ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သုံးဦးသေဆုံး၊ ကိုးဦး ဒဏ်ရာရရှိ

 

နေပြည်တော်  ဒီဇင်ဘာ   ၂၆


ပဲခူးတိုင်းဒေသကြီး   ရေတာရှည် မြို့နယ် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၈ မိုင်  ၄  ဖာလုံအနီးတွင်   ယာဉ် တိမ်းမှောက်မှုဖြစ်ပွား၍    အမျိုး သား နှစ်ဦး၊   အမျိုးသမီးတစ်ဦး သေဆုံးပြီး   ကိုးဦး  ဒဏ်ရာရရှိခဲ့ သည်။

 

ဒီဇင်ဘာ ၂၅   ရက်   မွန်းလွဲ ၂ နာရီ မိနစ်  ၅၀ တွင် ရေတာရှည် မြို့နယ် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး မိုင်တိုင်အမှတ် ၁၇၈ မိုင် ၄ ဖာလုံအနီးတွင် ယာဉ်တိမ်း မှောက်မှု ဖြစ်ပွားကြောင်း သတင်း အရ     သာဂရအမြန်လမ်းမကြီး ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ရန်ကုန်မြို့ဘက်မှ နေပြည်တော်ဘက်သို့ မြဝတီမြို့ အမှတ် (၅)ရပ်ကွက်နေ ဦးအောင် ဇော်ဝင်း (၄၆နှစ်) မောင်းနှင်ပြီး ခရီးသည် ၁၂ ဦး လိုက်ပါလာသည့် YGN 4D/xxxx Mitsubishi Pajero ယာဉ်သည်    အခင်းဖြစ်နေရာ အရောက်     အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သောကြောင့် ယာဉ် မောင်းဖြစ်သူ  အောင်ဇော်ဝင်း၊ ယာဉ်ပေါ်ပါ    ခရီးသည်များဖြစ် သည့်  မြဝတီမြို့   အမှတ်(၅)ရပ်ကွက်နေ ဒေါ်လင်းလင်းထွန်း (၃၈နှစ်)နှင့် မောင်ခွန်စံဖြိုးဟိန်း (၃)နှစ်တို့တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး မြဝတီမြို့ အမှတ်(၅)ရပ်ကွက်နေသူများ    ဖြစ်သည့် ဦးကိုကိုနိုင် (၄၇နှစ်)၊ ဦးကျော်မျိုး သူ (၂၈နှစ်)၊ မောင်ခွန်အံ့သူဖြိုး (၉)နှစ်၊ မောင်သုတထက် (၁)နှစ်၊ ဒေါ်မင်းမင်းစိုး (၃၃နှစ်)၊ ဒေါ်ချိုချို လွင် (၅၃နှစ်)၊ မပိုပို (၁၆နှစ်)၊ မခင် ဘရဏီနိုင် (၉)နှစ်၊ မဂူးဂူး (၈)နှစ် တို့တွင် ဒဏ်ရာများ အသီးသီး ရရှိ ခဲ့သောကြောင့် ယာဉ်မောင်းဖြစ်သူ အောင်ဇော်ဝင်း(သေဆုံး)   အား သာဂရရဲကင်းစခန်းက    အမှုဖွင့် အရေးယူထားကြောင်း    သတင်း ရရှိသည်။


ရဲပြန်ကြား