ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက္ကသိုလ်များနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့မှ ဆရာ ဆရာမများနှင့်တွေ့ဆုံ

စစ်တွေ     ဇွန်     ၂၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်၌ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူး များ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) ၌ နည်းပညာ တက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူးနှင့် ဆရာ ဆရာမများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။ 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်       စစ်တွေတက္ကသိုလ် အစည်းအဝေးခန်းမ၌   ပြည်နယ် ဝန်ကြီးချုပ်  ဦးထိန်လင်းက နိုင်ငံ တော်အကြီးအကဲက တိုင်းဒေသ ကြီး၊ ပြည်နယ်များတွင် ပညာရေး၊ ကျန်းမာရေး       လုပ်ငန်းများကို အားနည်းမှုမရှိစေရေးနှင့်    ဆရာ    ဆရာမများနှင့်      ကျန်းမာရေး          ဝန်ထမ်းများကို   သက်ဆိုင်ရာ ဒေသများမှ   တတ်နိုင်သလောက် ကူညီ         စောင့်ရှောက်ပေးရန်၊  တိုင်းဒေသကြီးနှင့်       ပြည်နယ်  များအတွင်း ပညာရေးကိုမထိခိုက် စေရေးအတွက် စာသင်ကျောင်း များ      အားလုံးဖွင့်လှစ်နိုင်ရေး၊ ကျောင်းတက်ရောက်မှု ရာခိုင်နှုန်း မြင့်တက်စေရေးနှင့် လူ့စွမ်းအား  အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် လာစေရေးတို့အတွက် ပညာရည် မြှင့်တင်ရေးတို့ကို        ဝိုင်းဝန်း အားပေးဆောင်ရွက်ရန် မှာကြား ထားကြောင်း၊   ထို့ကြောင့်   မိုခါ မုန်တိုင်းကြောင့်         ထိခိုက်ပျက်စီး မှုများ      များစွာရှိခဲ့သော်လည်း ရက်တိုတိုအတွင်း ကျောင်းများ ဖွင့်လှစ်နိုင်အောင်  ဆောင်ရွက်နိုင် ခဲ့ပါကြောင်း ပြောကြားသည်။
ထို့နောက်    ပြည်နယ်အစိုးရ အဖွဲ့ဝင်များက       ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရေး၊      တက္ကသိုလ်၊ ကောလိပ်များသို့ ကျောင်းသား ကျောင်းသူများ လာရောက်ပညာ သင်ကြားနိုင်ရေး ဆောင်ရွက်ပေး မည့်အစီအမံများ၊ စက်သုံးဆီများ ဖြန့်ဖြူးရောင်းချပေးနေမှု၊ ဝန်ထမ်း  များ သက်သာချောင်ချိရေးအတွက်  ဆန်နှင့် စားသောက်ကုန်ပစ္စည်း များ ထောက်ပံ့ပေးနေမှုနှင့် ဆက်  လက်ထောက်ပံ့ပေးမည့် အစီအမံ များ၊ ဆက်သွယ်ရေးစနစ် ကောင်း မွန်ရေးအတွက် ဆောင်ရွက်ပေး နေမှုနှင့်ပတ်သက်၍      ရှင်းလင်း          ပြောကြားကြပြီး      တက္ကသိုလ်       ပါမောက္ခချုပ်က    ကျောင်းသား၊ ကျောင်းသူများ      ကျောင်းတက် ရောက်    ပညာသင်ကြားနေမှုနှင့် ကျောင်းတက်ရောက်ရန်      လာ ရောက်ကြမည့်     ကျောင်းသား ကျောင်းသူများနှင့်     ဆက်သွယ် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က ဆရာ ဆရာမများအတွက်  ထောက်ပံ့ငွေများကို       ပေးအပ် ချီးမြှင့်ပြီး တက္ကသိုလ်စာကြည့်တိုက် အတွင်း    လှည့်လည်ကြည့်ရှုသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်         အဖွဲ့သည်        အစိုးရ နည်းပညာ အထက်တန်းကျောင်း (စစ်တွေ) သို့သွားရောက်၍ ကျောင်း သား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို   တွေ့ဆုံ အားပေးစကား       ပြောကြားပြီး ကျောင်းစာကြည့်တိုက်၌ ကျောင်း သား   ကျောင်းသူများ    စာပေ လေ့လာဖတ်ရှုနေမှုကို လှည့်လည် ကြည့်ရှုကာ        အားပေးစကား ပြောကြားသည်။
ဆက်လက်၍      ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  နည်း ပညာတက္ကသိုလ်မှ      သင်တန်း ရေးရာဌာနမှူးနှင့် ဆရာ ဆရာမ များ၊ အစိုးရနည်းပညာ အထက် တန်းကျောင်း     (စစ်တွေ)      မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ များ၊ ဝန်ထမ်းများနှင့်      တွေ့ဆုံ အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်က ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေများ          ပေးအပ်ခဲ့ ကြောင်း သိရသည်။ 
တင်ထွန်း(ပြန်/ဆက်)