
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ လွတ်လပ်ရေးကျောက်တိုင်၌
ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနား ကျင်းပ
===============================================
ရန်ကုန် ဖေဖော်ဝါရီ ၁၂
၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်၌ ကျင်းပသည်။
နေရာယူ
အစီအစဉ်အရ ရန်ကုန်တိုင်းစစ်ဌာန ချုပ်ကိုယ်စားပြု စစ်ရေးပြတပ်ခွဲနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းတို့က နေရာယူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အလေးပြုကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်သည် စစ်ရေးပြတပ်ခွဲ၊ အခမ်း အနားသို့ တက်ရောက်လာကြသူများ နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံကို အလေးပြုကြရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးမှုတ်ပေး သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော (၇၃) နှစ် မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ တိုင်းဒေသကြီး တရားလွှတ်တော်ချုပ် တရားသူကြီး၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသ ကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ် ချုပ်၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီမှ ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ခရိုင်၊ မြို့နယ်များမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
သတင်း - မင်းသစ်(MNA)
ဓာတ်ပုံ - ရဲထွဋ်