
နေပြည်တော် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ်၌ ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲတွင် ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ် သွားကားလမ်း၊ ယုန်တောင်ကျေးရွာအနီးတွင် ရွာငံမှ ဟံမြင့်မိုရ်ဘက်သို့ ဘိုဘိုဇော်မောင်းနှင်ပြီး ပိုင်ထက်အောင် လိုက်ပါလာသည့် FUSO ခြောက်ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်အတွင်းမှ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၃၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၁၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ ည ၈ နာရီတွင် ဘိန်းဖြူများသယ်ဆောင်ရာတွင် တာဝန်ခံ သယ်ဆောင်သူ ဝင်းနောင် (ခ) ဘိုဘို ကို AD VAN မော်တော် ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိသော ဘိန်းဖြူများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများ ကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။
သတင်းစဉ်