ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် အား ရုရှားနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

တောင်ကြီး  ဇွန်  ၁၉


ရှမ်းပြည်နယ်      ဝန်ကြီးချုပ် ဦးအောင်အောင်သည်        ဇွန် ၁၉      ရက်က     တောင်ကြီးမြို့  ရှမ်းပြည်နယ်    အစိုးရရုံးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ    ရုရှားနိုင်ငံ သံအမတ်ကြီး  H.E.Mr.Iskander Azizov  နှင့်   အလုပ်သဘော တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ နိုင်ငံဆိုင်ရာ     ရုရှားသံအမတ် ကြီးက      ပင်းပက်စက်ရုံကို   သွားရောက်လေ့လာခဲ့ပြီး  စက်ရုံ လည်ပတ်နိုင်ရန်  တွန်းအားပေး ခဲ့ပါကြောင်း၊ စဝ်စံထွန်းဆေးရုံကို လည်း  လေ့လာမည်ဖြစ်ကြောင်း၊   ရှမ်းပြည်နယ်သည်     သဘာဝရှုခင်း များနှင့်  လှပကြောင်း၊    ပြည်နယ် သည်   လူမျိုးပေါင်းစုံ၊   ဘာသာ ပေါင်းစုံ    နေထိုင်သည့်အတွက် ရုရှားနိုင်ငံနှင့်      တူပါကြောင်း၊   ရုရှားနိုင်ငံနှင့်      မြန်မာနိုင်ငံ ချစ်ကြည်ရေး    ပိုမိုကောင်းမွန် အောင်   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း  ဆွေးနွေးသည်။
ဆက်လက်၍     ပြည်နယ် ဝန်ကြီးချုပ်က ရုရှားနိုင်ငံနှင့် မြန်မာ နိုင်ငံသည်   ရှေ့ဆက်ပြီး   နိုင်ငံ အချင်းချင်း ဘက်ပေါင်းစုံတိုးတက်    အောင်မြင်အောင်     ဆောင်ရွက် သွားနိုင်မည်ဟု      ယုံကြည်ပါ ကြောင်း၊     အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့်အပြင် ပြည်သူအချင်းချင်း     ခရီးသွား လုပ်ငန်းများ  ဆောင်ရွက်လျက် ရှိပါကြောင်း၊    ပင်းပက်စက်ရုံကို အမြန်ဆုံး    လည်ပတ်နိုင်အောင် ဆောင်ရွက်      ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊   ရုရှား နိုင်ငံမှ   စဝ်စံထွန်းဆေးရုံအပြင် တောင်ကြီးမြို့ရှိ    ပြည်သူများ အတွက်  သောက်ရေ၊   သုံးရေ၊ ရေကန်များကိုလည်း     တည် ဆောက်ပေးခဲ့၍    လက်ရှိအချိန် အထိ   မြို့ပေါ်နေပြည်သူများက သောက်ရေ၊  သုံးရေကို   အသုံးပြု နေပါကြောင်း၊    ယင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေး သည်။    ထို့နောက်   နှစ်နိုင်ငံ အပြန်အလှန်      အမှတ်တရ လက်ဆောင်ပေးအပ်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)