ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၄ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို ဖမ်းဆီးရမိ

နေပြည်တော်     ဇူလိုင်     ၁၀
ရှမ်းပြည်နယ်  (အရှေ့ပိုင်း)     ကျိုင်းတုံမြို့နယ်၌ ငွေကျပ် ၄ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၆၀၃ ကီလို   ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဇူလိုင် ၈ ရက်  ညနေ ၆  နာရီခွဲတွင်   ကျိုင်းတုံမြို့နယ် မိုင်းပျဉ်း - ကျိုင်းတုံသွားကားလမ်း၊  ကျိုင်းဖောင်းရွာ အနီးတွင်    မိုင်းပျဉ်းဘက်မှ   ကျိုင်းတုံဘက်သို့  စိုင်းလင်းဦး မောင်းနှင်လာသည့်  NISSAN ၁၂ ဘီးယာဉ် ကို သတင်းအရစစ်ဆေးရှာဖွေရာ   ယာဉ်ပေါ်တွင် ပြောင်းအိတ်များဖြင့်  ဖုံးအုပ်သယ်ဆောင်လာသော ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၈၂၄ ဘီလီယံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀၃ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း   စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိ  အိုက်စ်(မက်သ်အဖက်တမင်း)များကို မိုင်းပျဉ်းမြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း   သိရှိရသဖြင့်   ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး  ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို   ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။       

သတင်းစဉ်