
ရန်ကုန် နိုဝင်ဘာ ၁၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ရန်ကုန်-ကိုကိုးကျွန်း တတိယအခေါက်ခရီးစဉ်ကို သူရိယ စန္ဒာဝင်းကုမ္ပဏီပိုင် MV.CHARITES ရေယာဉ်ဖြင့် ယမန်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်က ရန်ကုန်မြို့ ဆူးလေ ဆိပ်ကမ်းအမှတ် (၃) ဆိပ်ခံတံတားမှ ထွက်ခွာသည်။
ခရီးစဉ်တွင် လိုက်ပါမည့်သူများ သည် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် အညီ Coronavirus Disease 2019 (COVID-19)နှင့် စပ်လျဉ်း၍ ၁၄ ရက် သွားလာမှုကန့်သတ်ခံယူခဲ့ပြီးသင်္ဘော ပေါ်၌ ရေယာဉ်ဝန်ထမ်း အပါအဝင် ခရီးသည် စုစုပေါင်း ၄၀၊ ဒေသခံပြည်သူ များ၏ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်မီးနှင့် ပတ်သက်သည့် အထောက်အပံ့ ပစ္စည်းများ စုစုပေါင်း တန်ချိန် ၁၅၂ တန်ခန့် တင်ဆောင် သွားကြောင်း သိရသည်။
အဆိုပါ ရေယာဉ်ထွက်ခွာရာသို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်နှင့် အစိုးရ အဖွဲ့ဝင်များ၊ မြန်မာ့ဆိပ်ကမ်းအာဏာ ပိုင်မှ တာဝန်ရှိသူများနှင့် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သိရသည်။
သတင်းစဉ်