
တောင်ကြီး သြဂုတ် ၂
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို စွန့်လွှတ် စွန့်စားလိုစိတ် ထန်ထက်သန်စွာ ဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင် နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ရှမ်း ပြည်နယ် အစိုးရအဖွဲ့ ဝန်ထမ်း မိသားစုများက စားသောက်ဖွယ် ရာများကို ပေးပို့လှူဒါန်းလျက်ရှိ သည်။
နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေကြ သည့် ရှေ့တန်းရောက်တပ်မတော် သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာအပြည့်ဖြင့် စားသောက်ဖွယ်ရာများ ပေးပို့ လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင် ရွက်လျက်ရှိရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းများ၊ ပြည်နယ် စည်ပင်သာယာရေး ဌာနမှ ဝန်ထမ်းများ၊ ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်း များက စားသောက်ဖွယ်ရာများ ပြင်ဆင် ထုပ်ပိုးနေမှုများကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှု အားပေးခဲ့ကြ ကြောင်း သိရသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ထမ်းမိသားစုများက ရှေ့တန်း ရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ခေါက်ဆွဲခြောက် ၅၀၀၀၊ ငါး သေတ္တာ ၃၀၀၀၊ ကော်ဖီမစ်၅၀၀၀၊ သီးစုံဓာတ်ဆားထုပ် ၅၀၀၀ ၊ ပဲပုပ်ကြော် ၂၀၀၀၊ ငါးကလေး ကြော် ၂၀၀၀၊ ဆေးလိပ်အထုပ် ၁၀၀၀၊ လက်ဖက်ထုပ် ၅၀၀၀ ၊ ချိုချဉ်အထုပ် ၁၀၀၀ ၊ ချောင်းဆိုး ပျောက်ဆေး ၃၀၀၀၊ မဟာ ဖြေဆေး ၃၀၀၀၊ ငါးပိထောင်း ၅၀၀၀ နှင့် ၁၂ မျိုးပါ အထုပ် ၁၀၀၀ တို့ကို ပေးပို့လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စားသောက်ဖွယ်ရာ များကို သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များမှ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှေ့တန်း ရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)