(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့်အနေဖြင့် ခမ်းနားသိုက်မြိုက် စွာ ကျင်းပနိုင်ရေး အကြိုပြင်ဆင်မှုလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိပြီဖြစ်သည်။
အဆိုပါပြိုင်ပွဲကြီး ကျင်းပရေးနှင့်စပ်လျဉ်း၍ “အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုနှင့် သွေးစည်းညီညွတ်မှု ပိုမိုခိုင်မြဲရေး၊ တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးထမ်းများ အနုသုခုမ အဆို၊ အတီး၊ အကများ အရှည်တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့သည်။
ဗဟိုအဆင့် ပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပလျက်ရှိရာ လူငယ်လူရွယ်များနှင့် ဝါသနာ ရှင် ပြည်သူများအပါအဝင် မြန်မာ့ရိုးရာ အနုသုခုမ ပညာရပ်များကို ချစ်မြတ်နိုးစိတ်ဝင်စားကြသည့် ပြည်သူများကလည်း အားပေး လျက်ရှိကြသည်။ မျက်မှောက်ခေတ်တွင် ခေတ်မီဆက်သွယ်ရေး နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက်ရှိရာ လူငယ်လူရွယ်များအတွင်း လူမှုကွန်ရက် ဆိုရှယ်မီဒီယာများ၏ လွှမ်းမိုးမှုမှာ ကြီးမားလှသည်။ ဆိုရှယ်မီဒီယာအများစုတွင် ဝင်ရောက်လေ့လာကြည့်ရှုမည်ဆိုပါက အနုထက်အကြမ်း၊ အယဉ် ထက်အရိုင်း ယဉ်ကျေးသိမ်မွေ့မှုထက် ရုန့်ရင်းကြမ်းတမ်းမှုတို့ ကသာ ပိုမိုဖုံးလွှမ်းနေသည်ကို တွေ့ရမည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ဆိုရှယ်မီဒီယာများကို လူမှုဆက်ဆံရေး၊ ဖျော်ဖြေရေး၊ အသိပညာရှာဖွေရေး၊ ရောင်းရေး ဝယ်ရေး စသည် တို့အပြင် သတင်းအချက်အလက်များ ရယူရန်အတွက်ပါ အသုံးပြု နေကြခြင်းဖြစ်သည်။ သို့ရာတွင် ဆိုရှယ်မီဒီယာများတွင် ရှိနေ သည့် အကောင်းအဆိုး အကျိုးအပြစ်တို့ကို ဝေဖန်ဆန်းစစ်နိုင်ပြီး မိမိတို့၏ ကောင်းရာကောင်းကျိုးအတွက် ရွေးချယ်အသုံးပြုနိုင်မှု တွင်မူ အများစုက အားနည်းကြသည်။ နိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံ၊ ဘာသာရေးယုံကြည်မှု စသည်တို့ အပေါ် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်၍ နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် စည်းလုံးညီညွတ်မှုတို့ ပျက်ပြားရေး၊ အဖျက်အမှောင့် ပြုလုပ်နေကြသည်များကိုလည်း နားယောင်မှု များ ရှိနေကြသည်။ ယင်းသို့သော အခြေအနေတွင် မိမိနိုင်ငံ မိမိ လူမျိုး၏ အခိုင်အမာတည်ရှိပြီးဖြစ်သည့် ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို ပြန်လည်ဖော်ထုတ်ခြင်းအားဖြင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်း စောင့်ရှောက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ် အနက် လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် ဦးတည် ချက်နှင့်အညီ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီးကို မကြာမီကာလတွင် ကျင်းပသွားမည် ဖြစ်ရာ မျိုးဆက်သစ် လူငယ်လူရွယ်များ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို အနာဂတ်မျိုးဆက်များသို့ လက်ဆင့် ကမ်းသယ်ဆောင်သွားနိုင်ရေး ကြိုးပမ်းကြရမည် ဖြစ်ပါ ကြောင်း။ ။