
နေပြည်တော် ဩဂုတ် ၂
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဦးလည်မသုန် အစဉ်ကာကွယ်နေသော၊ တရားသောစစ်ကို ဆင်နွှဲနေသည့် ရှေ့တန်း ရောက်တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းကာ စိတ်အားထက်သန်စွာဖြင့် ချက်ပြုတ် ကြော်လှော်ထားသော စားသောက်ဖွယ် များကို ထောက်ပံ့လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများအား စနစ်တကျထုပ်ပိုးနေမှု၊ လှူဒါန်းပေးပို့နိုင်ရေး ပြင်ဆင်ဆောင်ရွက် နေမှုများကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့် ညွှန်ကြားရေးမှူး ချုပ်များက လိုက်လံကြည့်ရှုအားပေး ကြသည်။
ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များအတွက် အားဖြည့်ဗီတာမင် ဆေးဝါးများ၊ အာဟာရဖြည့်ဓာတ်ဆား ထုပ်များ၊ အကိုက်အခဲပျောက်ဆေးများ၊ တိုင်းရင်းဆေးဝါး(လိမ်းဆေး၊ သောက်ဆေး များ)၊ ငါးခြောက်ကြော်၊ ပုံးရည်ကြီး၊ လက်ဖက်နှပ်၊ ဘီစကွတ်များ၊ ခေါက်ဆွဲ ခြောက်များကို ထောက်ပံ့လှူဒါန်းနိုင် ရေး ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက်ခဲ့ကြပြီး “ဒို့တာဝန်အရေးသုံးပါးအတွက် တရား သောစစ်ကို ရဲဝံ့စွန့်စားစွာ လှေခွက်ချည်း ကျန် အလံမလှဲသည့် စိတ်ဓာတ်ဖြင့် အသက်နှင့်ခန္ဓာကို မငဲ့ကွက်ဘဲ စွမ်းစွမ်း တမံ တိုက်ပွဲဝင်လျက်ရှိကြသော ဇာနည် မောင်ဘွား မျိုးချစ်တပ်မတော်သားများ ဘေးရန်ကင်းကွာပါစေကြောင်း၊ တိုက်ပွဲ ဟူသမျှ အောင်မြင်ပါစေကြောင်း၊ တရားသောစစ်အောင်မြင်ပါစေကြောင်း၊ ပြည်ချစ် တပ်မတော်သားများအားလုံး အောင်ပွဲများအလီလီ ရရှိပါစေကြောင်း၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲပါစေ ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ်စောင့်ရှောက်ပေးသည့် အတွက် အထူးပင်လေးစားတန်ဖိုးထားပါကြောင်း” အစရှိသည့် ကျန်းမာရေး ဝန်ထမ်းမိသားစုများ၏ ဆုတောင်းမေတ္တာ ပို့သစာများကိုလည်း ထည့်သွင်းပေးပို့ ခဲ့ကြသည်။
ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစုများကစုပေါင်း၍ အားဖြည့်ဗီတာမင် ဆေးဝါးများ၊ အာဟာရဖြည့်ဓာတ်ဆား ထုပ်များ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ စုစုပေါင်းတန်ဖိုး ငွေကျပ် ၂၂၆ သိန်းဖိုးခန့် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်