ရန်ကုန်မြစ်တွင်း စက်တပ်သမ္ဗန်တစ်စင်း တိမ်းမှောက်မှုမှ ပျောက်ဆုံးနေသော ခရီးသည်ရုပ်အလောင်း ပြန်လည်တွေ့ရှိ

 

ရန်ကုန်   ဇန်နဝါရီ    ၅ 


ရန်ကုန်မြစ်တွင်း မော်တင်ဆိပ်ကမ်းနှင့် မှော်စက်သမ္ဗန်ကူးတို့ဆိပ်တို့သို့   ခရီးသည်တင်ပို့ဆောင်သော  စက်တပ်သမ္ဗန်တစ်စင်း   ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီက မော်တင်ဆိပ်ကမ်းဘက်၌ တိမ်းမှောက်မှုဖြစ်ပွား ခဲ့ရာ ခရီးသည်  ၁၁ ဦးအနက် ၁၀ ဦးအား  ကယ်ဆယ်နိုင်ခဲ့ပြီး၊  ခရီးသည် တစ်ဦး ပျောက်ဆုံးခဲ့ရာမှ ဇန်နဝါရီ ၄ ရက် ညနေ ၄ နာရီက ရန်ကုန် မြစ်အတွင်း ရေကန်ဆိပ်အနီး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း မြို့နယ် စက်တပ်သမ္ဗန်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။      

 


“မနေ့ညနေက  ပြန်တွေ့ပါတယ်။  အဲဒီကနေတစ်ဆင့်   ရန်ကုန် ပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီးတော့ ဒလမြို့နယ် မှော်စက် စက်တပ် သမ္ဗန်ကူးတို့ဆိပ်ကမ်းကို  သယ်ဆောင်လာတာဖြစ်ပါတယ်။ မြစ်တွင်း မှာ ခုလိုမျိုး အသက်ဆုံးရှုံးသွားတဲ့အတွက် မှော်စက် စက်တပ်သမ္ဗန် ကူးတို့ဆိပ်က  ငွေကျပ် ငါးသိန်း ထောက်ပံ့ပါတယ်။ မြို့နယ်စက်တပ် ရေယာဉ်ကြီးကြပ်ရေးအဖွဲ့က  ငွေကျပ်  ငါးသောင်း  ထောက်ပံ့ပေးအပ် ပါတယ်”ဟု    မြို့နယ်စက်တပ်သမ္ဗန်    ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပြောသည်။

 


အဆိုပါ    ရေယာဉ်နစ်မြုပ်မှုဖြစ်စဉ်တွင်    ရွှေပျံလွှားအမည်ရှိ စက်တပ်သမ္ဗန်ရေယာဉ်မောင်းသူ ဦးစန်းအောင်အား ဗိုလ်တထောင် ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်။                 
သုတ