
နေပြည်တော် ဩဂုတ် ၂၅
တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေး ရေးစခန်းတို့ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၂၄ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၉၆ စီး၊ သွင်းကုန် ၁၂ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် သွင်းကုန် ၁၉၁ စီး ကုန်စည်များသယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်း များက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှု များ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၄ ရက်တွင် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှုတစ်မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၀ ဒသမ ၃၅၀ သန်း တန်ဖိုးရှိ တရားဝင်စာရွက် စာတမ်းတစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသော အကောက် ခွန်မဲ့ Lactasoy Soy Milk (125 mlx60) (50 Pkgs) ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်