ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်နှင့် လှိုင်မြို့နယ် ဘုရင့်နောင်လမ်းပေါ်ရှိ မြမေတ္တာမွန်စက်သုံးဆီ အရောင်းဆိုင်တို့အား အကြမ်းဖက်သမား များက သေနတ်ပစ်ဖောက် ခြိမ်းခြောက်လုယက်၍ မီးရှို့ဖျက်ဆီး

 

နေပြည်တော် မတ် ၂၆


ရန်ကုန်တိုင်းဒေသကြီး        ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ     DENKO စက်သုံးဆီ အရောင်းဆိုင်သို့  အကြမ်း ဖက်သမား ခြောက်ဦးက  မော်တော် ယာဉ်တစ်စီးဖြင့်       ရောက်ရှိလာပြီး သေနတ်ပစ်ဖောက်   ခြိမ်းခြောက်ကာ ဆီရောင်းချငွေ   ကျပ်သိန်း  ၆၀  ကို လုယက်ယူဆောင်၍        ဆီပန့်များအား လက်ပစ်ဗုံးဖြင့်ဖောက်ခွဲကာ မီးတုတ် များဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း  သိရ သည်။

 


ဖြစ်စဉ်မှာ မတ်  ၂၅  ရက် ည ၈ နာရီ  ၁၀   မိနစ်တွင်     ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် (၂၇)ရပ်ကွက် ဘုရင့်နောင် လမ်းပေါ်တွင်  ဖွင့်လှစ်ထားသည့် DENKO  စက်သုံးဆီအရောင်းဆိုင် အတွင်းသို့ Probox အမျိုးအစား မော်တော်ယာဉ်      အဖြူရောင် တစ်စီးရောက်ရှိလာပြီး   အဆိုပါ ယာဉ်ပေါ်မှ  အကြမ်းဖက်သမား  ခြောက်ဦးက  သေနတ်၊  ဓားများ ကိုင်ဆောင်၍  ဆီဆိုင်အတွင်းရှိ ဝန်ထမ်းများနှင့်      ဆီဖြည့်ရန် လာရောက်သူများကို   သေနတ် ပစ်ဖောက်        ခြိမ်းခြောက်ကာ ကောင်တာအား ကာရံထားသည့် မှန်များကို     ရိုက်ခွဲခဲ့ကြောင်း၊ ထို့နောက်  ကောင်တာအတွင်း ထားရှိသည့်    ဆီရောင်းချထားသည့် ငွေကျပ်သိန်း  ၆၀ ခန့်ကို လုယက် ယူဆောင်၍  ဆီပန့်များအနီးသို့ လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက် ဖောက်ခွဲကာ  ဆီပန့်အား  ၎င်းတို့ ထံတွင် အသင့်ယူဆောင်လာသည့် မီးတုတ်    နှစ်ချောင်းဖြင့်   မီးရှို့ ဖျက်ဆီး၍   Probox   မော်တော် ယာဉ်ဖြင့်ပင်    ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။ 

 


အကြမ်းဖက်သမားများ ထွက် ခွာသွားပြီးနောက်  ဆိုင်ဝန်ထမ်း များသည် မီးလောင်လျက်ရှိသည့် ဆီပန့်နှစ်ခုအား  မီးသတ်ဆေးဘူး များဖြင့်   ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ ကြောင်း၊  အကြမ်းဖက်သမားများ ၏   ဖျက်ဆီးခဲ့မှုကြောင့်  ဆီပန့် နှစ်ခု          မီးလောင်ပျက်စီးကာ ငွေသိမ်းကောင်တာတွင်   ကာရံ ထားသည့်မှန်များ     ကွဲအက် ပျက်စီးခဲ့ကြောင်းနှင့်     ဖြစ်စဉ် နေရာမှ အကြမ်းဖက်သမားများ  မီးရှို့ရာတွင်    အသုံးပြုခဲ့သည့်  သစ်သားမီးတုတ်    နှစ်ချောင်း နှင့်   လက်ပစ်ဗုံး  လီဗာတံတစ်ခု၊  9 MM    ကျည်ခွံ     လေးခုတို့     သိမ်းဆည်းရမိခဲ့ကြောင်း   သိရသည်။ 

 


အလားတူ ရန်ကုန်တိုင်းဒေသ ကြီး  လှိုင်မြို့နယ်   ဘုရင့်နောင် လမ်းပေါ်ရှိ မြမေတ္တာမွန်စက်သုံး ဆီ အရောင်းဆိုင်သို့ ယနေ့နံနက် ၅ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက် သမား   အမျိုးသား   သုံးဦးတို့ ဝင်ရောက်လာပြီး   ဝန်ထမ်းများ ဖြစ်သည့် ဦးစောလွင်ဦး (၄၀)နှစ် (ဘ)ဦးကျော်ငြိမ်း၊ ဦးစိုးမိုးနိုင်(၃၇)နှစ် (ဘ)ဦးမိုးညိုနှင့် ဦးအေးကြိုင် (၃၅)နှစ်  (ဘ)  ဦးကျော်အေးတို့ သုံးဦးအား    နှိုးကာ   ဆိုင်အတွင်း သေနတ်တစ်ချက်  ပစ်ဖောက်၍ ဆီပန့် သုံးခုအား ဓာတ်ဆီဖျန်းမီးရှို့ ခဲ့ကြောင်း၊ ငွေသိမ်းကောင်တာ  သုံးခုအနက်          ဆိုင်အလယ်ရှိ ငွေသိမ်းကောင်တာအား လက်ပစ် ဗုံးဖြင့်   ပစ်ပေါက်ထွက်ပြေးသွား ကြောင်း၊ ဆီပန့်သုံးခု၌ မီးလောင် မှုဖြစ်ပွားခဲ့သဖြင့် ဦးစောလွင်ဦးတို့ သုံးဦးနှင့်   အနီးပတ်ဝန်းကျင်မှ ပြည်သူများက  ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့်    ဆိုင် ဝန်ထမ်း    သုံးဦးတွင်   ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆီပန့် သုံးခုနှင့် ငွေသိမ်း   ကောင်တာအတွင်းရှိ ကွန်ပျူတာနှင့်  ဆက်စပ်ပစ္စည်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၀၀ ခန့်   ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ အသုံးပြု ခဲ့သည့် ခြောက်လုံးပြူး သေနတ် တစ်လက်၊   ၎င်းကျည်  လေး တောင့်နှင့်     ကျည်ခွံတစ်ခုတို့  သိမ်းဆည်း  ရရှိခဲ့ကြောင်း   သိရ သည်။

 


အဆိုပါ ဖြစ်စဉ်များမှ အကြမ်း ဖက်သမားများအား  ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး   လုံခြုံရေး တပ်ဖွဲ့ဝင်များက        ဆက်လက် ဆောင်ရွက်     လျက်ရှိကြောင်း သတင်းရရှိသည်။       
 

သတင်းစဉ်