ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် ဆွမ်းဆက်ကပ်လှူဒါန်း

 

 

 

နေပြည်တော် ဩဂုတ် ၂၈

 

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဒုတိယအကြိမ် ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ်တွင် ကျင်းပသည်။

ဆွမ်းဆက်ကပ်ပွဲတွင် ပရိသတ် များက ငါးပါးသီလ ခံယူဆောက်တည် ကြပြီး ဆရာတော်များထံမှ ပရိတ် တရားတော်များ နာယူကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့်ဇနီး ဒေါ်စန္ဒာလွင် က လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ဆွမ်း ဆက်ကပ်ပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက် ကြပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

သတင်းစဉ်