
နေပြည်တော် မတ် ၂၀
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် မတ် ၁၉ ရက် နံနက် ၁၁ နာရီတွင် ရန်ကင်း မြို့နယ် အမှတ်(၂)ရပ်ကွက် ဆရာစံလမ်း ရန်ကင်းစင်တာရှေ့ ကားပါကင်တွင် အောင်နိုင်သူ ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၀၀၀၀ သိမ်းဆည်းရမိ ခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၂နာရီ ခွဲတွင်၎င်းနေထိုင်သည့် မြောက် ဥက္ကလာပမြို့နယ် ရွှေပေါက္ကံ မြို့သစ် အမှတ်(၁၄)ရပ်ကွက် ခွဲ တကောင်း (၁) လမ်း အမှတ် (၈၀၁)ရှိ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ၊ အိုက်စ် သုည ဒသမ ၀၃၅ ကီလို ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရွှေပြည်သာ မြို့နယ် အမှတ်(၂၀) ရပ်ကွက် ပေါ်တော်မူလမ်း အမှတ် (၅၆၀-A)ရှိ တင်ကိုကျော်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မဝေဝေထွန်းကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇၇၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက် အရ မွန်းလွဲ ၃ နာရီတွင် ရွှေပြည် သာမြို့နယ် အမှတ်(၁၉) ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် ကျော်မြင့်ကို Toyota Belta အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
မတ် ၁၉ ရက် ညနေ ၆နာရီ တွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု ဝှေလေလန် ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေး ဂိတ်အနီးတွင် စိုင်းဆိုက်(ခ)အိုက် ဆမ် မောင်းနှင်လာသည့် Revo အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ် သိန်း ၂၀၄၀ တန်ဖိုးရှိ ကက်တမင်း ၂၄ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာ ဥပဒေအရအရေးယူထား ကြောင်း သိရသည်။ ရဲပြန်ကြား