
ရန်ကုန် မတ် ၇
ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၈ ရက်အထိ(တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ) ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ ပူဇာဟု ဆိုအပ်သော ပူဇော်ခြင်းအမျိုးမျိုးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်လျက်ရှိသည်။
လောင်းလှူ
သံဃာ့ပူဇာအနေဖြင့် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသော သံဃာ ၁၁၇ ပါးနှင့် သီလရှင် ၂၇ ပါး စုစုပေါင်း ၁၄၄ ပါးတို့အား ပင့်ဖိတ်၍ ရွှေတိဂုံစေတီတော်ရင်ပြင် တစ်ပတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်း အနားကို ယနေ့ ညနေ ၄ နာရီတွင်ကျင်းပရာ ရွှေတိဂုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး ဝတ်အသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် စေတနာရှင်၊ သဒ္ဓါတရား ထက်သန်ကြသည့် အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်း များ လောင်းလှူကြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို မဟာ သက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့ ဗုဒ္ဓဟူး နေ့တွင် တည်ထားခဲ့ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေတိဂုံစေတီတော် တပေါင်းပွဲတော်ကို နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၂၆၀၈ နှစ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း - ဇော်မင်းလတ်
ဓာတ်ပုံ- ကိုကိုဇော်