ရန်ကုန်စတော့အိတ်ချိန်း၏ ဒုတိယဈေးကွက် (Pre – Listing Board – PLB) တွင် ပထမဆုံးမှတ်ပုံတင်စာရင်းဝင်ကုမ္ပဏီဝင်ရောက်ခြင်း အခမ်းအနားကျင်းပ

 

ရန်ကုန်   ဩဂုတ်   ၁၄
အများပိုင်  ကုမ္ပဏီများအနေဖြင့် အရင်းအနှီးဈေးကွက်မှတစ်ဆင့် အရင်းအနှီးရယူ စုစည်းနိုင်စေရန် ရည်ရွယ်၍      ရန်ကုန်စတော့ အိတ်ချိန်းတွင် မူလရှိပြီး စာရင်းဝင် ဈေးကွက်အပြင်     နိုင်ငံတကာ စတော့အိတ်ချိန်းများကဲ့သို့ ဒုတိယ ဈေးကွက်အဖြစ်  စာရင်းဝင်အကြို ဈေးကွက် (Pre - listing Board-PLB) ကို တည်ထောင်ထားရှိသည်။
ယခုအခါ      ရန်ကုန်စတော့ အိတ်ချိန်း၏  ဒုတိယဈေးကွက် (Pre– Listing Board – PLB) တွင် ပထမဆုံး မှတ်ပုံတင်စာရင်းဝင် ကုမ္ပဏီအဖြစ်   မြန်မာ့လယ်ယာ ထွက်ကုန်နှင့်  အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်    ကုမ္ပဏီ လီမိတက် (Myanma   Agricultural    and General Development  Public Co.,  Ltd –  MAGDPL)    သည် သတ်မှတ်အရည်အချင်းများ ပြည့်မီမှုကြောင့်         ဝင်ရောက်လာ ပြီဖြစ်သည်။
အဆိုပါကုမ္ပဏီရန်ကုန်စတော့ အိတ်ချိန်း၏      ဒုတိယဈေးကွက် (PLB)  တွင် မှတ်ပုံတင်စာရင်းဝင် သည့်အခမ်းအနားကို    ယနေ့ နံနက်­­­­­­­  ၉ နာရီတွင်  ရန်ကုန်မြို့ အမှတ်၊  ၂၄-၂၆၊  ဆူးလေဘုရား လမ်းရှိ ရန်ကုန်စတော့အိတ်ချိန်း ခန်းမ၌   ကျင်းပရာ   စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီးနှင့်    ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း   ကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ     ဦးမင်းထွဋ်က ရန်ကုန်       စတော့အိတ်ချိန်းတွင် စာရင်းဝင်လိုသော်လည်း     Main Board   အတွက်  သတ်မှတ်ထား သည့် စာရင်းဝင်စံသတ်မှတ်ချက် များ မပြည့်မီသေးသဖြင့် ဝင်ခွင့် မရသေးသော    အများပိုင်ကုမ္ပဏီ များအတွက်     ရန်ကုန်စတော့ အိတ်ချိန်း၏    ဒုတိယဈေးကွက် Second Board အဖြစ် တည်ထောင် ထားသော     အကြိုစာရင်းဝင် ဈေးကွက်  (Pre- listing Board-PLB) တွင် ဝင်ရောက်နိုင်ကြောင်း၊ PLB တွင်  အတွေ့အကြုံများရယူ ပြီးမှ    မူလဈေးကွက်    (Main Board)  ကို  ဝင်ရောက်စာရင်းဝင် နိုင်ရေး       ဆောင်ရွက်ခြင်းဖြင့် စာရင်းဝင်ကုမ္ပဏီများ ပိုမိုတိုးတက် လာပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း များ     ပိုမိုလာမည်ဖြစ်ကြောင်း၊ ယနေ့တွင် ရန်ကုန်စတော့အိတ်ချိန်း ၏     ဒုတိယဈေးကွက်ဖြစ်သော အကြိုစာရင်းဝင်ဈေးကွက် (Pre- Listing Board – PLB)    တွင် မြန်မာ့လယ်ယာ    ထွက်ကုန်နှင့် အထွေထွေ    ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်       ကုမ္ပဏီလီမိတက် (Myanma   Agricultural    and General Development  Public Co., Ltd – MAGDPL) အား ပထမဆုံး မှတ်ပုံတင်စာရင်းဝင်     ကုမ္ပဏီ အဖြစ် စတင်လက်ခံသည့် အထိမ်း အမှတ်အခမ်းအနားနှင့်အတူ  အစု ရှယ်ယာများကို   ပထမဆုံး စတင် အရောင်းအဝယ်ပြုလုပ်မည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်စတော့ အိတ်ချိန်း ဒါရိုက်တာ ဒေါ်ဖြူဖြူဌေး က PLB  တွင်  မှတ်ပုံတင်စာရင်းဝင်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ အကျဉ်းချုပ်ပြောကြားကာ မြန်မာ့ လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေး   အများပိုင် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးထွန်းလွင် က ကျေးဇူးတင်စကား ပြောကြား သည်။
ထို့နောက်     ရန်ကုန်စတော့ အိတ်ချိန်းက    မြန်မာ့လယ်ယာ ထွက်ကုန်နှင့်    အထွေထွေဖွံ့ဖြိုး တိုးတက်ရေး     အများပိုင်ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ   ဦးထွန်းလွင်သို့ မှတ်ပုံတင်စာရင်းဝင်  အသိအမှတ် ပြုလက်မှတ်ကို       ပေးအပ်ပြီး မြန်မာ့လယ်ယာ   ထွက်ကုန်နှင့် အထွေထွေ    ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်  ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ က   ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ  ဒုတိယဝန်ကြီးနှင့် ရန်ကုန် စတော့အိတ်ချိန်း      ဒါရိုက်တာ ဒေါ်ဖြူဖြူဌေးတို့အား  အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ် သည်။
ဆက်လက်၍   ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊    ငွေချေးသက်သေခံ လက်မှတ်  လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်      အတွင်းရေးမှူး ဦးကြည်ဇင်ထွန်း၊  ရန်ကုန်စတော့ အိတ်ချိန်းဒါရိုက်တာ ဒေါ်ဖြူဖြူဌေး၊ မြန်မာ့လယ်ယာ       ထွက်ကုန်နှင့် အထွေထွေ   ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ  ဦးထွန်းလွင်နှင့် မန်နေဂျင်းဒါရိုက်တာ  ဒေါက်တာ မောင်မောင်အေးတို့က    ရန်ကုန် စတော့အိတ်ချိန်းတွင်  မှတ်ပုံတင် စာရင်းဝင်ခြင်း   အထိမ်းအမှတ် အောင်ဇေယျတု  ခေါင်းလောင်း ကို    တီးခတ်ခဲ့ကြကြောင်း   သိရ သည်။                   
 သတင်းစဉ်