
နေပြည်တော် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ဖေဖော်ဝါရီ ၁ ရက်က တက်မရေနံမှော်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်းလွဲ ၁ နာရီတွင် ညောင်ဦးမြို့နယ် တက်မရေနံမှော် လုပ်ကွက်အမှတ်(စ)၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံ ရေးတပ်ဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင် များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက် ကာ ကျေးရွာနေပြည်သူများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၃၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး စိစစ်ချက်အရ ကွင်းအမှတ် (စ-၁)ရှိ ရေနံတွင်း၌ ချစ်ကို(၃၀ နှစ်)သည် ရေနံခပ်နေစဉ် ရေနံခပ်ဘူးသံကွင်း နှင့် ရေနံခပ်သည့်သံပိုက်တို့ ပွတ်တိုက်မိရာက မီးလောင်ကျွမ်း ခဲ့ခြင်းဖြစ် ကြောင်း သိရှိရကာ မီးလောင်မှုကြောင့် ဝါးကပ်မိုး/ကာ ၁၀ ပေပတ်လည် ခန့်ရှိ တဲအိမ်ငါးလုံး၊ ၂၅ ကောင် အင်ဂျင်စက် ငါးလုံး၊ ၁၆ ကောင် အင်ဂျင် စက်တစ်လုံး၊ စက်ကလပ်ခုံ ငါးစုံ၊ ဆီပီပါ ၁၃ လုံး၊ ဟွန်ဒါရေစုပ်စက် တစ်လုံး၊ ဆိုင်ကယ်တစ်စီးတို့ မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ် ၆၆၃၅၀၀၀၀ ခန့် ဆုံးရှုံးခဲ့သောကြောင့် ချစ်ကိုအား စဉ့်ကူး နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား