ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် ကြည့်ရှုစစ်ဆေး

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၉
 
အစားထိုးဖွံ့ဖြိုးမှု အကောင်အထည် ဖော်ရေး စီမံခန့်ခွဲမှုဥက္ကဋ္ဌ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ရှမ်းပြည်နယ် (တောင်ပိုင်း)အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယနေ့တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
 
ကြည့်ရှုစစ်ဆေး
 
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့ သည် ပင်လောင်းမြို့နယ် နောင်တရား မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပင်လောင်းမြို့နယ်၏ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက် နေသည့် ဦးစီးဌာနများနှင့် တွေ့ဆုံ သည်။ ယင်းနောက် နောင်တရား မြို့နယ်အတွင်းရှိ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နောင်တရားမြို့ စိုက်ပျိုးရေး ရှေ့တန်း အခြေစိုက်စခန်းရှိ အစားထိုးကျေးရွာ များသို့ ဖြန့်ဝေမည့် ထောပတ်၊ ကော်ဖီ၊ လက်ဖက်ပျိုးပင်များကို ကြည့်ရှု စစ်ဆေးသည်။
 
ထို့နောက် ပေါ့အင်အုပ်စု လွယ်တက် အမက ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း၊ ဉာဏ်ပင် လမ်းခွဲ-ကျွဲဖြူကွင်း-လွယ်တက် (၂/၀)မိုင် ကျောက်ရောမြေလမ်းခင်းခြင်း လုပ်ငန်း၊ ဆောင်းပေါင်း အမက ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း လုပ်ငန်း၊ ထီရယ်ကျေးရွာ (၁/၄)မိုင် စိမ့်စမ်းရေသွယ်ယူခြင်း ရေတားတမံ (Chan Link Fancing)(88 ft)ရေသန့် စက်အိမ်နှင့် ရေသန့်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်း၊ ပေါ့အင် ကျေးရွာအုပ်စု ကျောက်တင်-ခြုံပုတ်-ဝါးပြုံးမြေလမ်း သုံးမိုင်ဖောက်လုပ်ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ဆောင် ခမောက်-စည်ပင်-ပင်ခင် (၄/၀) မိုင်ကျောက်ရောမြေလမ်းဖောက်လုပ်ခြင်း လုပ်ငန်းနှင့် နောင်မူလမ်းခွဲ-ကျောက် ဆင့်လမ်း(၂/၀)မိုင် ဖောက်လုပ်ခြင်း လုပ်ငန်းများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
 
အဆိုပါ လုပ်ငန်းများသည် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အထိ ပေါ့အင်၊ မွှေးပြင်၊ ပင်ခင်၊ လွယ်မောကျေးရွာ လေးအုပ်စု တွင် အစားထိုးဖွံ့ဖြိုးမှု အကောင် အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်သည့် သက်ဆိုင်ရာဦးစီးဌာနများ က ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လမ်း/တံတား၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
 
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ
 
ထို့နောက် လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးလာသည့်အတွက် ဒေသထွက် ကုန်စည်များ စီးဆင်းမှုမြန်ဆန်ခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ကြောင့် သန့်ရှင်းသော သောက်သုံးရေ ရရှိလာခြင်း၊ ကျောင်းဆောင်များ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံ ကျောင်းသား ကျောင်းသူများအတွက် အဆင်ပြေချောမွေ့ခြင်း၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကြောင့် သေဆုံးမှု များ နည်းပါးလာခြင်း၊ လျှပ်စစ်မီး သွယ်တန်းပေးခြင်းကြောင့် လူနေမှု အဆင့်အတန်းနှင့် အသေးစား စီးပွားရေး လုပ်ငန်းများအတွက် အဆင်ပြေ ချောမွေ့မည်ဖြစ်ကြောင်း သိရသည်။
 
 
သတင်းစဉ်