ကြိမ်မြောက် ရွှေကြာသင်္ကန်းနှင့် ဝါဆိုသင်္ကန်း ကပ်လှူဒါန်းပွဲကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီက စေတီတော်ရင်ပြင်တော်ရှိ ဆုတောင်ပြည့် ငါးစပ် ဘုရားတန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ကြီး၊ ကျောက်တန်းမြို့နယ် သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဝါသေဌ မဟာ သဒ္ဓမ္မ ဇောတိကဓဇ ကမာဆွဲကျောင်းဆရာတော်၊ ကျိုက်မှော်ဝန်းရေလယ်စေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး စေတီတော်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တပညာ စိတ္တ သုခကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာ တော်ကြီးထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးစိုးမြင့်ကျော်နှင့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကဥက္ကဋ္ဌ ဦးလှသွင်နှင့်အဖွဲ့များ၊ ဌာနဆိုင်ရာ များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ စေတီတော်သြဝါဒါစရိယ ဆရာ တော်ကြီးများက ပရိတ်တရားတော်များ ချီးမြှင့်တော် မူပြီး ကြွရောက်တော်မူကြသော ဆရာတော်ကြီး များက ရှေးဟောင်းသမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ် စေတော်ရှိ ရွှေစင်ရွှေသားဗုဒ္ဓရုပ်ပွားတော်မြတ်အားဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ ရွှေကြာသင်္ကန်းနှင့် ဝါဆိုသင်္ကန်းကပ်လှူဒါန်းကြသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က ရေစက်သွန်းချအမျှပေးဝေ၍ အနုမောဒနာတရား ချီးမြှင့်ဟောကြားတော်မူကြောင်း သိရသည်။
(၂၀၉)