ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ  လှူဒါန်း

 

နေပြည်တော်   ဩဂုတ်   ၁


နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို  စွန့်လွှတ်စွန့်စား လိုစိတ်  ထက်သန်စွာဖြင့်  စွမ်းစွမ်းတမံ  ထမ်းဆောင်နေကြသည့်  ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက်   ဝန်ထမ်း မိသားစုများက  အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို   ပေးပို့ လှူဒါန်းလျက်ရှိသည်။


ထိုသို့ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို   ထမ်းဆောင်နေကြ သည့် ရှေ့တန်းရောက် တပ်မတော် သားများနှင့်  လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ယနေ့တွင် ပြန်ကြား ရေးဝန်ကြီးဌာန   ဝန်ထမ်းမိသားစု များက  စာနာမှု၊ စေတနာ၊ မေတ္တာ အပြည့်ဖြင့်   စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး      စားသောက် ဖွယ်ရာများ  ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်   ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းမိသားစုများ   ကိုယ်တိုင် စိတ်အား       ထက်သန်စွာဖြင့်  စားသောက်ဖွယ်ရာများ   ပြင်ဆင် ထုပ်ပိုးနေမှုများကို    ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်     ဒုတိယ ဝန်ကြီး     ဦးရဲတင့်တို့      လိုက်လံ ကြည့်ရှုအားပေးသည်။


ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ရှေ့တန်း ရောက် တပ်မတော်သားများနှင့် လုံခြုံရေး   တပ်ဖွဲ့ဝင်များအတွက် ငါးပိကြော် ၂၅   ကျပ်သား  အထုပ်  ၂၉၀၊ ငါးခြောက်ကြော် ၂၅ ကျပ် သားအထုပ်   ၄၀၀၊      အသင့်စား ခေါက်ဆွဲခြောက်ထုပ်     ၅၇၀၀၊ ကြာဆံခြောက်ထုပ် ၁၈၀၊ ကြယ်နီ ဆေးပေါ့လိပ်   အလိပ်    ၂၆၃၅၀ စုစုပေါင်း ငွေကျပ်သိန်း    ၁၀၀ တန်ဖိုးရှိ    ပစ္စည်းများကို   ပေးပို့ လှူဒါန်းသွားမည်ဖြစ်သည့်အပြင် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း များက         “ရှေ့တန်းရောက် တပ်မတော်သားအားလုံး ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမား များ၏          ဂုဏ်ကျေးဇူးကြောင့် ကျန်းမာပါစေ၊   ဘေးအန္တရာယ် ကင်းရှင်းပါစေ၊   တရားသောစစ် အောင်မြင်ပါစေ”           အစရှိသည့်  ဆုတောင်းမေတ္တာ     စာလွှာများ ကို    ထည့်သွင်းပေးပို့ကြကြောင်း သိရသည်။  


အလားတူ ယနေ့တွင် ရှေ့တန်း ရောက်  တပ်မတော်သားများနှင့် လုံခြုံရေး    တပ်ဖွဲ့ဝင်များအတွက် မြန်မာ့အသံနှင့်    ရုပ်မြင်သံကြား ဝန်ထမ်း      မိသားစုများကလည်း ကော်ဖီမစ်အထုပ်ကြီး     ၃၀၊ ခေါက်ဆွဲခြောက်ထုပ်         ၃၀၀၊ သကြားလုံး အထုပ်ကြီး  ၂၄  ထုပ်၊ ငါးပိထောင်းအထုပ် ၁၀၀၊    ရှူးရှဲ လက်ဖက်ချဉ်စပ်   အထုပ်   ၂၀၀၊ ပဲပူးကြော်  ပိဿာ ၂၀၊ ပေါင်မုန့် ကြွပ် အထုပ် ၁၀၀၊ မုန့်ကြွပ် ၂၅ ထုပ်၊ ဆေးပေါ့လိပ် အလိပ် ၁၀၀၀ နှင့်        ဝန်ထမ်းမိသားစုများ ကိုယ်တိုင် ချက်ပြုတ်ကြော်လှော် ထားသည့် ငါးခြောက်ကြော်၊ ငါးပိ ကြော် စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၂၀ ခန့်  ပေးပို့လှူဒါန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။


နိုင်ငံတော်လုံခြုံရေး၊ နယ်မြေ ကာကွယ်ရေးအတွက်  အသက်ကို ပဓာနမထားဘဲ  စွန့်လွှတ်စွန့်စား ကာ   ရှေ့တန်းတွင်    တိုက်ပွဲဝင်နေ ကြသည့် တပ်မတော်သားများနှင့် လုံခြုံရေး       တပ်ဖွဲ့ဝင်များအတွက် လှူဒါန်းကြသည့်  စားသောက်ဖွယ် ရာများနှင့်အတူ ဝန်ထမ်းမိသားစု များက “တရားသောစစ် အမြန်ဆုံး အောင်မြင်ပါစေ။   တပ်မတော်သား များရဲ့  အောင်မြင်မှု   ပြည်သူလူထု ရဲ့   ငြိမ်းချမ်းမှုတွေကို  စောင့်မျှော် လျက်     တပ်မတော်သားများကို ချစ်တဲ့    ပြည်သူတွေအများကြီး ရှိနေပါတယ်။     တပ်မတော်သား များရဲ့    အောင်ပွဲဟာ    ပြည်သူ့ အောင်ပွဲပါ။  တပ်မတော်သားများ စစ်မြေပြင်မှ အန္တရာယ်ကင်းရှင်း စွာ   အမြန်ဆုံး    ပြန်လာနိုင်ပါစေ” စသည့် ဆုတောင်းမေတ္တာ စာလွှာ များလည်း  ထည့်သွင်းပေးပို့ကြ ကြောင်း သိရသည်။     


အဆိုပါ      စားသောက်ဖွယ်ရာ များကို     တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော်ယာဉ် များဖြင့် ရှေ့တန်းရောက်တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏       လက်ဝယ်အရောက်  ပို့ဆောင်          ပေးသွားမည်ဖြစ် ကြောင်း သိရသည်။   

သတင်းစဉ်