
ဘီးလင်း မေ ၂၉
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်းရှိ ကျုံအိတ်တံတားနှင့် မစောတံတားတို့ကို ယခုမေလ အတွင်း မိုင်းခွဲဖျက်ဆီးခြင်း ခံရ သောကြောင့် ပြန်လည်ပြုပြင်၍ တစ်ဖက်ပိတ်၊ တစ်ဖက်ဖွင့်စနစ် ဖြင့် ဖြတ်သန်းခွင့်ပြုပေးနေသော် လည်း သထုံမြို့နယ် သုဝဏ္ဏဝတီ မြို့နှင့် ဘီးလင်းမြို့အကြား အဝေးပြေးကားလမ်းမပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ် နေသောကြောင့် ခရီးသွားလာမှု နှင့် ကုန်စည်စီးဆင်းမှုများ နှောင့် နှေးနေကြောင်း သိရသည်။
မေ ၂၉ ရက် နံနက်ပိုင်းက ကျုံအိတ်တံတားတွင် ယာယီ သံပေါင်တံတား ပြုလုပ်ပြီးစီးသွား ၍ ယင်းတံတားအောက်ခြေတွင် မြေဖို့ပြီး ယာဉ်သွားလမ်းကြောင်း ပြုလုပ်ပေးကာ ယာဉ်များ ဖြတ် သန်းခွင့်ပေးနေကြောင်း၊ တစ်ဖက် ပိတ်၊ တစ်ဖက်ဖွင့်စနစ်ဖြင့် ယာဉ် များကို ဖြတ်သန်းခွင့်ပြုကြောင်း၊ ယခုအချိန်သည် မိုးရာသီအချိန် ရောက်လာ၍ တံတားအောက်ခြေ မြေသားလမ်းကို အားထား၍ မရနိုင်ကြောင်း၊ တံတားနှစ်စင်း လုံးကို ယာယီသံပေါင်တံတား အမြန်ထိုး၍ ယာဉ်များ သွားလာ နိုင်အောင် ဆောင်ရွက်နေကြောင်း ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယာဉ်ကြောများ ပိတ်ဆို့ရ သည့်အကြောင်းရင်းမှာ ခရီးသွား မော်တော်ယာဉ်များ၊ ကုန်တင် ယာဉ်များက သွားလိုသည့် ခရီး ကို အမြန်ရောက်လိုစိတ်ဖြင့် ကျော် တက်မောင်းနှင်ရာမှ အသွားအပြန် ယာဉ်ကြော ပိတ်ဆို့ရခြင်းဖြစ် ကြောင်း၊ စနစ်တကျ မောင်းနှင် စေလိုကြောင်း အဆိုပါနေရာ၌ လမ်းလုံခြုံရေး ဆောင်ရွက်နေ သည့် တပ်မတော်အရာရှိတစ်ဦး က ဆိုသည်။
မစောတံတားတွင် ယာယီ သံပေါင်တံတားကို အမြန်ပြုလုပ် နေပြီး ယာဉ်ငယ်များက မပျက်စီး သေးသည့် တံတားပေါ်မှ ဖြတ် သန်း သွားလာ၍ ယာဉ်ကြီး များက တံတားအောက်ခြေလမ်း ပေါ်မှ တစ်လမ်းပိတ်၊ တစ်လမ်း ဖွင့်စနစ်ဖြင့် ဖြတ်သန်းသွားလာ နေကြသည်ကို တွေ့မြင်ရသည်။ ယာဉ်ကြောများ မကျပ်တည်း စေရန်အတွက် သုဝဏ္ဏဝတီမြို့နှင့် ဘီးလင်းမြို့တို့တွင် ခရီးသည်ယာဉ် များ၊ ကုန်တင်ယာဉ်များကို အချိန် နှင့်ဖွင့်၊ အချိန်နှင့်ပိတ်၊ အချိန်နှင့် တစ်ပြေးညီ သက်ဆိုင်ရာတာဝန် ရှိသူများက ဆောင်ရွက်နေ ကြောင်း သိရသည်။ ခွန်(ဝင်းပ)