­­­­­­­ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော်   ဇွန်   ၂၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာန  စာပေဗိမာန်ရုံးက  အပတ်စဉ် စနေနေ့တိုင်း  ရွှေသွေးဂျာနယ်ကို   ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
၂၉-၆ -၂၀၂၄ ရက်  (စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ်အတွဲ (၅၆)၊ အမှတ်(၂၆)တွင် ဉာဏ်ပညာရှိသူ၏  စကားကို  လိုက်နာ ကျင့်သုံး၍ အသက်ဘေးမှ လွတ်မြောက်ခဲ့သော ဘုရင်ကြီးနှင့် မိမိ၏  အတတ်ပညာဖြင့်  ဒုက္ခ ရောက်နေသူကို ကူညီပေးခဲ့၍ ကောင်းကျိုးများ ခံစားခဲ့ရသော   မောင်ပုညတို့အကြောင်းကို ရေးဖွဲ့ထားသည့် “မေတ္တာနှင့်နေရာ” မျက်နှာဖုံး ကာတွန်း၊ ရှေးခေတ်အခါ၌ ကျောက်သားများ ပေါ်၌   စာများထွင်းထုရေးသား၍ အသုံးပြုခဲ့ကြ သည်ကို    ဗဟုသုတရဖွယ်   ရေးဖွဲ့ထားသည့် “ကျောက်စာအကြောင်း သိမှတ်ဖွယ်ရာ” သုတ ဆောင်းပါးကဏ္ဍ၊   အပြောကြီးလွန်းသော ဝိတ်ပေါနှင့် သူ၏ အဖော် ဖိုးချွန်းတို့တောထဲတွင် ကျော့ကွင်းထောင်၍ သားကောင်ဖမ်းဆီးပုံကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် ကျော့ကွင်း”  နှစ်မျက်နှာကာတွန်း၊ ဖခင်နှင့် ခြံရှင်းလိုက်သွားရာမှ မိသားစုအတွက်    ငွေကြေးအခက်အခဲမရှိအောင်   မိသားစုဝင် အားလုံး    မပျင်းမရိ     အလုပ်လုပ်ကြရမည် ဖြစ်ကြောင်း နားလည်သွားသည့် ပြည့်စုံသာ အကြောင်းကို ရေးဖွဲ့ထားသည့် “မီးရထားကြီး ဥပမာ” ဝတ္ထုကဏ္ဍ၊ စကားကို ကတ်တီးကတ်ဖဲ့ ပြောတတ်သော ဟန်သီမအကြောင်းကို ရေးဖွဲ့ ထားသည့် “ဟန်သီမ”  တစ်မျက်နှာကာတွန်း၊ အသက်ကြီးသူ၏  လမ်းညွှန်ပြသမှုအတိုင်း လိုက်နာဆောင်ရွက်ခဲ့၍   လှောင်အိမ်အတွင်း မှ   လွတ်မြောက်အောင်    ကြံစည်နိုင်ခဲ့သော ကြက်တူရွေးလေးအကြောင်းကို ရေးဖွဲ့ထား သည့် “သက်ကြီးစကား အလေးထား” ပုံပြင် ကဏ္ဍ၊  မိမိ၏   ဝမ်းစာအတွက်   မိမိဘာသာ ရှာဖွေစားသောက်ခြင်းမပြုဘဲ  သူတစ်ပါးကို မှီခိုစားသောက်မိ၍ အသက်ဘေးနှင့် ကြုံတွေ့ ခဲ့ရသည့်  မြေခွေးအကြောင်းကို   ရေးဖွဲ့ထား သည့်  “အချောင်လိုက်တဲ့ မြေခွေး”  နှစ်မျက်နှာ ကာတွန်း၊ ဦးလေးဖြစ်သူထံမှ မုန့်ဖိုးပိုမိုရရှိရန် ပြောဆိုတတ်သော  ရန်ပိုင်စိုးအကြောင်းကို ရေးဖွဲ့ထားသည့်   “ရန်ပိုင်စိုး”   နှစ်မျက်နှာ ကာတွန်း၊   အိမ်ငှားနေသူက   အိမ်ပိုင်ရှင်ထံ အိမ်ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း  ပြော ကြားပုံနှင့်  ပြောင်းရွှေ့ရသည့်   အကြောင်းရင်း ကို     အပြန်အလှန်ပြောဆိုပုံ      အမျိုးမျိုးဖြင့် ရေးသားထားသည့်   “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍ၊   ကလေးလက်ရာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့ အပါအဝင် ကဏ္ဍစုံစုံလင်လင်ဖြင့်     ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင်  ငွေကျပ်   ၄၀၀  ဖြင့်  စာပေ ဗိမာန်စာအုပ်အ‌ရောင်းဆိုင်များတွင်  ဝယ်ယူ နိုင်ကြောင်း သိရသည်။        သတင်းစဉ်