ရန်ကုန်- မန္တလေးအမြန်လမ်းနှင့် ရန်ကုန်- ငရုတ်ကောင်း အမြန်လမ်းတို့တွင် ဖြစ်နိုင်ခြေစိစစ်ခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ နောက်ဆုံးအခြေအနေတင်ပြသည့် အစည်းအဝေးကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂၁


မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ် မှုနှင့် ပို့ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့အကြား ပူးပေါင်း ဆောင်ရွက်သည့် Feasibility Study on the Central Backbone Express-way in Myanmar (Yangon– Man-dalay Expressway and Yangon- Ngayokekaung Expressway) ၏ Final Report Meeting ကို ယနေ့ နံနက် ၉ နာရီခွဲတွင် လမ်းဦးစီးဌာန အစည်းအဝေးခန်းမဆောင်မှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မိမိတို့အနေဖြင့် ကိုရီးယားနိုင်ငံ၏ အခြေခံအဆောက် အအုံရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပိုမိုရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် လိုပါကြောင်း၊ ယခုအခါ ရန်ကုန်မြို့ရှိ ကိုရီးယား- မြန်မာ ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်း၊ ကိုရီးယား- မြန်မာစက်မှုမြို့တော်စီမံကိန်း (Korea Myanmar Industrial Complex) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုအစည်းအဝေးတွင် ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ရန်ကုန် - ငရုတ်ကောင်းအမြန်လမ်း တို့တွင် Feasibility Study နှင့် ပတ်သက်၍ အနှစ်ချုပ်ဆွေးနွေးသွား မည်ဖြစ်ပါကြောင်း၊ ရန်ကုန် - မန္တလေး အမြန်လမ်းသည် လက်ရှိအသုံးပြုနေ သော အမြန်လမ်းဖြစ်ပြီး မြန်မာနိုင်ငံ ၏ အဓိက မြို့ကြီးသုံးမြို့ဖြစ်သည့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေး မြို့များကို ဆက်သွယ်ထားပြီး တောင်-မြောက် စီးပွားရေးစင်္ကြံ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါ ကြောင်း။
ရန်ကုန်- ငရုတ်ကောင်း အမြန် လမ်းသည် အသစ်ဖောက်လုပ်မည့် အမြန်လမ်းဖြစ်ပြီး ရန်ကုန်နှင့် ဧရာ ဝတီကမ်းရိုးတန်းဒေသကို ဆက်သွယ် ထားပါကြောင်း၊ မြန်မာနိုင်ငံ၏ Arterial Road Network Develop-ment ၏ Master Plan တွင် ပါဝင် သကဲ့သို့ အရှေ့အနောက် စီးပွားရေး စင်္ကြံ ၏ အလားအလာကောင်းသော၊ အရေးပါသော လမ်းပိုင်းလည်း ဖြစ်ပါ ကြောင်း၊ အဆိုပါ လမ်းစီမံကိန်းနှစ်ခု စလုံးသည် မြန်မာနိုင်ငံ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရန် အရေးပါ သော ကဏ္ဍမှပါဝင်ပါ၍ အရေးကြီး အကြောင်းအရာများအား ပွင့်လင်းစွာ ဆွေးနွေးရန်နှင့် အကြံဉာဏ်ကောင်း များပံ့ပိုးကူညီပေးနိုင်ပါရန် တက်ရောက် သူများအားလုံးကို ဖိတ်ခေါ်အပ်ပါ ကြောင်း။
စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် Feasibility Study လေ့လာတွေ့ရှိချက်များသည် အဓိက အကူအညီကောင်းများဖြစ်ပြီး သက် ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း။
စီမံကိန်းလုပ်ငန်းများ ရည်မှန်း ထားသည့်အတိုင်း အကောင်အထည် ဖော်နိုင်ရန်အဖွဲ့အစည်းများ၊ သက်ဆိုင် ရာဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင် များ၊ KOICA အဖွဲ့နှင့်အတူ စီမံကိန်း နှင့်ဆက်စပ်ကိစ္စရပ်များကို ဆွေးနွေး ပေးကြရန်နှင့် အဓိကပြဿနာရပ် များအား ဝိုင်းဝန်းဖြေရှင်းနိုင်ပါစေ ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး မစ္စတာ လီဆောင်ဟွာက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။
ယင်းနောက် KOICA Myanmar Office မှ Chief Representative, Ms. Lee Youn Soo က ဆောက်လုပ် ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် Feasi-bility Study on the Central Back-bone Expressway of Myanmar Final Report Meeting နှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကိုရီးယားပညာရှင် Mr. Tong hyun Kim က Final Report for Yangon- Mandalay Expressway နှင့်ပတ်သက်၍ အသေး စိတ် ရှင်းလင်းတင်ပြပြီး တင်ပြချက် များအပေါ် အစည်းအဝေးသို့ တက် ရောက်သူများက သိလိုသည်များ အကြံပြုဆွေးနွေး မေးမြန်းရာ ပြန်လည် ဖြေကြားသည်။
ဆက်လက်၍ ကိုရီးယားပညာရှင် Mr. Seong yil Bae က Final Report for Yangon-Ngayokekaung Ex-pressway နှင့်ပတ်သက်၍ အဓိက အကြောင်းအရာပါ အချက်အလက် များ ကို အသေးစိတ်ရှင်းလင်းဆွေးနွေး ပြီး ဆွေးနွေးချက်များအပေါ် အစည်း အဝေးသို့ တက်ရောက်လာသူများက သိရှိလိုသည်များ အကြံပြုဆွေးနွေး မေးမြန်းရာ ပြန်လည်ဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
KOICA ၏ နည်းပညာအကူအညီ ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ အဓိကကျောရိုး လမ်းမကြီးနှစ်ခု ဖြစ်သည့် ရန်ကုန် - မန္တလေး အမြန် လမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း နှင့် ရန်ကုန် - ငရုတ်ကောင်း အမြန်လမ်း အသစ်ဖောက်လုပ်နိုင်ရေး ပဏာမဖြစ် တန်စွမ်း လေ့လာခြင်းကို ၂၀၁၈ ခုနှစ် တွင် စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ လမ်းနှစ်လမ်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော လမ်းကွန်ရက်တွင်ပါဝင်ကာ ရန်ကုန်- မန္တလေးအမြန်လမ်းသည် တောင်-မြောက် စီးပွားရေးစင်္ကြံလမ်းမကြီး ဖြစ်ပြီး၊ ရန်ကုန် -ငရုတ်ကောင်းလမ်း သည် အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းမကြီး၏ ဆက်လက်တိုးချဲ့ မည့်လမ်းပိုင်းတွင် ပါဝင်သည်။ အဓိက ကျသော အမြန်လမ်းများကို အကောင် အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံ ၏လိုအပ်သော အခြေခံအဆောက်အအုံ များအတွက်သာမက ပြည်နယ်နှင့် တိုင်းဒေသကြီးများ အတွင်းမှာလည်း ဟန်ချက်ညီညီဖြင့် ဖွံ့ဖြိုးတိုးတက်မှု တွင် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်