
ဂျီနီဗာ စက်တင်ဘာ ၂၁
ကမ္ဘာ့ခေါင်းဆောင်များသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် နယူးယောက်သို့ လာရောက်နေကြသည်။ ပြီးခဲ့သည့်နှစ်အတွင်းက ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံကို အွန်လိုင်းပေါ်မှသာ ကျင်းပနိုင် ခဲ့သည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနောက်လိုက်ရာတွင် မျှော်လင့်ချက်မဲ့သွားမည်မဟုတ် ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။
၂၀၁၅ ခုနှစ် ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး ရည်မှန်းချက်များကို ကိုယ်စားလှယ်များက ချမှတ်ခဲ့ကြသည်။
ရည်မှန်းချက်များထဲတွင် ဆင်းရဲမွဲတေမှု ပပျောက်ရေး ၊ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက် ရေးနှင့် ငြိမ်းချမ်းပြီးအလုံးစုံပါဝင်သော လူ့အဖွဲ့ အစည်းများကို မြှင့်တင်ရန်တို့ပါဝင်သည်။
သို့သော်လည်း နိုင်ငံပေါင်း ၁၀ နိုင်ငံတွင်သာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၇၃ ရာခိုင်နှုန်းထိုးရသေး သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ အရာရှိ များက ပြောသည်။
လာမည့်နှစ်လယ်ပိုင်းတွင် ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင် ရေး ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်က လိုလားလျက်ရှိသည်။ အင်န်အိတ်ချ်ကေ