
နေပြည်တော် ဇူလိုင် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့နယ်တွင် ငွေကျပ်သိန်း ၆၂၀၀ ကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန် ၂၇ ရက် ည ၁၀ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော် ခမ်းကျေးရွာ တံတားတွင် ပါကွေ့ ကျေးရွာမှ လွယ်တော်ခမ်းကျေးရွာ သို့ အားကျို့ မောင်းနှင်လာသည့် ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ သိမ်းဆည်းရမိပြီး စစ်ဆေး ဖော်ထုတ်ချက်အရ ည ၁၂ နာရီ တွင် တာချီလိတ်မြို့နယ် စန်းလု ကျေးရွာ ရော်ဘာခြံရှိ အားဆော် ၏ နေအိမ်ကိုရှာဖွေရာ အားဆော် မှာ တိမ်းရှောင်သွားပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၆ သိန်း၊ ဘိန်းဖြူ ၀ ဒသမ ၆၈ ကီလို၊ အိုက်စ် (မက်သ်အဖက် တမင်း) ၀ ဒသမ ၉ ကီလိုနှင့် ကတ်တမင်း ၀ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများ၍ စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၆၂၀၀ ကျော် တန်ဖိုးရှိကြောင်း၊ ၎င်းအား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်