ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၌ သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန် ကြိုးစားသူ အမျိုးသာ

နေပြည်တော်   ဩဂုတ်  ၁၁


ရန်ကုန်တိုင်း       ဒေသကြီး ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များ တွင် အသုံးပြုရန်အတွက် ပစ္စည်း များ     သိုဝှက်သိမ်းဆည်းထားရှိ ကြောင်း သတင်းအရ ဝင်ရောက် ရှာဖွေစဉ်    တရားခံ အမျိုးသား နှစ်ဦးနှင့်  အမျိုးသမီး တစ်ဦးတို့ကို ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး   တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန်    ကြိုးစားသူ အမျိုးသား တစ်ဦးနှင့်    အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကာ    အမျိုးသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း    သိရ သည်။


ဖြစ်စဉ်မှာ ဩဂုတ် ၁၀ ရက် ညနေ   ၃    နာရီ    ၄၅ မိနစ်ခန့် တွင်    ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၆)ရပ်ကွက် (၄၄)လမ်း တိုက်အမှတ် (၁၆) (၃)လွှာ၌ ဖောက်ခွဲဖျက်ဆီး ရေးလုပ်ရပ်များတွင် အသုံးပြုရန် အတွက်    ပစ္စည်းများ   သိုဝှက် သိမ်းဆည်းထားရှိကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ   အဆိုပါတိုက်ခန်း အတွင်းမှ သီဟကောင်းဆက်(၂၀)နှစ်ပါ     အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို အကြမ်းဖက် လုပ်ရပ်များတွင်   အသုံးပြုမည့် ပစ္စည်းများဖြစ်သော လက်လုပ်ဗုံး မျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ နှစ်ချောင်း၊ တစ်ထုပ်လျှင် ဗျောက်အိုး ၅၀ ပါ အထုပ် နှစ်ထုပ်  အပါအဝင်  ဆူပူ အကြမ်းဖက်ရာတွင်      အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။


ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ က    ဝင်ရောက်ရှာဖွေစဉ်  အခန်း အတွင်း       ကျန်ရှိနေသည့် အမျိုးသား လေးဦးနှင့်   အမျိုးသမီး တစ်ဦးတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံယူခြင်းမရှိဘဲ အဆိုပါတိုက်ခန်း (၃)လွှာ အနောက်ဘက်ရှိ ပြတင်း ပေါက်မှ   ခုန်ချထွက်ပြေးခဲ့သဖြင့် တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ် ကြမ်းပြင်ပေါ်သို့         ပြုတ်ကျခဲ့၍ အမျိုးသား တစ်ဦးနှင့်   အမျိုးသမီး တစ်ဦးတို့  သေဆုံးကာ အမျိုးသား သုံးဦးတို့တွင်   ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် လိုအပ်သော ဆေးဝါး ကုသမှု      ခံယူနိုင်ရေးအတွက် တပ်မတော်ဆေးရုံ     (ခုတင်-၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့သည်။


အဆိုပါဖြစ်စဉ်တွင် လူသေဆုံး မှုများနှင့်ပတ်သက်၍ ရဲလုပ်ငန်း စဉ်များနှင့်အညီ   သေမှုသေခင်း ရေးဖွင့်    ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိထားသူ တရားခံများ နှင့်        ဆက်စပ်တရားခံများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆက်လက်  ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 


သတင်းစဉ်