ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား  ကလပ်ပေါင်းစုံ သက်တန်းအလိုက် ကရာတေးပြိုင်ပွဲများကျင်းပ

ရန်ကုန်  ဩဂုတ်  ၆


ရန်ကုန်တိုင်းဒေသကြီး    အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား       ကလပ် ပေါင်းစုံ             သက်တန်းအလိုက် ကရာတေးပြိုင်ပွဲများကို  ယမန်‌နေ့ ည‌နေပိုင်းက        ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ပဒေသာ အားကစားခန်းမ၌ ကျင်းပသည်။ 


  အဆိုပါပြိုင်ပွဲသို့    ရန်ကုန် တိုင်းဒေသကြီး       ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်း‌ဒေသကြီးဝန်ကြီး များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ       တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ    ကရာ‌တေးအဖွဲ့ချုပ် မှတာဝန်ရှိသူများ၊ တိုင်း‌ဒေသကြီး ကရာ‌တေး     ဆပ်‌ကော်မတီဥက္ကဋ္ဌ နှင့်       အားကစားဝါသနာရှင်များ တက်‌ရောက်ကြည့်ရှုအားပေးကြ သည်။      ဗိုလ်လုပွဲ   ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီးအကြီးတန်း၊ ဂျူနီယာ“ခတ” ၊ “ကုမိတဲ့”ပြိုင်ပွဲ များ ယှဉ်ပြိုင်ကစားကြသည်။


ပြိုင်ပွဲများအပြီး   ဆုပေးပွဲကို ကျင်းပရာ  သက်ငယ်ကီလိုတန်း၊ အကြီးတန်း၊ အငယ်တန်းပြိုင်ပွဲ များတွင်  ပထမ၊  ဒုတိယ၊ ပူးတွဲ တတိယဆုရရှိကြ‌သော အားကစား သမားများအား   တိုင်း‌ဒေသကြီး ဝန်ကြီးများ၊ အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး များ၊   မြန်မာနိုင်ငံ   ကရာတေး အဖွဲ့ချုပ်အတွင်း‌ရေးမှူးနှင့် တာဝန် ရှိသူများက ဆုတံဆိပ်နှင့်‌ ငွေသား ဆုများ ချီးမြှင့်ကြသည်။    


ထို့‌နောက်        ရန်ကုန်တိုင်း ဒေသကြီး  အားကစားနှင့် ကာယ ပညာ‌ ကော်မတီနာယက၊ တိုင်း‌ ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က   အမျိုးသား၊    အမျိုးသမီး အကြီးတန်း၊   ဂျူနီယာ   “ခတ”၊ “ကုမိတဲ့”       ပြိုင်ပွဲများတွင် အကောင်းဆုံးဆု     ရရှိကြ‌သော အားကစားသမားများနှင့်     တံခွန် စိုက်ဖလားရရှိသွားသော        ISPE, YANGON     ကလပ်အသင်းအား‌‌ ငွေသားဆုနှင့်   ဆုဖလားချီးမြှင့် သည်။     ယင်းပြိုင်ပွဲကို     သြဂုတ် ၄ ရက်နှင့် ၅ ရက်တို့တွင် ကလပ် ၁၅ သင်း၊  အားကစားသမား ၂၃ ဦး ကျော်       ဝင်‌ရောက်ယှဉ်ပြိုင် ကြောင်း သိရသည်။   

အာကာစိုး