ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမပေါ် ကရင်လေးဆိပ်ကျေးရွာအနီးရှိ တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်   ဇူလိုင်   ၁၇


အကြမ်းဖက်    အဖွဲ့အစည်းများ ဖြစ်သည့်   NUG ၊  CRPH  တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများနှင့်   အကြမ်းဖက် မှုကို လိုလားသော တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့     အချို့သည် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြား စေရန်ရည်ရွယ်ချက်ဖြင့်     ရုံးဌာန အဆောက်အဦများ၊      စာသင် ကျောင်းများ၊        အများပြည်သူ သွားလာနေထိုင်   အသုံးပြုလျက် ရှိသော နေအိမ်များ၊ လမ်း၊ တံတားများ အား    မီးရှို့ဖျက်ဆီးခြင်း၊   မိုင်းထောင် ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း Drop Bomb များ ကြဲချတိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို   နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်ခဲ့ကြသည်။
ယခုတွင်လည်း     KNLA   အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့်    PDF အမည်ခံ   အကြမ်းဖက်သမားများသည် ယနေ့နံနက်ပိုင်းတွင် ခရီးသွားပြည်သူများ နှင့် ဒေသခံပြည်သူများ အားထားအသုံးပြု လျက်ရှိသည့် မွန်ပြည်နယ် သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာ    မြောက်ဘက် မီတာ  ၁၀၀  ခန့်အကွာရှိ   ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီး ပေါ် မိုင်တိုင်အမှတ်၊ ၁၃၆/၂ နှင့် ၁၃၆/၃ ကြားတွင်ရှိသည့်        အရှည် ၁၀  ပေ၊ အကျယ်  ပေ ၄၀၊  ခံနိုင်ဝန်  တန်  ၆၀  ရှိ သံကူကွန်ကရစ်အမျိုးအစား    တံတား အမှတ် (၁/၁၃၇) ကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် တံတား၏ မြောက်ဘက် ကမ်းကပ်ခုံမှာ  ၁၀၀ ရာခိုင်နှုန်း    ပြိုကျ ပျက်စီးခဲ့သည်။
အကြမ်းဖက်သမားများ  အနေဖြင့် ခရီးသွားပြည်သူများ သွားလာမှု ခက်ခဲစေ ရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့ လာစေရန်၊ ကုန်စည်စီးဆင်းမှုကို ထိခိုက် ဆုံးရှုံးမှုဖြစ်စေပြီး ဒေသအတွင်း တည်ငြိမ်မှု ပျက်ပြားစေရန်ရည်ရွယ်၍    စစ်ရေးနှင့် မသက်ဆိုင်သော အများပြည်သူအသုံးပြု လျက်ရှိသည့်     လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် လူနှင့် မော်တော် ယာဉ်များ ဖြတ်သန်းသွားလာမှု အဆင် ပြေစေရန်အတွက်  သက်ဆိုင်ရာ လမ်း/တံတားဦးစီးဌာနမှ   တာဝန်ရှိသူများက ယာယီတံတားကို  အမြန်ဆုံးဆောင်ရွက် ပေးခဲ့ရာ  မော်တော်ယာဉ်များ  ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်းနှင့်  ပျက်စီး သွားသည့်တံတားအား အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်