ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အတွင်းရှိ မြို့တော်ခန်းမအား အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်

 

နေပြည်တော်  ဇူလိုင်  ၃၀


အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြား စေရန်နှင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လက်ပစ် ဗုံးများ၊ လက်လုပ်ဗုံးများနှင့် လက်လုပ်မိုင်းများကို အသုံးပြု၍ အများ ပြည်သူ သွားလာလှုပ်ရှားနေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင် အဆောက်အဦများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများ၊  
စစ်ရေးနှင့်   မသက်ဆိုင်သည့်   နေရာများ၊   အစိုးရရုံး၊  ဌာနများနှင့် အဆောက်အဦများကို  ဖောက်ခွဲဖျက်ဆီး နှောင့်ယှက်ခြင်းများ ပြုလုပ် လျက်ရှိသည်။ 

 


ထိခိုက်ဒဏ်ရာရရှိ


ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၁၁  နာရီ  ၅  မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် (၁)ရပ်ကွက်  စည်ပင် လမ်းရှိ မြို့တော်ခန်းမ ဝင်/ထွက်ဂိတ်ပေါက်သို့ အကြမ်းဖက်သမား အမျိုးသား   နှစ်ဦးက  လက်ပစ်ဗုံး  နှစ်လုံးဖြင့်  ပစ်ပေါက်ထွက်ပြေး သွားခဲ့ကြောင်း၊ လက်ပစ်ဗုံးများပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့နှင့် စည်ပင်နေ့စားဝန်ထမ်း နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 


ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို   တပ်မတော်ဆေးရုံသို့  ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့်  အကြမ်းဖက်သမားများကို  ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်