
နေပြည်တော် မေ ၂၁
ကမ္ဘောဇဘဏ်မှ ဝန်ထမ်းသုံးဦး လိုက်ပါလာသည့် ဘဏ်ငွေသိမ်းယာဉ်သည် မေ ၁၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲ များမှ ငွေများအား လိုက်လံသိမ်းဆည်းခဲ့ပြီး ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃၂)ရပ်ကွက် ပင်လုံလမ်းနှင့် နဝဒေးလမ်းထောင့်ရှိ ကမ္ဘောဇဘဏ် ခွဲ(၁)ရှေ့အရောက်တွင် ယာဉ်အား ရပ်တန့်ကာ မော်တော်ယာဉ်၏နောက်တံခါးအား ဖွင့်နေစဉ် နောက်မှ လိုက်ပါလာသည့် YGN 5H/4572 Probox ယာဉ်ပေါ်မှ အမျိုးသား သုံးဦးဆင်းလာပြီး ဘဏ် ဝန်ထမ်းတစ်ဦးအား ဓားဖြင့်ခြိမ်းခြောက်ကာ ငွေသိမ်းယာဉ်ပေါ်မှ ပီနံအိတ် လေးလုံးဖြင့် ထည့်ထားသည့် ငွေကျပ်သိန်း ၃၀၀၀ အား လုယက် ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော် ထုတ်ဖမ်းဆီးရမိနိုင်ရေး ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ် မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့သည်။
ထိုသို့ လုယက်မှုကျူးလွန်ခဲ့သူ များအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းပြီး တာဝန်သိပြည်သူများ၏ ပူးပေါင်း ပါဝင်သတင်းပေးမှုအပေါ် အခြေခံ ၍ ပေါင်းစပ်ညှိနှိုင်း စုံစမ်းဖော်ထုတ် ခဲ့ရာ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN 5H/4572 Probox အမျိုးအစား မော်တော် ယာဉ်အား စုံစမ်းရှာဖွေခဲ့ရာတွင် အခင်းဖြစ်စဉ်က အဆိုပါမော်တော် ယာဉ်အား AYY CC-4512 နံပါတ် ပြားမှ YGN 5H/4572 နံပါတ်ပြား သို့ ပြောင်းလဲတပ်ဆင် အသုံးပြု၍ လုယက်မှု ကျူးလွန်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ထုတ်သိရှိရသဖြင့် အဆိုပါ AYY CC-4512 Probox ယာဉ်နှင့် ယာဉ်ပိုင်ရှင်ဖြစ်သူတို့ အား ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့သည်။
ယာဉ်ပိုင်ရှင်ဖြစ်သူ၏ ထွက် ဆိုချက်အရ AYY CC-4512 Probox မော်တော်ယာဉ်အား ၎င်း၏သူငယ်ချင်းဖြစ်သူ ခရမ်း မြို့နယ် အမှတ်(၃)ရပ်ကွက် (၃)လမ်း အမှတ် ၂၁၁နေ ဝေလင်း ထွန်း(ခ)ကိုထွန်း(၃၀နှစ်) (ဘ)ဦးတင်အောင်အား မေ ၁၃ ရက်က ငှားရမ်းခဲ့ကြောင်း သိရှိရသဖြင့် ဝေလင်းထွန်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ မေ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် သင်္ဃန်းကျွန်း မြို့နယ် လေးထောင့်ကန်လမ်းရှိ “The Lord” စားသောက်ဆိုင်အနီး တွင် ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ ဝေလင်းထွန်း (ခ)ကိုထွန်းအား စစ်ဆေး ဖော်ထုတ်ချက်အရ ကမ္ဘောဇဘဏ် ငွေသိမ်းယာဉ်ပေါ်မှ ငွေများအား သူငယ်ချင်းများနှင့်အတူ လုယက် ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆို ခဲ့ပြီး လုယက်မှုကျူးလွန်သည့်နေ့ တွင် ၎င်း၏ သူငယ်ချင်းများ ဖြစ်ကြသည့် ဇင်ကိုကိုဦး(ခ)ဇင်ကို၊ ထွဋ်ခေါင်မင်း(ခ)ထက် လင်းကျော်၊ ဇွဲပြည့်စုံမှူး(ခ)ဇွဲကြီး တို့နှင့်အတူ ပါဝင်ကျူးလွန်ခဲ့ကြ ကြောင်း၊ လုယက်ရာမှ ရရှိလာ သည့် ငွေများအား တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀၀ စီ ခွဲဝေ ယူဆောင်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဆက်လက်၍ ဝေလင်းထွန်း (ခ)ကိုထွန်း၏ ထွက်ဆိုချက်အရ လုယက်မှုကျူးလွန်ရာတွင် ပါဝင် ခဲ့သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၇)ရပ်ကွက် ကောလင်းလမ်း အမှတ်(၁၂၄၂)နေ ထွဋ်ခေါင်မင်း(ခ)ထက်လင်း ကျော်(၂၃နှစ်) (ဘ) ဦးဝင်းနိုင် ကျော်အား သင်္ဃန်းကျွန်းမြို့နယ် ရတနာလမ်းရှိ “ရတနာ”ဟိုတယ်၌ ယင်းနေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် ဖမ်းဆီးရမိခဲ့သည်။
ထွဋ်ခေါင်မင်း(ခ)ထက်လင်း ကျော်၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ် (၁၆/၁) ရပ်ကွက် ရတနာလမ်းရှိ “ရတနာ” ဟိုတယ်သို့ လုယက်မှုကျူးလွန်ရာ တွင် ဦးဆောင်ပါဝင်သူ ဇင်ကိုကိုဦး (ခ)ဇင်ကို လာရောက်မည်ဖြစ် ကြောင်း သိရှိရသဖြင့် သွားရောက် စောင့်ဆိုင်းဖမ်းဆီးခဲ့ရာ အဆိုပါ “ရတနာ”ဟိုတယ်ရှေ့၌ ယင်းနေ့ ည ၆ နာရီ မိနစ် ၄၀ တွင် ဒဂုံ မြို့သစ်(အရှေ့ပိုင်း) မြို့နယ် အမှတ်(၇)ရပ်ကွက် ဗိုလ်ခန့်(၃)လမ်း အမှတ်(၃၃၅/က)နေ ဇင်ကိုကိုဦး(ခ)ဇင်ကို(၂၇နှစ်) (ဘ) ဦးဇော်ဦးနှင့် လုယက်မှုကျူးလွန် ရာမှရရှိသည့် သက်သေခံငွေများ အား သိမ်းဆည်းပေးသူ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် ဗေဒါ(၂)လမ်း အမှတ် (၇၅၈/ခ)နေ သိန်းဇော်ဦး(ခ) သားငယ်( ၂၄နှစ်) (ဘ)ဦးကြည်လှ တို့နှစ်ဦးအား ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
ထို့နောက် လုယက်မှုကျူးလွန် ရာတွင် ပါဝင်ခဲ့ပြီး တိမ်းရှောင် လျက်ရှိသည့် လှည်းကူးမြို့ လှည်းကူးရိပ်သာရပ်ကွက် တိုးချဲ့ (၄)လမ်း အမှတ်(မရှိ)နေ ဇွဲကြီး (ခ) ဇွဲပြည့်စုံမှူး (၂၇နှစ်) (ဘ) ဦးမောင်မောင်ကျော်အား ဖမ်းဆီး ရမိနိုင်ရေး အပူတပြင်းလိုက်လံ စုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းအား မေ ၂၁ ရက် နံနက် ၉ နာရီတွင် မြောက်ဥက္ကလာပမြို့နယ် အထွေ ထွေရောဂါကုဆေးရုံကြီး အရှေ့ မေဓာဝီလမ်းနှင့် ခေမာသီလမ်း ဆုံ၌ လုယက်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ငွေများအနက်မှ ငွေကျပ် ၅၁၀၀၀၀ ဖြင့် ဝယ်ယူ ထားသည့် Redmi Note 11 ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ကမ္ဘောဇဘဏ်အား လုယက်မှု ကျူးလွန်ပြီး ခွဲဝေရရှိခဲ့သည့် ငွေများအား ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် (၁၃)ရပ်ကွက် စိုက်ပျိုး ရေး (၄)လမ်း အမှတ်(၆၉၃)နေ ၎င်း၏သူငယ်ချင်းဖြစ်သူ နှင်း ဝေဝေဖူး(ခ)ဖူးဖူး (၂၇နှစ်) (ဘ) ဦးကိုကိုအောင်ထံ အပ်နှံကာ ၎င်းတို့နှစ်ဦး အတူတူသုံးစွဲ ကြောင်း သိရှိရသဖြင့် နှင်းဝေဝေ ဖူး၏နေအိမ်အား ဆက်လက် သွားရောက်ရှာဖွေခဲ့ရာ ၎င်းအား ၎င်း၏နေအိမ်အတွင်းမှ ငွေကျပ် ၃၂၂ သိန်းနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဆက်လက်၍ ဖမ်းဆီးရမိသူ တရားခံများ၏ထွက်ဆိုချက်များ အရ လုယက်မှုကျူးလွန်ရာမှ ရရှိ သည့် ငွေနှင့် သက်သေခံပစ္စည်း များအား သိမ်းဆည်းရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ဝေလင်းထွန်း(ခ) ကိုထွန်းမှ ၎င်းခွဲဝေရရှိထားသည့် ငွေကျပ်သိန်း ၇၀၀ အနက်မှ ငွေကျပ် ၅၄၈ သိန်းနှင့် လုယက်မှု ကျူးလွန်ရာမှရရှိသည့် ငွေကျပ် ၅၅ သိန်းဖြင့် ဝယ်ယူထားသည့် 82W-40613 Honda PCX ဆိုင်ကယ်တစ်စီးကို ၎င်း၏နေအိမ် မှ လည်းကောင်း၊ ဇင်ကိုကိုဦး(ခ)ဇင်ကိုနှင့် ထွဋ်ခေါင်မင်း(ခ) ထက် လင်းကျော်တို့နှစ်ဦးမှ သိန်းဇော် ဦး(ခ)သားငယ်ထံ အပ်နှံထားသည့် ငွေကျပ်သိန်း ၃၄၀ ကို သိန်းဇော် ဦး(ခ)သားငယ်၏နေအိမ်မှ လည်း ကောင်း၊ ထွဋ်ခေါင်မင်း(ခ)ထက် လင်းကျော်၏ နေအိမ်မှ ငွေကျပ် သိန်း ၄၇၀ ကို လည်းကောင်း၊ ဇင်ကိုကိုဦး(ခ)ဇင်ကို၏နေအိမ်မှ ငွေကျပ်သိန်း ၅၃၀ နှင့် လုယက်မှု ကျူးလွန်ရာမှ ရရှိသည့် ငွေကျပ် ၁၃၂၈၀၀၀ ဖြင့် ဝယ်ယူထား သည့် Xiaomi 110 အမျိုးအစား အပြာရောင်လက်ကိုင်ဖုန်း တစ်လုံး၊ Vivo Y 35 အမျိုးအစား မိုးပြာ ရောင် လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၄၆၀၀၀၀ ဖြင့် ဝယ်ယူ ထားသည့် ရွှေဆွဲကြိုးတစ်ကုံး တို့ကို သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်များအရ ၎င်းတို့ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်း ဖက် လုပ်ကြံသတ်ဖြတ်မှုများနှင့် မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှု များကြောင့် ပြည်သူလူထုများ အကြား စိုးရိမ်ထိတ်လန့်မှုများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ် အငိုက်အပေါ် အခွင့်ကောင်းယူ ကာ ငွေကြေးလိုအပ်ချက်အပေါ် အခြေခံပြီး ဒုစရိုက်မှုကို ကျူးလွန် ခဲ့ကြခြင်းဖြစ်ကြောင်း။
၎င်းတို့အနေဖြင့် မေ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ်(၃၈)ရပ်ကွက် ပြည်ထောင်စုလမ်း (၇/၈) လမ်းဆုံအနီးရှိ ကမ္ဘောဇ ဘဏ်ခွဲ(၃)အား လုယက်မှု ကျူးလွန်ရန် ဇင်ကိုကိုဦး(ခ)ဇင်ကို မှ ဦးဆောင်၍ ဘဏ်အနီးတွင် စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ ကြကြောင်း၊ လုယက်မှုကျူးလွန်ခဲ့ သည့် မေ ၁၃ ရက် မွန်းလွဲ ၁ နာရီ ခွဲတွင် ကမ္ဘောဇဘဏ်ခွဲ(၃)နှင့် ဘေးချင်းကပ်လျက် “Infinity Mart” ရှိ အအေးဆိုင်ရှေ့တွင် ယာဉ်အား ရပ်တန့်ကာ လုယက်မှု ကျူးလွန်ရန် အခြေအနေအား စောင့်ကြည့်ခဲ့ကြကြောင်း။
ဘဏ်ရှေ့တွင် လူများသဖြင့် ဘဏ်အတွင်း ဝင်ရောက်ပြီး လုယက်မည့်အစီအစဉ်အား ဖျက် ၍ ၎င်းဘဏ်အတွင်းမှ ငွေများ ထည့်ထားသည့် ဆာလာအိတ်များ အား အပြာရောင်ငွေသိမ်းယာဉ် အတွင်း တင်ဆောင်ပြီး မောင်းနှင် သွားသည်ကို တွေ့ရှိရသဖြင့် အဆိုပါ ငွေသိမ်းယာဉ်အား လုယက်ရန်ကြံစည်၍ နောက် ယောင်ခံလိုက်ခဲ့ကြကြောင်း၊ ၎င်း ယာဉ်သည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် အမှတ်(၃၂)ရပ်ကွက် ပင်လုံလမ်းရှိ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့တွင် ရပ်တန့်ကာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးက ဘဏ်အတွင်း သို့ ဝင်သွားပြီး အခြားအမျိုးသား တစ်ဦးက ယာဉ်နောက်ခန်းတံခါး အားဖွင့်၍ ဆာလာအိတ်ခွံများ ယူနေစဉ် ထွဋ်ခေါင်မင်း(ခ)ထက် လင်းကျော်က အဆိုပါအမျိုးသား အား ဓားဖြင့်ထောက်ကာ ခြိမ်း ခြောက်ပြီး ဇင်ကိုကိုဦး(ခ)ဇင်ကို၊ ဝေလင်းထွန်း(ခ)ကိုထွန်း၊ ဇွဲပြည့်စုံ မှူး (ခ)ဇွဲကြီးတို့ သုံးဦးက ငွေသိမ်း ယာဉ်ပေါ်မှ ငွေထုပ် လေးထုပ် အား ၎င်းတို့ကားပေါ်တင်ဆောင် လုယက်ကာ ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ်ရှိ သိန်းဇော်ဦး (ခ) သားငယ်၏နေအိမ်သို့ သယ် ဆောင်ခဲ့ပြီး ခွဲဝေယူဆောင်ခဲ့ကြ ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် လုယက်မှု ကျူးလွန်သူ တရားခံအမျိုးသား ငါးဦးနှင့် ပူးပေါင်းပါဝင်သူ အမျိုး သမီး တစ်ဦးတို့အား သက်သေခံ ပစ္စည်းများဖြစ်သည့် ငွေကျပ် သိန်း ၂၂၁၀ နှင့် လုယက်မှုကျူးလွန် စဉ် အသုံးပြုခဲ့သည့် AYY CC-4512 Probox ယာဉ်တစ်စီး၊ လုယက်မှု ကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် 82W-40613 Honda PCX ဆိုင်ကယ်တစ်စီး၊ ရွှေဆွဲကြိုးတစ်ကုံး၊ Xiaomi အမျိုးအစားလက်ကိုင်ဖုန်း တစ်လုံး၊ Vivo အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံးနှင့် Redmi Note 11 အမျိုးအစားလက်ကိုင်ဖုန်း တစ်လုံး တို့အား ဖော်ထုတ်သိမ်းဆည်းရမိ ခဲ့ပြီး ဖမ်းဆီးရမိ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဘဏ်ဓားပြတိုက် လုယက်မှု ဖြစ်စဉ်ပေါင်း ၁၁ မှုဖြစ်ပွားခဲ့ပြီး အမှုပေါင်းကိုးမှုအား ဖော်ထုတ် နိုင်ခဲ့ကာ အမှုများမှ တရားခံ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၅၇ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကာ ဖော်ထုတ် ရရှိခဲ့သည့် အမှုများမှ ပြန်လည် သိမ်းဆည်းရရှိခဲ့သည့် ငွေနှင့် သက်သေခံပစ္စည်းများ၏ တန်ဖိုး ငွေကျပ်စုစုပေါင်း ၉၈၀၄၄၀၀၀၀ အား ပြန်လည်သိမ်းဆည်းရမိ ခဲ့ကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်