
နေပြည်တော် မေ ၁၃
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၂ ရက် ည ၈ နာရီတွင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ လော့သိုင်း ကျေးရွာအုပ်စု အလယ်စခန်း ကျေးရွာအနီး ရေး - ထားဝယ် ကားလမ်းရှိ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Scania အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၅၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ည ၉ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့ ရင်းမှီးရပ်ကွက်ရှိ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် Hiace အမျိုးအစားခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၉ ဒသမ ၈ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
ရဲပြန်ကြား