ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဩဂုတ်     ၂၉


ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ငွေကျပ် ၇ ဒသမ ၇၈ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ  ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၇ ရက် နံနက် ၁၁ နာရီခွဲ တွင် ရခိုင်ပြည်နယ် မောင်တော မြို့နယ် ကျီးကန်းပြင် စစ်ဆေးရေး ဂိတ်တွင်   မောင်တောမှ    ကြိမ် ချောင်းသို့ အောင်ကျော်လှိုင် (ခ) အောင်ကျော် (ခ)ဂေါက်ကြီး (၃၁) နှစ်   မောင်းနှင်ပြီး    ဇနီးဖြစ်သူ မလှိုင်လှိုင်ဝေ(ခ)ရည်မွန်သန့်(ခ)မေလေး (၂၆) နှစ် လိုက်ပါလာသည့် Nissan ရှစ်ဘီး ဆီဘောက်ဆာ ယာဉ်ကို   စစ်ဆေးရန်      ရပ်တန့် ခိုင်းစဉ် ယာဉ်မောင်းမှာ ယာဉ်ပေါ် မှ    ခုန်ချထွက်ပြေးသွားခဲ့သဖြင့် ပူးပေါင်းအဖွဲ့မှ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရာ ညနေ ၆ နာရီခန့်တွင် အဆိုပါနေရာနှင့်   ၆    ဖာလုံခန့် အကွာ တောစပ်တွင် အောင်ကျော် လှိုင် (ခ) အောင်ကျော် (ခ) ဂေါက် ကြီး ကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်၏ ဆီသိုလှောင်ကန်ကို     ဖွင့်ဖောက် စစ်ဆေးရာ ဒေသကာလတန်ဖိုး  ငွေကျပ်  ၇ ဒသမ ၇၈  ဘီလီယံ ကျော်တန်ဖိုးရှိ     စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၁၇ သန်းကျော်၊ အိုက်စ်    (မက်သ်အဖက်တမင်း)အလေးချိန် ဂရမ် ၈၀၀ သိမ်းဆည်း ရမိခဲ့သဖြင့်   ၎င်းတို့အား   မူးယစ် ဆေးဝါးနှင့်     စိတ်ကိုပြောင်းလဲ စေသော     ဆေးဝါးများဆိုင်ရာ ဥပဒေအရ     အရေးယူထားရှိပြီး  ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။ 


သတင်းစဉ်