ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် တရားခံများအား ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၂၁ 


CRPH ၊ NUG အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ ရန်ကုန်မြို့အတွင်း   အကြမ်းဖက်လုပ်ငန်းများအား ဦးစီးဆောင်ရွက်ခဲ့သည့် NLD ပါတီဝင် တရားခံ မောင်ကျော်(ခ)ဖြိုးဇေယျာသော် အပါအဝင် အမျိုးသား ၄၃ ဦး၊   အမျိုးသမီး ခုနစ်ဦး ပေါင်း ၅၀  ကို  လက်နက်/ ခဲယမ်းများ၊ လက်ပစ်ဗုံး များ၊  အခြားဆက်စပ်ပစ္စည်းများနှင့်   ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင်လည်းကောင်း၊ NUG အကြမ်းဖက် အဖွဲ့၏ စေခိုင်းချက်အရ NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာ သော် မှ   လက်နက်/ခဲယမ်းများ   ထုတ်ပေး၍    ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအချို့  ဖော်ထုတ်ရရှိသည့်   သတင်းအား ၂၀၂၁ ခုနှစ် နိုဝင်ဘာ  ၂၂ ရက်တွင် လည်းကောင်း    ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

 


NUG  အကြမ်းဖက်အဖွဲ့မှ  PDF   အကြမ်းဖက်အဖွဲ့   ဖွဲ့စည်း၍ တောင်ပိုင်းတိုင်း PDF အကြမ်းဖက်အဖွဲ့ကို လွင်ကိုလတ် က တာဝန်ခံ အဖြစ်ဆောင်ရွက်ကာ  နိုင်ငံတော်အစိုးရ၏    အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်အတွက် အကြမ်းဖက်လုပ်ငန်းများ     ဆောင်ရွက်ခဲ့ပြီး   လွင်ကိုလတ်   ၏ စေခိုင်းချက်အရ    တရားခံ  မောင်ကျော် (ခ) ဖြိုးဇေယျာသော်  သည် STF အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့တို့၏   တာဝန်ခံ အဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်း   ပကဖ အကြမ်းဖက်အဖွဲ့ တာဝန်ခံ အဖြစ် ဝေဖြိုးဟန်(ခ)နောင်ရိုး က ဆောင်ရွက်ပြီး    အရှေ့ပိုင်းခရိုင် တာဝန်ခံ လင်းထက်(ခ)မဟူရာ၊ အနောက်ပိုင်းခရိုင်    တာဝန်ခံ နေလင်းအောင် (ခ)ဖိုးကျော်၊ တောင်ပိုင်းခရိုင် တာဝန်ခံ ထက် ဇော်၊ မြောက်ပိုင်းခရိုင် တာဝန်ခံ မင်းရန်နိုင် တို့ဖြင့် ခရိုင်လေးခုခွဲ၍ ဖွဲ့စည်းကာ    ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အကြမ်းဖက်လုပ်ငန်း များ ပိုမိုအရှိန်မြှင့်တင်လုပ်ဆောင် စေခဲ့ကြောင်း    ဖော်ထုတ်သိရှိရ သည်။

 


အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲ့များမှ  အကြမ်းဖက်လုပ်ရပ် များ   ဆောင်ရွက်နိုင်မှုမရှိစေရေး သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ် ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် တွင် ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင် အိမ်ရာ တိုက်အမှတ်(၃) အခန်း (၄၄)၌    ရန်ကုန်တိုင်း    ပကဖ အကြမ်းဖက်အဖွဲ့ အရှေ့ပိုင်းခရိုင် တာဝန်ခံ လင်းထက်(ခ)မဟူရာ (၃၆)နှစ်နှင့် ဇော်ကိုကို(၃၅)နှစ်တို့ နှစ်ဦးကို Sigsauer ပစ္စတို နှစ် လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၉ မမ ကျည်   အတောင့် ၃၀၊   MK-12 သေနတ် နှစ်လက်၊ ၎င်းကျည်အိမ် နှစ်ခု၊ ၎င်းကျည်  အတောင့် ၂၀၊ M-79 သေနတ်  တစ်လက်တို့နှင့် အတူ  ဖမ်းဆီးရမိခဲ့သည်။ 

 


ဖမ်းဆီးရမိတရားခံ လင်းထက် ၏ ထွက်ဆိုချက်အရ   ဇန်နဝါရီ   ၈ ရက်တွင် သာကေတမြို့နယ် ဇမ္ဗူသီရိ(၈)လမ်း (၆)ရပ်ကွက်၌  အနောက်ပိုင်းခရိုင်     တာဝန်ခံ  နေလင်းအောင်(ခ)ဖိုးကျော်(၃၈)နှစ်ကို MK-12 သေနတ် တစ်  လက်၊   ၎င်းကျည်အိမ်    နှစ်ခု၊ Sigsauer   ပစ္စတို   တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၉ မမ ကျည် ၂၂  တောင့်တို့နှင့်အတူ   ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ 

 


ဖမ်းဆီးရမိတရားခံ ဇော်ကိုကို ၏  ထွက်ဆိုချက်အရ   ဇန်နဝါရီ ၉   ရက်တွင်   မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ       ဂေါက်ကွင်းအနီး၌ အောင်ကျော်ဇော(ခ)အောင်မြင့် မြတ် (၂၃)နှစ်ကို  ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ လှည်းကူး မြို့နယ် ဆင်ဖုံတောင်ကျေးရွာ၌ ဝိုင်းချစ်ထူး   (၂၃)နှစ်ကို  ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ အောင် ကျော်ဇော(ခ)အောင်မြင့်မြတ် ၏ ထွက်ဆိုချက်အရ ဇန်နဝါရီ ၁၁ ရက် တွင်   မြောက်ဥက္ကလာပမြို့နယ် (၆)ကွေ့မှတ်တိုင်အနီး၌ ဇမ္ဗူထွန်း (၁၈)နှစ်၊ ထက်ရွှေစင် (၁၇)နှစ်၊ ဇင်မင်းလှိုင် (၂၃)နှစ်၊ အောင်ဇင် ထွေး (၁၇)  နှစ်တို့    လေးဦးကို  ဖမ်းဆီးရမိခဲ့ပြီး   ဇမ္ဗူထွန်း  ၏ ထွက်ဆိုချက်အရ မြောက်ဥက္ကလာပ မြို့နယ် သုဓမ္မာ(၅)လမ်း (၂)ရပ် ကွက်၌ ပြည့်ဖြိုးအောင် (၃၀)နှစ် ကို  ထပ်မံဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ ဇော်ကိုကို ၏   ထွက်ဆိုချက်အရ  ဇန်နဝါရီ   ၁၁ ရက် မွန်းလွဲပိုင်းတွင်  ဒဂုံမြို့ သစ်(တောင်ပိုင်း)မြို့နယ် (၂၂)ရပ် ကွက်  ရတနာပုံလမ်းရှိ   ၎င်း၏ နေအိမ်၌ YUF အကြမ်းဖက်အဖွဲ့မှ ငြိမ်းမြတ်သူ(ခ)ကိုငြိမ်း(၂၆)နှစ်၊ နေလ(၂၆)နှစ်၊ ဝင်းနိုင်ဦး(ခ)ကိုချို (၅၃)နှစ်နှင့် အောင်ဖြိုးသူ(၂၇)နှစ် တို့လေးဦးကို  AK-47 သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၎င်းကျည် ၄၃ တောင့်တို့နှင့်လည်း ကောင်း၊ တရားခံ ငြိမ်းမြတ်သူ (ခ)ကိုငြိမ်း   ၏   ထွက်ဆိုချက်အရ ညနေပိုင်းတွင် သာကေတမြို့နယ် (၇)ရပ်ကွက်နေ ကောင်းမြတ်(ခ)ပြည့်စုံ(၂၄)နှစ်ကို သာကေတအဝိုင်း အနီး၌လည်းကောင်း၊ သာကေတ မြို့နယ် (၇/အရှေ့)  ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌  အောင်မြတ်သူ (၅၅)နှစ်နှင့် ဇော်မင်းလှိုင်(၅၄)နှစ်တို့   နှစ်ဦးကို   Glock ပစ္စတို တစ်လက်၊   FCG-9  သေနတ် ထုတ်လုပ်သည့် 3D Printer စက်လေးလုံး၊ FCG-9 သေနတ် အစိတ်အပိုင်းများ ထည့်ထားသည့် စက္ကူဖာ      တစ်ပုံးတို့နှင့်လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။ 

 


ဖမ်းဆီးရမိတရားခံ နေလ ၏ ထွက်ဆိုချက်အရ  ဇန်နဝါရီ  ၁၂ ရက်တွင်   မင်္ဂလာတောင်ညွန့် မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်၌ အောင်ရဲကျော်(၃၂)နှစ်ကို  လည်း ကောင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်  ယုဇနဥယျာဉ်မြို့တော် (၉၂)ရပ် ကွက်  တိုက်(၂၄)၌ နိုင်အောင်(၂၂)နှစ်ကိုလည်းကောင်း ဖမ်းဆီးရမိ ခဲ့ပြီး      ၎င်း၏ထွက်ဆိုချက်အရ စစ်တောင်းရပ်ကွက် တိုက်(၂၄)၌ အောင်သူဟိန်း(၂၃)နှစ် မင်းမြတ် အောင်(၂၀) နှစ်တို့    နှစ်ဦးကို  Sigsauer  ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၉ မမ ကျည် ကိုးတောင့်၊ လက်လုပ်မိုင်း လေး  လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်း များနှင့်အတူ   ထပ်မံဖမ်းဆီးရမိ ခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ ဝင်းနိုင်ဦး (ခ)ကိုချို ၏ ထွက်ဆိုချက်အရ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်    အမှတ်(၃)လမ်းဆုံ စစ်ဆေးရေးဂိတ်၌ FLA  အကြမ်းဖက်အဖွဲ့မှ ဟန်လင်းဦး (၄၈)နှစ် ထောက်ကြန့်မြို့နေသူကို ဖမ်းဆီးရမိခဲ့ပြီး   ၎င်း၏ထွက်ဆို ချက်အရ  မြောက်ဥက္ကလာပမြို့ နယ် ဝေဘာဂီမြို့သစ် ကုန်းလမ်း ပို့ဆောင်ရေး   ယာဉ်ရပ်နားဝင်း အနီး၌ ဝေယံဖြိုး(ခ) ဝေယံလေး (၂၃)နှစ်နှင့် ထက်ဝေယံ(ခ)ထက် ကြီး (၂၄)နှစ်တို့ နှစ်ဦးကို  MK-12 သေနတ် တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၎င်းကျည် အတောင့် ၅၀ တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ ကာ ၎င်းတို့၏ထွက်ဆိုချက်အရ   ကုန်းလမ်းပို့ဆောင်ရေး ယာဉ်ရပ် နားဝင်းအတွင်းရှိ  ၎င်းတို့၏နေအိမ် မှ M4A1 သေနတ် တစ်လက်၊  AR-15   သေနတ်   တစ်လက်၊ Glock-19   ပစ္စတို   တစ်လက်၊ Sigsauer ပစ္စတို တစ်လက်၊  ပွိုင့်-45 Syracuse သေနတ် တစ်လက်၊ ကျည်အိမ်မျိုးစုံ ခုနစ်ခု၊ ကျည်မျိုးစုံ အတောင့် ၃၄၀၊ MG-1 လက်ပစ်ဗုံး သုံးလုံး၊ ကြိုးဆွဲလက်ပစ်ဗုံး တစ် လုံး၊  M-14 နင်းမိုင်း နှစ်လုံး၊ လက် လုပ်မိုင်း တစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။

 


ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ  ဇန်နဝါရီ   ၁၄ ရက် နံနက်ပိုင်းတွင် သာကေတမြို့ နယ် (၁၀)တောင်ရပ်ကွက် သလ္လာ ဝတီ(၃)  လမ်းရှိ    နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ     M-16 သုံးလက်၊ FCG-9 နှစ်လက်၊ M-16 ကျည်အိမ်   ခြောက်ခု၊   FCG-9 ကျည်အိမ် ခြောက်ခု၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၉၀၊ ယမ်းတောင့် မျိုးစုံ ၇၈ တောင့်၊  ယမ်းကြိုး   ခြောက်ချောင်း၊      ဒီတိုနေတာ ခြောက်ခု၊   ယမ်းစိမ်း    ရှစ်ဘူး တို့အား သိမ်းဆည်းရမိခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ   ထက် ဝေယံ(ခ)ထက်ကြီး ၏  ထွက်ဆို ချက်အရ မွန်းလွဲပိုင်းတွင် ထောက် ကြန့်မြို့   ရဲစုတောင်ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်၌ ဆွေဆွေလှိုင် (၂၃)နှစ်၊ အောင်ကိုကို(၂၄)နှစ်နှင့် ဘောလုံးကွင်းရပ်ကွက်၌ လွင်ခန့် (၂၂)နှစ်တို့သုံးဦးကို လည်းကောင်း၊ ဖမ်းဆီးရမိတရားခံ နိုင်အောင် ၏ ထွက်ဆိုချက်အရ မြောက်ဥက္ကလာပ မြို့နယ်    ရွှေလက်ဖက်ရည်ဆိုင် အနီး၌   နိုင်လင်းအောင် (၂၂)နှစ် ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ဇန်နဝါရီ  ၁၅   ရက်တွင်  ကျောက်တံတား မြို့နယ်   အလယ်ဘလောက်၌  ငြိမ်းငြိမ်းအေး(ခ)မေဘယ် (၂၈)နှစ်ကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့ နယ် အမှတ်(၃) လမ်းဆုံစစ်ဆေးရေး ဂိတ်၌ ဇင်ကိုကိုအောင် (၂၉)နှစ်နှင့် ဟိန်းသက်ပိုင်ကျော် (၂၅)နှစ်တို့ နှစ်ဦးကိုလည်းကောင်း ထပ်မံဖမ်း ဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ ဇင်ကိုကို အောင်  ၏   ထွက်ဆိုချက်အရ ဇန်နဝါရီ ၁၆ ရက်တွင် ဖမ်းဆီး ရန်ကျန် ကိုဇေ ငှားရမ်းထားရှိသော တောင်ဥက္ကလာပမြို့နယ်  (၆)ရပ် ကွက် ကုန်းဘောင်လမ်းရှိ နေအိမ် အား ဝင်ရောက်ရှာဖွေခဲ့ရှာ M-16  သုံးလက်၊ ၅ ဒသမ ၅၆ ကျည် အတောင့် ၃၀၀၀  တို့ကိုလည်း ကောင်း၊ မွန်းလွဲပိုင်းတွင် ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်  (၅၀)ရပ်ကွက်    ဗေဒါလမ်းရှိ     ၎င်း၏ နေအိမ်၌ ဝဏ္ဏကျော်(၃၉)နှစ်ကို  လက်လုပ်သေနတ်   တစ်လက်၊   လက်လုပ်မိုင်း  ၁၃   လုံး၊  ဖောက်ခွဲ ရေးပစ္စည်းများနှင့်လည်းကောင်း  ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲပိုင်းတွင် သင်္ဃန်းကျွန်း မြို့နယ်  လေးထောင့်ကန်လမ်းရှိ ၎င်းတို့၏ နေအိမ်၌ ခွန်ချိုထွန်း (၂၄)နှစ်နှင့် ထိန်လင်း (၂၀)နှစ်တို့ နှစ်ဦးကို   အသံတိတ်ပြောင်းပါ Glock ပစ္စတို တစ်လက်၊    ၎င်း ကျည်အိမ် နှစ်ခု၊ M-16 ကျည်အိမ် တစ်ခု၊  ၅ ဒသမ ၅၆ ကျည် ၈၂ တောင့်၊ သံဘောစေ့ ၁၂ ဘူးတို့နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်း မြို့နယ်   ရန်ကုန်သစ်ရပ်ကွက် အောင်ဇေယျ(၇)လမ်းရှိ နေအိမ်မှ လက်လုပ်မိုင်း ခုနစ်လုံးကိုလည်း ကောင်း၊ အောင်ဇေယျလမ်းမကြီး ရှိ နေအိမ်မှ လက်လုပ်မိုင်း နှစ်လုံး၊ ၉ မမ ကျည် ၁၅ တောင့်နှင့် ဖောက် ခွဲရေးပစ္စည်းများကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။ 

 


ဖမ်းဆီးရမိတရားခံ နိုင်လင်း အောင်   ၏   ထွက်ဆိုချက်အရ ဇန်နဝါရီ  ၁၆ ရက်  ညပိုင်းတွင် ဒဂုံမြို့သစ်  (တောင်ပိုင်း) မြို့နယ်  (၂၅)ရပ်ကွက်ရှိ ၎င်းတို့၏နေအိမ် ၌ သန်းနိုင်  (၅၇)နှစ်နှင့် ကေသီ (၅၇)နှစ်တို့ နှစ်ဦးကို FCG-9 တစ် လက်၊ ၉ မမ ကျည်   နှစ်တောင့် တို့နှင့်လည်းကောင်း၊    ဇန်နဝါရီ ၁၇ ရက်တွင်  မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်း ဒဂုံလမ်း ဆိုင်အမှတ် (ဈ/၆)၌   မျိုးဇော် (၄၁) နှစ်ကို  လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ် မိုင်း ကိုးလုံးတို့နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ သန်းနိုင် ၏  ထွက်ဆိုချက်အရ  ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၅၇)ရပ် ကွက်ရှိ နေအိမ်၌ စည်သူအောင် (၂၂)နှစ်၊ ထက်ပိုင်ဦး(၂၄)နှစ်တို့ နှစ်ဦးကို လက်လုပ်ပစ္စတို  တစ်  လက်၊  ၉ မမ ကျည်   ရှစ်တောင့် တို့နှင့်လည်းကောင်း၊    တရားခံ နိုင်လင်းအောင် ၏ ထွက်ဆိုချက် အရ ဒဂုံဆိပ်ကမ်းမြို့နယ် (၉၃)ရပ် ကွက်၊တိုက်(၁၈)၌ အောင်နိုင်(၃၉)နှစ်ကိုလည်းကောင်း      ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ ဝဏ္ဏကျော် ၏ ထွက်ဆိုချက်အရ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင်  ညီညီပိုင်(၂၀)နှစ်ကို  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၅၀)ရပ်ကွက်ရှိ နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး  ၎င်း၏ထွက်ဆို ချက်အရ  ငုဝါလမ်းရှိ   နေအိမ်၌ လက်လုပ်မိုင်း သုံးလုံး၊ Keypad ဖုန်း   ကိုးလုံးနှင့်   ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းတို့အား  လည်း ကောင်း၊ မွန်းလွဲပိုင်းတွင် နံ့သာ မြိုင်လမ်း   သာသနာ့ရောင်ခြည် ဓမ္မာရုံ၌ အီနာဂါ ရှစ်လုံး၊ လက် လုပ်သေနတ် တစ်လက်နှင့် ၉ မမ ကျည်  ၁၄   တောင့်တို့ကိုလည်း ကောင်း ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၇)ရပ်ကွက် သဇင်လမ်း ဒီဇင်ဘာ သီရိဂေဟာအနီး၌ မြတ်နိုးမောင် (၂၅)နှစ်ကို ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ   မြတ်နိုး မောင် ၏ ထွက်ဆိုချက်အရ  လှိုင် PDF  အကြမ်းဖက်အဖွဲ့  ခေါင်း ဆောင်  နိုင်ဝင်းအောင်   ဦးစီး၍ အကြမ်းဖက်လုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး  ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ၁၁၅ မိုင် စစ်ဆေး ရေးဂိတ်၌ နိုင်ဝင်းအောင် (၃၂)နှစ်၊ ရဲဝင်းနိုင်(၃၀)နှစ်၊ သန့်ဇင်အောင် (၂၉)နှစ်၊ ကျော်သက်နိုင် (၂၈)နှစ် နှင့်    မင်းမင်းဝင်း (၃၉)  နှစ်တို့ ငါးဦးကို ဖမ်းဆီးရမိခဲ့ပြီး တရားခံ မင်းမင်းဝင်း ၏ ထွက်ဆိုချက်အရ ညပိုင်းတွင် ဇီဇဝါ(ခ)မဝါ (၅၅)နှစ် ကို    လှိုင်မြို့နယ်  (၂)ရပ်ကွက် တိုက်အမှတ်(၂/A)၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ နိုင်ဝင်း အောင် ၏    ထွက်ဆိုချက်အရ ဇန်နဝါရီ ၁၉ ရက်တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ဒီဇင်ဘာ အိမ်ရာ တိုက်(၁၄၂)၌ MK-12 တစ် လက်၊ Sigsauer ပစ္စတို တစ်လက်၊ ကျည်အိမ်မျိုးစုံ လေးခု၊ ကျည်မျိုးစုံ ၄၆ တောင့်တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

 


ဖြစ်စဉ်တွင် တရားခံ အမျိုး သား ၄၃ ဦး၊ အမျိုးသမီး ငါးဦး ပေါင်း ၄၈ ဦးနှင့်အတူ လက်နက် ငယ်မျိုးစုံ ၂၈ လက်၊ လက်လုပ် သေနတ် နှစ်လက်၊  ကျည်အိမ်မျိုးစုံ ၃၇ ခု၊ ကျည်မျိုးစုံ ၃၇၇၁ တောင့်၊ အီနာဂါ ရှစ်လုံး၊ လက်ပစ်ဗုံး ငါး လုံး၊ နင်းမိုင်း နှစ်လုံး၊ လက်လုပ် မိုင်း ၃၈ လုံး၊ အသံတိတ်ပြောင်း တစ်ခု၊ ယမ်းတောင့်မျိုးစုံ ၇၈ တောင့်၊ FCG-9 သေနတ်ထုတ်လုပ် သည့် 3D Printer စက် လေးလုံး၊ FCG-9 သေနတ် အစိတ်အပိုင်း များ၊ ယမ်းကြိုးများ၊ ဒီတိုနေတာ  များ၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်း များအား သိမ်းဆည်းရမိခဲ့သည်။

 


ဖမ်းဆီးရမိတရားခံ နေလင်း အောင်   သည်  ဖမ်းဆီးရန်ကျန် တရားခံ နောင်ရိုး (ခ)ဝေဖြိုးဟန် ၏ စေခိုင်းမှုအရ ကမာရွတ်မြို့ နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့မှ အမျိုးသား  ၁၅   ဦးကို KNLA တပ်မဟာ(၆)တွင်   အကြမ်းဖက် ဖောက်ခွဲရေးသင်တန်း    တက် ရောက်ရန်   ပို့ဆောင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိ   တရားခံများအနက် ခွန်ချိုထွန်း သည် KNLA တပ်မဟာ (၂)နယ်မြေ၌   လည်းကောင်း၊ ဇော်ကိုကို သည် KNLA တပ်မဟာ (၅)နယ်မြေ၌ လည်းကောင်း၊ ထက်ဝေယံ၊ ကောင်းမြတ်(ခ)ပြည့်စုံ  နှင့်  အောင်ရဲကျော်  တို့ သုံးဦးသည် KNLA တပ်မဟာ(၆)နယ်မြေ၌ လည်းကောင်း၊ နိုင်လင်း အောင်၊ ထက်ဝေယံ၊ ဝေယံဖြိုး၊ လွင်ခန့်၊          အောင်ကျော်ဇော၊ ဇမ္ဗူထွန်း နှင့် ထက်ရွှေစင် တို့ ခုနစ်ဦးသည် KNLA တပ်မဟာ(၇)နယ်မြေ၌ လည်းကောင်း အကြမ်း ဖက် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ပြီး   ရန်ကုန်မြို့ အတွင်းသို့  ပြန်လည်ဝင်ရောက် ကာ NUG  အကြမ်းဖက်အဖွဲ့မှ လွင်ကိုလတ်  ၏   စေခိုင်းမှုဖြင့် အပြစ်မဲ့ပြည်သူများကို   လုပ်ကြံ သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်  ဖောက်ခွဲရေး  လုပ်ငန်းများအား လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ထို့ပြင် လင်းထက်(ခ)မဟူရာ သည် စက်တင်ဘာလနှင့် အောက် တိုဘာလ၌ နေလင်းအောင် (ခ)ဖိုးကျော် စီစဉ်ပေးသည့် စမ်းချောင်း မြို့နယ်  ဓမ္မာရုံလမ်းရှိ   ၎င်း၏ နေအိမ်နှင့်   ကမာရွတ်မြို့နယ်ရှိ နေအိမ်တို့တွင်   ဖမ်းဆီးရန်ကျန် တရားခံ အဂ္ဂ(ခ) အရှည်ကြီး၊ နိုင်ကြီး အပါ ရှစ်ဦးကို လက်လုပ် ဗုံးနှင့် Keypad ဖုန်းဖြင့် ဖောက်ခွဲ နည်းအား သင်ကြားပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 

 


ဖမ်းဆီးရမိ  တရားခံများ၏  ထွက်ဆိုချက်အရ  အကြမ်းဖက် လုပ်ငန်းများ     ဆောင်ရွက်ရန် အတွက် လိုအပ်သော လက်နက်/ခဲယမ်းများအား ဖမ်းဆီးရန်ကျန် NUG အကြမ်းဖက်အဖွဲ့မှ လွင်ကို လတ် ၏ စေခိုင်းမှုဖြင့် ရန်ကုန် တိုင်း   ပကဖ  အကြမ်းဖက်အဖွဲ့ တာဝန်ခံ ဝေဖြိုးဟန်(ခ)နောင်ရိုး မှ ခရိုင် ပကဖ အကြမ်းဖက်အဖွဲ့ တာဝန်ခံများကို      ထုတ်ပေးခဲ့ ကြောင်း၊ FLA  အကြမ်းဖက်အဖွဲ့ အတွက် လိုအပ်သော လက်နက်/ခဲယမ်းများအား KNLA တပ်မဟာ (၇)တွင် ထွက်ပြေးတိမ်းရှောင် လျက်ရှိသော   ဖမ်းဆီးရန်ကျန် မင်းသုတ မှ မြဝတီမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့    ပို့ဆောင်ပေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ဖမ်းဆီးရမိတရားခံ ဇော်ကိုကို နှင့် အောင်ဖြိုးသူ တို့၏ ထွက်ဆို ချက်အရ   လှိုင်သာယာ   ပကဖ အမည်ခံ     အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန် တရားခံများဖြစ် သော ကိုဖြိုး၊ ရဲနိုင် နှင့် လူကာ အပါ ၁၀ ဦးတို့မှ  လှိုင်သာယာ မြို့နယ်အတွင်း  အကြမ်းဖက်မှု လုပ်ငန်းများ      ဆောင်ရွက်ခဲ့မှု အနေဖြင့် -


    - ၂၀၂၁ ခုနှစ်၊ ဇွန် ၁၈ ရက်တွင် မြို့နယ်ခန်းမရှေ့၌   လည်း ကောင်း။


    - ဩဂုတ် ၃၀ ရက်တွင် မြို့မ ရဲစခန်းရှေ့၌ လည်းကောင်း။


    - စက်တင်ဘာ  ၂၁ ရက်တွင် ရွှေလင်ပန်း    အထည်ချုပ်  စက်ရုံနှင့် ရိုးကြီး/  ရိုးလေး ကျေးရွာအနီး၌      လည်း ကောင်း။


    -     အောက်တိုဘာ ၃ ရက်တွင်  “ဝါဝါဝင်း” အထည်ချုပ်စက်ရုံ အနီး၌ လည်းကောင်း။


    -     အောက်တိုဘာ ၁၅ ရက်တွင် “စနေမ”အထည်ချုပ်စက်ရုံ အနီး၌ လည်းကောင်း ဖောက် ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း။


    - နိုဝင်ဘာ    ၂၀  ရက်တွင် သောင်ကြီး  နယ်မြေရဲစခန်း အား M-79 ဗုံးပစ် လောင်ချာ ဖြင့် ပစ်ခတ်ခဲ့ကြောင်း။


ဖမ်းဆီးရမိတရားခံ လင်းထက် ၏ ထွက်ဆိုချက်အရ အရှေ့ပိုင်း ခရိုင် ပကဖ အမည်ခံ အကြမ်းဖက် အဖွဲ့အောက်ရှိ  မြို့နယ်    ပကဖ အမည်ခံ   အကြမ်းဖက်အဖွဲ့များ အနေဖြင့်-
    -     ဩဂုတ်    ၁၁     ရက်တွင် တောင်ဥက္ကလာပမြို့နယ် (၆)ရပ်ကွက်  လဝကရုံးအနီး၌ လည်းကောင်း။


    -     ဩဂုတ် ၁၄ ရက်တွင် မြောက် ဥက္ကလာပမြို့နယ် (ဆ)ရပ် ကွက် သုဓမ္မာလမ်းမကြီးရှိ မြို့နယ်    လျှပ်စစ်အင်ဂျင် နီယာရုံးရှေ့၌ လည်းကောင်း။
    -     အောက်တိုဘာ ၁ ရက်တွင် ရန်ကင်းမြို့နယ်ရှိ   ရင်းနှီး မြှုပ်နှံမှုရုံးအနီး၌   လည်း ကောင်း။


    - အောက်တိုဘာ ၁၇ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ကျောက်ရေတွင်း ခုံးတံတား အနီး၌ လည်းကောင်း။


    -     အောက်တိုဘာ ၂၄ ရက်တွင် တောင်ဥက္ကလာပ  မြို့နယ် (၁၀)ရပ်ကွက် အမျိုးသမီးနှင့် ကလေးဆေးရုံကြီးအနီး၌ လည်းကောင်း။


    -     အောက်တိုဘာ ၂၆ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်ရှိ     ကညနရုံးအနီး၌ လည်းကောင်း။


    -     အောက်တိုဘာ ၂၇ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့ နယ်ရှိ ယာဉ်ထိန်းရုံးအနီး၌ လည်းကောင်း။


    -     နိုဝင်ဘာ ၂ ရက်တွင် တောင် ဥက္ကလာပမြို့နယ်   လျှပ်စစ် ရုံးအား လည်းကောင်း။


    -     နိုဝင်ဘာ    ၁၆   ရက်တွင်  တောင်ဥက္ကလာပ   မြို့နယ်ရှိ “ငွေတောင်”   စားသောက် ဆိုင်အနီး၌ လည်းကောင်း။


    -     ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက် တွင်   သာကေတမြို့နယ်ရှိ လျှပ်စစ်ရုံးအား လည်းကောင်း လက်လုပ်ဗုံးများဖြင့် ပစ်ခတ် ခဲ့ကြောင်း။


    -     ဖမ်းဆီးရမိတရားခံ နိုင်အောင် ၏   ထွက်ဆိုချက်အရ  ၎င်း သည်   နိုဝင်ဘာ ၈ ရက်တွင် MJF   အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန် တရားခံ AK ထံမှ ရရှိသော ပစ္စတို တစ် လက်ဖြင့် သင်္ဃန်းကျွန်းမြို့ နယ်   ငမိုးရိပ်(၂) လမ်းနေ အပြစ်မဲ့ပြည်သူ   တစ်ဦးကို လည်းကောင်း။


    -     ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် တွင် နေလ ထံမှ ရရှိသော ပစ္စတို တစ်လက်ဖြင့် ငြိမ်း မြတ်သူ နှင့်အတူ ဒဂုံမြို့သစ် (တောင်ပိုင်း)          မြို့နယ်          (၂၂) ရပ်ကွက်    ရစဖရုံးအနီး၌ အပြစ်မဲ့   ပြည်သူတစ်ဦးကို   လည်းကောင်း         လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။

 


တရားခံများ၏ ထွက်ဆိုချက် အရ BRF အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့် -


    -     အောင်ကျော်ဇော၊ ဇမ္ဗူထွန်း၊ ပြည့်ဖြိုးအောင်၊ ဇင်မင်းလှိုင်၊ အောင်ဇင်ထွေး   ဖမ်းဆီးရန် ကျန် မန်းကီး နှင့် B-1  တို့ ခုနစ်ဦးသည်   ၂၀၂၁   ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် မြောက် ဥက္ကလာပမြို့နယ်  ကန်သာ ယာမီးပွိုင့်ရှိ   ယာဉ်ထိန်းရုံး ကို လည်းကောင်း။


    -     ဒီဇင်ဘာ   ၁၆    ရက်တွင်  ရွှေပေါက္ကံ အထက(၆) အနီး၌ လည်းကောင်း။


    -     ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် တွင်  မြောက်ဥက္ကလာပမြို့ နယ် (၂) ရပ်ကွက် ရစဖမှူးရုံး အနီး၌ လည်းကောင်း လက် လုပ်ဗုံးများဖြင့်   ပစ်ခတ်ခဲ့ ကြောင်း။

 


တရားခံများ၏ ထွက်ဆိုချက် အရ    FLA   အကြမ်းဖက်အဖွဲ့ အနေဖြင့် -


    -     ထက်ဝေယံ နှင့် ဖမ်းဆီးရန် ကျန် မင်းသုတ၊ သန်းဇော်ဝင်း တို့ သုံးဦးသည် မေ ၁၃ ရက် တွင်    မင်္ဂလာဒုံဈေးအနီးရှိ အမက(၂)စာသင်ကျောင်းကို လည်းကောင်း။
    -     ဇူလိုင် ၉ ရက်တွင် အောင်ကို ကို နှင့် နိုင်ရှိန်းသူ တို့နှစ်ဦး သည် ခရေပင်ရိပ်မွန် လျှပ်စစ် ဓာတ်အားခွဲရုံအနီး၌  လည်း ကောင်း။


    -     ဩဂုတ် ၄ ရက်တွင် ထက် ဝေယံ   နှင့်   ဝေယံဖြိုး  တို့ နှစ်ဦးသည် မင်္ဂလာဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးနှင့်    ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးအနီး၌  လည်းကောင်း ဖောက်ခွဲမှုများ    ပြုလုပ်ခဲ့ ကြောင်း။


    -     ဩဂုတ် ၁၄ ရက်တွင် ထက် ဝေယံ၊ ဝေယံဖြိုး နှင့် ဖမ်းဆီး ရန်ကျန်တရားခံ နေလင်းဦး၊ ရှိန်းကြီး တို့    လေးဦးသည် မင်္ဂလာဒုံမြို့နယ်   ကြံခင်းစု ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး ရုံး၌ အပြစ်မဲ့ပြည်သူ နှစ်ဦး ကို          လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း။

 


ဖမ်းဆီးရမိတရားခံ    ဟိန်း သက်ပိုင်ကျော် ၏ ထွက်ဆိုချက် အရ-


    -     စက်တင်ဘာ   ၉   ရက်တွင် ဟိန်းသက်ပိုင်ကျော်   နှင့် ဖမ်းဆီးရန်ကျန်    တရားခံ ခန့်ထက်ပိုင် တို့နှစ်ဦးသည် သင်္ဃန်းကျွန်းမြို့နယ် နှင်းဆီ ကုန်းရပ်ကွက်ရှိ      အပြစ်မဲ့ ပြည်သူတစ်ဦး၏ နေအိမ်ကို လည်းကောင်း။


    -     အောက်တိုဘာ ၉ ရက်တွင် ဇင်ကိုကိုအောင် သည် ဖမ်းဆီး ရန်ကျန်  တရားခံ  ဘိုဘို နှင့် အတူ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၌  YBS (၅၆) ယာဉ်ကို လည်းကောင်း။


    -     ဒီဇင်ဘာ ၉  ရက်တွင်  ဟိန်း သက်ပိုင်ကျော်၊ ခွန်ချိုထွန်း၊ ခန့်ထက်ပိုင် တို့ သုံးဦးသည် သင်္ဃန်းကျွန်းမြို့နယ် ဝေဘူလ ရပ်ကွက်     ရစဖရုံးအနီး၌ လည်းကောင်း။


    -     ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက် တွင် ခွန်ချိုထွန်း၊ ဟိန်းသက် ပိုင်ကျော် နှင့် ဘိုဘို တို့သုံးဦး သည် သင်္ဃန်းကျွန်းမြို့နယ် (၂၄)ရပ်ကွက် ရစဖရုံးအနီး၌ လည်းကောင်း။


    -     ဇန်နဝါရီ ၈ ရက်တွင် ဟိန်း သက်ပိုင်ကျော် သည် သင်္ဃန်း ကျွန်းမြို့နယ်   ရန်ကုန်သစ် ဈေးအနီး၌   လည်းကောင်း လက်လုပ်မိုင်းများဖြင့် ပစ်ခတ် ခဲ့ကြောင်း။
ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ   လှိုင်    PDF အကြမ်းဖက်အဖွဲ့နေဖြင့် -


    -     ဇွန် ၂၃ ရက်တွင် ဖမ်းဆီးရန် ကျန် တရားခံ ဆန်းဝင်းထွဋ် (ခ)ကြိုးကြာ ပါ  လေးဦးမှ လှိုင်မြို့နယ် (၁၃)ရပ်ကွက် နေ အပြစ်မဲ့ပြည်သူ တစ်ဦး ကို လက်နက်ငယ်ဖြင့် ပစ်ခတ် ခဲ့ကြောင်း။

 


    -     ဩဂုတ် ၂၉ ရက်တွင် ကျော် သက်နိုင် သည် ဆန်းဝင်းထွဋ် (ခ) ကြိုးကြာ၊ တင်ထူးမောင် တို့နှင့်အတူ လှိုင်မြို့နယ် (၁)ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ         တစ်ဦးအား    ဘူတာရုံလမ်း ထိပ် မီးပွိုင့်အနီးတွင် လက် နက်ငယ်ဖြင့်        ပစ်ခတ်ခဲ့ ကြောင်း။

 


    -     စက်တင်ဘာ ၁၉ ရက်တွင် ရန်ကြီးအောင် သည်   လှိုင် မြို့နယ် (၁၄)   ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ    တစ်ဦးကို လက်နက်ငယ်ဖြင့်  ပစ်ခတ် ရာတွင် လည်းကောင်း။

 


    -     အောက်တိုဘာ ၁၀ ရက်တွင် ဖမ်းဆီးရန်ကျန်   တုတ်ကြီး နှင့်  နေတိုး မှ  လှိုင်မြို့နယ် (၂)ရက်ကွက်နေ     အပြစ်မဲ့ ပြည်သူတစ်ဦးကို  လက်နက် ငယ်ဖြင့်     ပစ်ခတ်ရာတွင် လည်းကောင်း။

 


    -     နိုဝင်ဘာ ၁၀ ရက်တွင် လှိုင် မြို့နယ် ဘော်လီဘော အား ကစားရုံရှိ လုံခြုံရေးတပ်ဖွဲ့ဝင် များအား မြတ်နိုးမောင် နှင့် ပူတင် တို့မှ လက်နက်ငယ် ဖြင့် ပစ်ခတ်ရာတွင်  လည်း ကောင်း။

 


    -     ဒီဇင်ဘာ ၃ ရက်တွင် ဖမ်းဆီး ရန်ကျန်   တရားခံများဖြစ် သော    ဆန်းဝင်းထွဋ်  (ခ) ကြိုးကြာ၊ ချယ်ချယ်၊ ဟိန်းသူ အောင်၊ ရန်ကြီးအောင် တို့မှ လှိုင်မြို့နယ်   ၅ ရပ်ကွက် သော်သဇင်ဈေးအနီး၌ လုံခြုံ ရေးတပ်ဖွဲ့ဝင်    တစ်ဦးကို  လက်နက်ငယ်ဖြင့်    ပစ်ခတ် ရာတွင် လည်းကောင်း။

 


    -     ဒီဇင်ဘာ ၃၁ ရက်တွင် ဖမ်း ဆီးရန်ကျန် တရားခံများဖြစ် သော တင်ထူးမောင်၊ ဟိန်းသူ အောင် တို့မှ လှိုင်မြို့နယ် (၆)ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ တစ်ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်ရာတွင် လည်းကောင်း ကျော်သက်နိုင် မှ အခြေအနေ များ စောင့်ကြည့်ပေးခဲ့ကြောင်း   ဖော်ထုတ်သိရှိရသည်။

 


တရားခံများ၏ ထွက်ဆိုချက် အရ ဝေဖြိုးဟန်(ခ)နောင်ရိုး သည် ပြည်တွင်း၊ ပြည်ပရှိ အစွန်းရောက် NLD ပါတီထောက်ခံသူအချို့ထံမှ အကြမ်းဖက်လုပ်ငန်း ထောက်ပံ့ ငွေများရယူကာ     ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်လေးခု  တာဝန်ခံ များထံသို့ အကြမ်းဖက်လုပ်ငန်းများ ပြီးမြောက်ပါက တိမ်းရှောင်နိုင်ရန် Save House  များ  ငှားရမ်းခြင်း အတွက် ငွေကြေးများ ထောက်ပံ့ ပေးလျက်ရှိပြီး    အကြမ်းဖက် လုပ်ငန်းများ  ပြုလုပ်နိုင်မှုအပေါ် မူတည်၍ ငွေကြေးများ ပိုမိုထုတ် ပေးခဲ့ကြောင်း   ဖော်ထုတ်သိရှိရ သည်။

 


တရားခံ    ငြိမ်းမြတ်သူ    ၏ ထွက်ဆိုချက်အရ    နိုဝင်ဘာ ၉ ရက်တွင် KNLA တပ်မဟာ(၆)တွင်    ထွက်ပြေး    တိမ်းရှောင်လျက်ရှိ သည့် MURM အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် မိုးသူသူအောင်(ခ)မေသက်ခိုင် မှ 3D Printer စက် လေးလုံးကို   ပို့ဆောင်ပေးခဲ့ပြီး ကောင်းမြတ် မှ ဒဂုံမြို့သစ် (ဆိပ် ကမ်း)မြို့နယ်   (၇၇)ရပ်ကွက်ရှိ Safe House ၌ FCG-9 သေနတ် များကို    စမ်းသပ်ထုတ်လုပ်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။

 


တရားခံများ၏ ထွက်ဆိုချက် အရ နိုင်လင်းအောင် သည် KNLA တပ်မဟာ (၇)တွင် ထွက်ပြေးတိမ်း ရှောင်လျက်ရှိသော ဝေလင်းကျော် (ခ)ရဲရင့်     နှင့်လည်းကောင်း၊ ထက်ဝေယံ သည် KNLA တပ်မဟာ (၇)တွင်    ထွက်ပြေးတိမ်းရှောင် လျက်ရှိသော မင်းသုတ နှင့်လည်း ကောင်း၊ ဇင်ကိုကိုအောင် သည် ချစ်တီး နှင့်အတူ  ရပ်စောက်မြို့နေ ကိုဇေ နှင့် လည်းကောင်း  ချိတ် ဆက်၍ မြဝတီမြို့မှ လက်နက်/ခဲယမ်းများကို သယ်ယူ/ပို့ဆောင် ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဝဏ္ဏကျော် သည် ကိုဇေ ၏ စေခိုင်း မှုဖြင့် ၎င်း၏နေအိမ်၌ လက်နက် ခဲယမ်းနှင့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများ သိမ်းဆည်းပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း ဖော် ထုတ်သိရှိရသည်။

 


ဖမ်းဆီးရမိတရားခံ ငြိမ်းငြိမ်း အေး (ခ) မေဘယ် ၏ ထွက်ဆိုချက် အရ နိုဝင်ဘာလတွင် ဒဂုံဆိပ်ကမ်း မြို့နယ်နေ အပြစ်မဲ့ပြည်သူ တစ်ဦး လုပ်ကြံခံရမှုနှင့် ပတ်သက်သည့် သတင်းအား နိုင်လင်းအောင် ၏ ချိတ်ဆက်ပေးမှုဖြင့် YRG အကြမ်း ဖက်အဖွဲ့ထံမှရရှိခဲ့ပြီး Mizzima သတင်းဌာနသို့ ပေးပို့ခဲ့ကြောင်း၊ အကြမ်းဖက်အဖွဲ့များနှင့်     ပတ် သက်သည့် သတင်းများကို အယ်ဒီ တာချုပ် စိုးမြင့် ထံသို့ နေ့စဉ်ပေးပို့ ရကြောင်း၊   လက်နက်/ ခဲယမ်း ရောင်းချရန်အတွက်     နိုင်လင်း အောင်    ကို  ဖမ်းဆီးရန်ကျန် ပိုင်ရဲသူ၊ ဥက္ကာ တို့နှင့် ချိတ်ဆက် ပေးခဲ့ကြောင်း   ဖော်ထုတ်သိရှိရ သည်။ 

 


အထက်ပါအကြမ်းဖက်အဖွဲ့ များအနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ် မှုယန္တရား   ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှု ဖြစ်စေရန်အတွက် အများပြည်သူ  နှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု(၂၉)ကြိမ် နှင့်     အပြစ်မဲ့ပြည်သူများကို လုပ်ကြံသတ်ဖြတ်မှု    (၁၀)ကြိမ်  ကျူးလွန်ခဲ့ကြောင်း   ဖော်ထုတ် သိရှိရသည်။

 


သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရား ခံများအား ဥပဒေအရထိရောက်စွာ  အရေးယူနိုင်ရေး      ဆက်လက် ဆောင်ရွက်သွားမည်      ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ  များကို     ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြ ရန်နှင့်      ဆက်စပ်တရားခံများ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ      နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်း များရရှိပါက   သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့်  မြို့ရွာ များ အမြန်ဆုံးအေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန်    မေတ္တာရပ်ခံအပ်ပါ ကြောင်း သက်ဆိုင်ရာက အသိပေး ထားကြောင်း သိရသည်။


သတင်းစဉ်