ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်၌ အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR) မှ ချေးငွေကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် အမျိုးသားခြောက်ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ယူဆောင်

 

နေပြည်တော်  ဇန်နဝါရီ   ၁၂


ရှမ်းပြည်နယ်(တောင်ပိုင်း)  ရွာငံမြို့နယ်၌ အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR) မှ ချေးငွေကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက် နေစဉ် အမျိုးသားခြောက်ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

 


သေနတ်ပြ ခြိမ်းခြောက်လုယက်


ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နွားဘန်း ကြီးကျေးရွာနေ မအိအိမွန် ၃၂ နှစ် (ဘ)ဦးမြသောင်း၏ နေအိမ်တွင် အသေးစားချေးငွေလုပ်ငန်း(PACT MYANMAR)မှ ကွင်းဆင်းတာဝန်ခံ ဖြစ်သည့် ရွာမရပ်ကွက်နေ ထက်အောင်  ၃၂ နှစ် (ဘ)  ဦးစံဌေးနှင့် တစ်ရပ်ကွက်တည်းနေ မတင်မျိုးဦး ၃၉ နှစ်  (ဘ) ဦးမောင်စံတို့သည် ချေးငွေကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ်   တူမီးသေနတ် များကိုယ်စီကိုင်ဆောင်ထားသော  အမျိုးသားခြောက်ဦးက ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး  ချေးငွေကျပ်သိန်း ၄၀ နှင့်  မတင်မျိုးဦး ကိုင်ဆောင်သည့်   ဖုန်းနှစ်လုံး၊    နိုင်ငံသားစိစစ်ရေးကတ်တစ်ခု၊ ယာဉ်မောင်းလိုင်စင် တစ်ခု၊ ကျောပိုးအိတ် နှစ်လုံးတို့ကို  သေနတ်ပြ ခြိမ်းခြောက်၍   လုယက်ယူဆောင်ကာ       နွားဘန်းကြီးကျေးရွာ၏ မြောက်ဘက်သို့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရ သည်။

 


ထိုကဲ့သို့  သေနတ်ပြခြိမ်းခြောက်၍     ငွေများ   လုယက်မှုကျူးလွန် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ် ပိတ်ဆို့ရှာဖွေ မှုများ    ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။


သတင်းစဉ်