ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ် ညောင်ပင်သာနှင့်ဖြူးဘူတာကြား မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးကင်းလှည့် သံလမ်းပြေးယာဉ် (RGC- 89) လမ်းချော်ကျမှုဖြစ်ပွားပြီး လူစီးရထားနှင့် ကုန်ရထားများကြန့်ကြာမှုဖြစ်

 

နေပြည်တော်   ဩဂုတ်   ၁၅


ရန်ကုန် - မန္တလေးရထားလမ်းပိုင်းအတွင်း ဖြူးမြို့နယ် ညောင်ပင်သာဘူတာမှ လုံခြုံရေးကင်းလှည့်ထွက်ခွာလာသည့် သံလမ်း ပြေးယာဉ် (RGC-89)  သည်  ယနေ့နံနက်  ၁  နာရီ ၁၅ မိနစ်ခန့်တွင်  ညောင်ပင်သာနှင့် ဖြူးဘူတာအကြား  အဆန်လမ်း မိုင်တိုင်အမှတ် (၁၃၂) ကြေးနန်းတိုင်အမှတ် ၅ နှင့် ၆ အကြား၌ ဖြတ်သန်းစဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က Remote မိုင်းဖြင့် ဖောက်ခွဲခဲ့သဖြင့် သံလမ်းပြေးယာဉ် (RGC-89)  လမ်းချော်ကျမှုဖြစ်ပွားခဲ့ရခြင်းကြောင့် (အပေါ်ပုံ) လူစီးရထားနှင့် ကုန်ရထားများ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့သည်။    


မိုင်းပေါက်ကွဲမှု      ဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသ တာဝန်ရှိသူများ၊  နယ်မြေခံ လုံခြုံ ရေးတပ်ဖွဲ့ဝင်တို့က     အချိန်နှင့် တစ်ပြေးညီရောက်ရှိပြီး   နယ်မြေ ရှင်းလင်းစစ်ဆေးခြင်း၊     မြန်မာ့ မီးရထား   ဝန်ထမ်းများကလည်း လမ်းချော်ကျသော  သံလမ်းပြေး ယာဉ်အား မတင်၍  လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ရထားလမ်း  ပြန်လည် ပြုပြင်ခြင်းတို့ကို    ဆောင်ရွက်ခဲ့ သည်။
မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဆန်ရထားလမ်း၏ အရှေ့ဘက် သံလမ်းနှင့်  ရထားလမ်း  အဆင့် မြှင့်တင်ရေး  စီမံကိန်းဆောင်ရွက် နေသော ရထားပြေးဆွဲမှုမရှိသေး သည့်      အစုန်ရထားလမ်း၏ အနောက်ဘက်     သံလမ်းများ သုံးပေခန့်စီ ပြတ်ထွက်၊ ကွန်ကရစ် ဇလီဖားတုံး ၁၅ တုံးနှင့်  သံလမ်း ပြေးယာဉ်၏ ဘာဖာရှပ်တန်းကျိုး သည့်     ထိခိုက်ပျက်စီးမှုများ   ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ     မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ကြောင့်     ရန်ကုန်မြို့မှ ထွက်ခွာလာသည့်    အမှတ် (၁)အဆန်  ရန်ကုန် - မန္တလေး စာပို့ ရထားသည်  နံနက် ၈ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊ အမှတ် (၁၁) အဆန်  ရန်ကုန် - မန္တလေး လူစီးအမြန်ရထားသည်    နံနက် ၉ နာရီ ၄၃ မိနစ်တွင်လည်းကောင်း ညောင်လေးပင်ဘူတာသို့ အသီးသီး ရောက်ရှိ     ရပ်တန့်စောင့်ဆိုင်းခဲ့ရ ပြီး၊   အမှတ်(၁၁)   အဆန် လူစီး အမြန်ရထားသည်   နံနက် ၁၁ နာရီ ၄၅  မိနစ်နှင့်    အမှတ်(၁)အဆန်  စာပို့ရထားသည် မွန်းလွဲ ၁၂ နာရီ ၇ မိနစ်တွင် ညောင်လေးပင် ဘူတာမှ      အသီးသီးပြန်လည် ထွက်ခွာနိုင်ခဲ့သဖြင့် အမှတ်(၁၁)အဆန် အမြန်ရထားသည်  ၂ နာရီ ၂ မိနစ်နှင့် အမှတ်(၁)အဆန်စာပို့ ရထားသည်   ၃ နာရီ  ၃၂   မိနစ် အသီးသီး     ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ ရသည်။
ပုံမှန်အတိုင်း
ပြန်လည်ပြေးဆွဲလျက်ရှိ
ထို့အတူ   ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းအတွင်းပြေးဆွဲနေသည့်   အမှတ် (၉၀၃)  အဆန် ကုန်ရထားသည်     ပြွန်တန်ဆာ ဘူတာ၌ နံနက် ၇ နာရီ ၅ မိနစ် မှစ၍       စောင့်ဆိုင်းခဲ့ရသည်။  လမ်းပိုင်း    ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများအား  ယနေ့မွန်းလွဲ ၁ နာရီခွဲ၌   ဆောင်ရွက်ပြီးစီး၍ ဖြူး - ညောင်လေးပင်     ရထား လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ခဲ့ ပြီးနောက် ရထားများပုံမှန်အတိုင်း ပြန်လည်  ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့်  ၂၀၂၁  ခုနှစ် ဖေဖော်ဝါရီလမှစ၍    ယခုအချိန် အထိ      မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင်    ရထား လမ်းနှင့်     ရထားဘူတာနယ်မြေ အတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီး ခြင်း  (၇၉) ကြိမ်၊   ရထားတံတား/သံလမ်းများအား  မိုင်းခွဲဖျက်ဆီး ခြင်း (၁၇၁) ကြိမ်၊ ဘူတာအဆောက် အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း    (၁၆) ကြိမ် ကျူးလွန်ခဲ့ကြသည်။
အလေးထားဆောင်ရွက်ပေး
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်    နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့်     တွဲများ၊ ရထားလမ်းနှင့်    တံတားများ၊ ခရီးသည်များနှင့်    ကုန်စည်များ ထိခိုက်ပျက်စီး       ဆုံးရှုံးစေရေး၊ ရထားစီးခရီးသွား   ပြည်သူများ အနေဖြင့်  ရထားဖြင့် ခရီးသွားလာ ရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ် ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ    သွားလာနိုင်မှု မရှိစေရေးနှင့်  ရန်ကုန် - မန္တလေး ရထားလမ်း   အဆင့်မြှင့်တင်ရေး စီမံကိန်း   နှောင့်နှေးကြန့်ကြာစေ ရန်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အကြိမ်ကြိမ် ကျူးလွန်ဖျက်ဆီးနေ ကြခြင်းဖြစ်သော်လည်း နိုင်ငံတော် အစိုးရအနေဖြင့်    အများပြည်သူ ခရီးသွားလာမှုနှင့်      ကုန်စည် ပို့ဆောင်မှု    အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် ရထား လမ်းနှင့် အခြေခံအဆောက်အဦ များ  ပိုမိုတိုးတက်ကောင်းမွန်လာ စေရေး၊  ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေး      စီမံကိန်း လုပ်ငန်းများကို      ရည်မှန်းချက် ထား  ရှိ၍ အစဉ်တစိုက်အလေးထား စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။     

သတင်းစဉ်