ရွှေတောင်မြို့၌ ရေဘေးအန္တရာယ် သဏ္ဌာန်တူသရုပ်ပြလေ့ကျင့်

ရွှေတောင်    ဇူလိုင်   ၁၀
ပဲခူးတိုင်း‌ဒေသကြီး      ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပြည်ခရိုင် သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီနှင့် မြို့နယ် သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ တို့ ပူးပေါင်း၍ ရေဘေးသဏ္ဌာန်တူ  သရုပ်ပြ            လေ့ကျင့်ခန်းကို ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက် တွင် ဇူလိုင် ‌၉ ရက်က သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။
ထိုသို့     ရေဘေးသဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်ခန်း      ဆောင် ရွက်ရာတွင်  မြစ်ရေဝင်ရောက်မှု အား       အသိပေးကြေညာခြင်း၊ ရေဘေးအန္တရာယ် ကျရောက်လာ ပါက ရင်ဆိုင်တုံ့ပြန်ရမည့်လုပ်ငန်း အဆင့်ဆင့်ကို   အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊    ရပ်ကွက်နေ ပြည်သူများ၊         ကျောင်းသား   ကျောင်းသူများ၊   ခရိုင်နှင့် မြို့နယ်  သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီပါ    ဌာနဆိုင်ရာများ စုစုပေါင်းအင်အား   ၂၅၀   ဖြင့် ပူးပေါင်းလေ့ကျင့်သည်။
ထို့နောက် ‌ယာယီကယ်ဆယ် ရေးစခန်းဖြစ်သည့်    ရွှေမျက်မှန် ဘုရားကြီးဓမ္မာရုံ၌      ပြည်ခရိုင် သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင် တင်ချိုနှင့်     ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ       တာဝန်ရှိသူတို့က ရေဘေးအန္တရာယ်အသိပညာပေး ဟောပြာခဲ့ကြပြီး     ဒေသခံ ပြည်သူများအား    စား‌သောက် ဖွယ်ရာများနှင့်      အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေး ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)