ရန်ကုန်မြို့ တိုင်းရင်းသားကျေးရွာရှိ ပြည်ထောင်စုခန်းမ၌ ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

 

ရန်ကုန်   ဩဂုတ်   ၁၇
ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို သာကေတ မြို့နယ် တိုင်းရင်းသားကျေးရွာရှိ ပြည်ထောင်စုခန်းမ၌ ယနေ့နံနက် ပိုင်းက  ကျင်းပရာ   ဆရာတော် သံဃာတော်များ ကြွရောက်တော် မူကြပြီး ဘာသာရေးခေါင်းဆောင် များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  မန်းငြိမ်းမောင်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး     ခေါင်းဆောင် စောထွန်းအောင်မြင့်နှင့်     ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုး သိန်းနှင့်   ဇနီး၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဗဟိုအကြံ ပေးအဖွဲ့ဝင်        စောဒန်နီရယ်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန် တိုင်းဒေသကြီး    တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ ထူးနှင့်  ဇနီး၊ တိုင်းဒေသကြီး ဌာန ဆိုင်ရာများနှင့်  ကရင်တိုင်းရင်း သား၊        တိုင်းရင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်   မန်းငြိမ်း မောင်၊   နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်       စောထွန်း အောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဗဟို အကြံပေးအဖွဲ့ဝင် စောဒန်နီရယ်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီး ဦးစောဂျက် ကော့ထူးတို့က ဖားစည် (၉) ချက် တီးကာ     ကရင်လူငယ်များက ကျွဲချိုမှုတ်၍     အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ထို့နောက်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် မန်းငြိမ်းမောင်က အဖွင့်နှုတ်ခွန်း ဆက်အမှာစကား      ပြောကြား သည်။ (အပေါ်ပုံ)
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံ ပေးအဖွဲ့ခေါင်းဆောင်  စောထွန်း အောင်မြင့်နှင့်       တိုင်းဒေသ ကြီးဝန်ကြီးချုပ်တို့က    နှုတ်ခွန်း ဆက်အမှာစကားများ ပြောကြား ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ဧည့်သည်တော်များသည် ကရင် တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေမှုများကို  ကြည့်ရှုအားပေး ကြသည်။
ထို့နောက် ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ဆက်လက်ပြုလုပ် ရာ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းလူငယ်များက ချည်ဖြူဖွဲ့ပစ္စည်းများ သယ်ဆောင် ခြင်း၊ ချည်ဖြူဖွဲ့ပေးမည့် ဘိုးဘွား များအား  စနစ်တကျ  ဖိတ်ခေါ် ခြင်းများ ဆောင်ရွက်ကြပြီး နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် ဧည့်သည်တော်များ အား ဘိုးဘွားများက ကရင်ရိုးရာ ချည်ဖြူဖွဲ့ ပေးကြသည်။ 
ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   အဖွဲ့ဝင် မန်းငြိမ်းမောင်၊   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဗဟိုအကြံ ပေးအဖွဲ့ခေါင်းဆောင်   စောထွန်း အောင်မြင့်၊       ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တို့က   ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ     ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားအတွက်    ဂုဏ်ပြု ချီးမြှင့်ငွေများ    ပေးအပ်ကြပြီး အခမ်းအနားကို   အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရ သည်။ 

ဆန်းကျော်ဦး(ပြန်/ဆက်)