
နေပြည်တော် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ နယ်နှင့် ကျောက်တန်းမြို့နယ်၌ ဇွန် ၁၆ ရက်တွင် အကြမ်းဖက် သမားများက အကြမ်းဖက်မှု လုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အကြမ်း ဖက်သူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ကိုးလအရွယ် အပြစ်မဲ့မိန်းကလေး ငယ်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၆ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် ဒဂုံ မြို့နယ် ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွန့်လမ်း အမှတ်(၇၆)အရှေ့ လမ်းဘေးပလက်ဖောင်း ပေါ်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုး သား တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိထားပြီး ကျန်အမျိုးသား တစ်ဦး မှာ ထိခိုက်ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ နေရာ၌ အမျိုးသား တစ်ဦးအား မျက်နှာ၊ ဝဲ/ယာ လက်နှင့် ခြေထောက်တို့၌ စုတ်ပြဲကြေမွ ဒဏ်ရာများဖြင့် တွေ့ရှိရပြီး ၎င်း အနီးမှ ပေါက်ကွဲထားသည့် လက်လုပ်မိုင်းအပိုင်းအစများကို တွေ့ရှိရသည်။ အဆိုပါ ဒဏ်ရာ ရရှိသူအမျိုးသားကို ဆေးကုသမှု ခံယူနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုပေးနေစဉ် သေဆုံးသွားကြောင်း သိရှိရသည်။
ပေါက်ကွဲမှုဖြစ်စဉ်ကို စိစစ်ခဲ့ ရာ သေဆုံးခဲ့သည့် အကြမ်းဖက် သမားတစ်ဦးသည် အခြားအကြမ်း ဖက်သမားတစ်ဦးနှင့်အတူ ဗိုလ်ရာ ညွန့်လမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ လမ်းလျှောက် လာပြီး အခင်းဖြစ်နေရာအရောက် ၌ လက်လုပ်မိုင်း တစ်လုံးကို တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမား တစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ထွက်ပြေးသွားသည့် အကြမ်းဖက်သမား တစ်ဦးကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အလားတူ ဇွန် ၁၆ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကျောက်တန်းမြို့ ရွှေကုန်းရပ်ကွက် ရှိ အခန်းငှားရမ်းထားရှိသည့် ခြောက်ခန်းတွဲအဆောင်မှ အခန်း အမှတ်(၆)၌ ပေါက်ကွဲမှုဖြစ်ပွား ကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ အဆိုပါအခန်းတွင် ငှားရမ်းနေထိုင်လျက် ရှိသည့် ဒေါ်နှင်းကြည်(၅၈)နှစ် (ဘ)ဦးချို ကေနှင့် ၎င်း၏သားဖြစ်သူ ပြည့်ဝ ကျော် (၂၁)နှစ် (ဘ)ဦးအောင်ကြိုင် တို့ နှစ်ဦးကို ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲစ ထိမှန်ဒဏ်ရာများ၊ ခေါင်း၊ လက်နှင့် ခြေထောက်တို့ ပြတ်ကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး ၎င်းတို့အခန်းနှင့် ကပ်လျက်ရှိသည့် အခန်း(၅)၌ နေထိုင်သူ ဦးပြည့်ဖြိုးဝင်း၏ သမီး ဖြစ်သူ ကိုးလအရွယ် မရွှေယမင်း ဦး၏ ဦးခေါင်း၌ ပေါက်ကွဲစထိမှန် ဒဏ်ရာများ(စိုးရိမ်ရ) ရရှိထား သည်ကို တွေ့ရှိရသည်။ အဆိုပါ ကလေးငယ်အား ဆေးကုသမှုခံယူ နိုင်ရေးအတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ပြည့်ဝကျော်သည် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အခင်းဖြစ်နေအိမ်သို့ တစ်ခါတစ်ရံမှ လာရောက်နေထိုင် သူ ဖြစ်ကြောင်း၊ အခန်းအတွင်း၌ ၎င်း၏ မိခင်ဖြစ်သူနှင့်အတူ လက်လုပ်မိုင်း တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်သမား များ၏ အကြမ်းဖက်မှုလုပ်ရပ်များ ကြောင့် ၎င်းတို့ကိုယ်တိုင် ထိခိုက် သေဆုံးခဲ့ရသည့်အပြင် အပြစ်မဲ့ ကလေးငယ်များပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါအကြမ်းဖက်မှု လုပ်ရပ်များတွင် ပူးပေါင်းပါဝင် ပတ်သက်သူများ၊ နောက်ကွယ်မှ ကြိုးကိုင် စေခိုင်းသူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း မိမိမြို့၊ ရွာ တည်ငြိမ်အေးချမ်းရေး အတွက် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ သွားလာမှုသတင်းများ သိရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင် များထံ လျှို့ဝှက်စွာ သတင်းပေးပို့ ပေးပါရန် အသိပေး သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်