
စစ်တွေ ဇွန် ၂၆
အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ် ရေးလုပ်ငန်းကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည် ထူထောင်ရေးပစ္စည်း များကိုသင်္ဘောများဖြင့် ပို့ဆောင် ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံ သုံးဆိပ်ကမ်းတွင် MV Royal Venus သင်္ဘောဖြင့် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းများနှင့် တည် ဆောက်ရေးပစ္စည်းများ ရောက်ရှိ လာမှုကို ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးထိန်လင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။
MV Royal Venus သင်္ဘော တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် ဆန်၊ စက်သုံးဆီ နှင့် စားသောက်ကုန်များ၊ တည် ဆောက်ရေးသုံး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၂၀၈၃ ဒသမ ၄၄ တန် တင်ဆောင် ၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အဆိုပါ ပစ္စည်းများအား လူအင်အား၊ စက်ယန္တရားအင်အား များ အသုံးပြုကာ ကုန်တင်ကုန်ချ ပြုလုပ်နေမှုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိ လာသော ကုန်ပစ္စည်းများကို စနစ်တကျ အတင်အချပြုလုပ်နိုင် ရေး၊ ကုန်ပစ္စည်းများပျက်စီးဆုံးရှုံး မှုမဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်း ရောင်းချခြင်းမပြုစေရေး၊ လိုအပ်မှု မရှိသော နေရာများသို့ မရောက် ရှိစေနိုင်ရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေး တို့ကို မှာကြားပြီး လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် အဆိုပါဆိပ်ကမ်း ၌ အမ်ဗွီ- ရဲထွန်းအောင်၊ အမ်ဗွီ-အောင်ရတနာ သင်္ဘောတို့မှ ဆန်နှင့် စားသောက်ကုန်ပစ္စည်း များ အတင်အချပြုလုပ်နေ မှု၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စစ်တွေဖောင်တော်ကြီးဆိပ်ကမ်း တွင် အမ်ဗွီ- ရွှေရည် ဝတ်မှုန် သင်္ဘောပေါ်မှ လူသုံးကုန်ပစ္စည်း များ အတင်အချပြုလုပ်နေမှု တို့ကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များကို တာဝန် ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး