ရွှေတောင်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြု

 

ရွှေတောင်  သြဂုတ်  ၆


ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ရတနာခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ၂၀၂၃ -  ၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင် စာမေးပွဲတွင်   ထူးချွန်စွာအောင်မြင်ခဲ့သူများအား   ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပသည်။


အခမ်းအနားတွင် ပြည်ခရိုင်   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး  ရွှေတောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ        ဦးဟံဝင်းအောင်က တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို  ပြောကြားသည်။


ထို့နောက်  ၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ တွင်  ဂုဏ်ထူးရကျောင်းသား  ကျောင်းသူ  ခြောက်ဘာသာ တစ်ဦး၊ ငါး  ဘာသာတစ်ဦး၊ လေးဘာသာ သုံးဦး၊ သုံးဘာသာ သုံးဦး၊ နှစ်ဘာသာ ကိုးဦး၊ တစ်ဘာသာ ၁၉ ဦး စုစုပေါင်း ၃၆ ဦး နှင့် ခြောက်ဘာသာဂုဏ်ထူးရအောင် သင်ကြားပေးသောဆရာမ များအား ဂုဏ်ပြုဆုငွေနှင့်  ဆုတံဆိပ်များကို    ပြည်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးသိန်းအောင်နှင့်   ပြည်ခရိုင်   ပညာ ရေးမှူး ဒေါ်စန်းစန်းဝင်း၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။               

ကိုကိုမင်း(ပြန်/ဆက်)