
တောင်ငူ ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ သည် ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင် ရေတာရှည်မြို့၌ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲသို့ တက်ရောက် ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြုပြင်ပြောင်းလဲ ဆောင်ရွက် ပေးနိုင်ခဲ့မှုကြောင့် အချိန်တို အတွင်း အဓိကသီးနှံ ခြောက်မျိုး နှင့် နွေစပါး ပန်းတိုင်အထွက်နှုန်း ရရှိခဲ့ပြီဖြစ်ကြောင်း၊ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၂၄) စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်း ကျောင်းရှိသည့် မြို့နယ်များတွင် လည်း ဆက်ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆုရ သည့် ဂုဏ်ထူးဆောင်လယ်သမား များက ကိုယ်တိုင်စိုက်ပျိုး အောင်မြင်မှုများ ရှင်းလင်းပြော ကြားခြင်း၊ မိသားစု တစ်ဖက် တစ်လမ်းက ဝင်ငွေရရှိရေး မွေးမြူ ရေးလုပ်ငန်း အောင်မြင်နေသူများ က မွေးမြူရေးဆိုင်ရာ သင်ကြား ခြင်း၊ ကွင်းဆင်းသရုပ်ပြခြင်းတို့ကို စနစ်တကျ သင်ကြားပေးသွားမည် ဖြစ်၍ လေ့လာမှတ်သား သင်ယူ ကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒေသခံတောင်သူ များအတွက် YSR-1 မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ် သည်။ ယင်းနောက် စိုက်ပျိုးရေး ဆိုင်ရာ သင်တန်းအထောက်အကူ ပြုပစ္စည်းများ၊ သင်တန်းသား အိပ်ဆောင်များ၊ ထမင်း စားဆောင်များကို လှည့်လည် ကြည့်ရှုသည်။
အဆိုပါ သင်တန်းကို သုံးရက် ကြာ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေး၊ ဥယျာဉ်ခြံ ကိုင်းကူးကိုင်းဆက်နည်း၊ မြေ စာရင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဆည်ရေအကျိုးရှိရှိ အသုံးချခြင်း ဆိုင်ရာများ၊ လက်ဆွဲ ကောက်စိုက် စက် အသုံးပြုနည်းနှင့် ပျိုးထောင် မှုနည်းစနစ်များ၊ စိုက်ပျိုးမြေအား တန်ဖိုးရှိရှိ အသုံးချနည်းဆိုင်ရာ များ၊ မျိုးကောင်းမျိုးသန့်ရွေးချယ် ခြင်း၊ မျိုးစေ့ရောဂါ ကာကွယ်ခြင်း၊ မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ငါးမွေးမြူရေး နှင့် ဒေသကြက်မွေးမြူခြင်း စသည့် ဘာသာရပ်များကို စာတွေ့/ လက်တွေ့ သင်ကြားပေး မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)