
နေပြည်တော် ဩဂုတ် ၁
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
၃ - ၈ - ၂၀၂၄ ရက်(စနေနေ့)တွင် ထွက်ရှိ မည့် ရွှေသွေးဂျာနယ် အတွဲ(၅၆)၊ အမှတ် (၃၁) တွင် မည်သည့်အကျိုးကိုမျှ မမျှော်လင့်ဘဲ တကယ့်စိတ်ရင်းမှန်ဖြင့် သူငယ်ချင်းပေစိ၏ မိခင်ကို ကူညီပေးခဲ့သော ပုပုအကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် စေတနာကံ” မျက်နှာဖုံးဇာတ်လမ်း၊ မြန်မာ လူမျိုးများသည် ဝါတွင်းကာလတွင် ဥပုသ်သီလ ဆောက်တည်ကြပုံနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပုံတို့ကို ဗဟုသုတဖြစ်ဖွယ် ရေးဖွဲ့ ထားသော “ဝါတွင်းဥပုသ်ချိန်ခါ” သုတကဏ္ဍ၊ လှေသူကြီးဦးကောင်းသည် သူ၏လောဘစိတ် ကြောင့် လှေနစ်မြုပ်သွားပြီး လူရော၊ ပစ္စည်းပါ ဆုံးရှုံးသွားရသည့်အကြောင်းကို တင်ဆက် ထားသည့် “လှေသူကြီး” နှစ်မျက်နှာကာတွန်း၊ တစ်ရွာလုံးအတွက် လိုအပ်နေသော ရေကို ကြိုးစားရှာဖွေပေးခဲ့သည့် မဥဩအကြောင်းကို ရေးသားထားသည့် “ရပ်ရွာအတွက် စွန့်စားသူ” ပုံပြင်ကဏ္ဍ၊ မုန့်ဖိုးကိုမသုံးပစ်ဘဲ လိုအပ်သည့် နေရာတွင်သုံးရန် စုထားတတ်သော ဝိုင်းချစ်နှင့် မုန့်ဖိုးကို မစုဘဲ အကုန်သုံးပစ်သော မျောက်မူး လဲတို့အကြောင်းကို တင်ဆက်ထားသည့် “မုန့်ဖိုး” တစ်မျက်နှာကာတွန်း၊ ကျောင်း၏ ဂုဏ်ကိုဆောင်နိုင်ပြီး မိမိအသင်းအတွက် ဦးဆောင်မှုပေးသည့် မေနှိုင်းအကြောင်းကို ရေးသားထားသည့် “ကျောင်းဂုဏ်ဆောင်သူ မေနှိုင်း” ဝတ္ထုကဏ္ဍ၊ ဂဏန်းသင်္ချာများကို တွက်ချက်နိုင်စေရန် ရေးဆွဲထားသည့် “ဂဏန်း သင်္ချာတွက်ကြမယ်” ဉာဏ်စမ်းကဏ္ဍ၊ မုန့်တွေ အကုန်စားပြီး ဗိုက်နာသွားသော ဖြိုးရဲအကြောင်း ကို တင်ဆက်ထားသည့် “တန်ဆေးလွန်ဘေး” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများအပေါ် အနိုင်ကျင့်သော ဖိုးဇော်ကို ပညာပေးဆုံးမထား သည့်အကြောင်းတင်ဆက်ထားသော “မကောင်း ကြံ ကိုယ်ပဲခံ” နှစ်မျက်နှာကာတွန်း၊ ဝါခေါင်လ တွင် အရပ်မျက်နှာများအားလုံး အုံ့မှိုင်းကာ ခတ္တာပန်းများ ပွင့်ကြပုံနှင့်စာရေးတံမဲပွဲ ကျင်းပ ကြပုံအကြောင်း ရေးဖွဲ့ထားသည့်“ဝါခေါင်လ” ကဗျာကဏ္ဍ၊ တိရစ္ဆာန်တွေကို ချစ်တတ်သော ဖိုးတစ်တိုနှင့် ငှက်ပစ်ချင်သည့် သူငယ်ချင်း အကြောင်းကိုတင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းကဏ္ဍ ကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူ နိုင်ကြောင်း သိရသည်။ သတင်းစဉ်