
နေပြည်တော် ဇွန် ၃၀
ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများကိုအဓိကပစ်မှတ်ထား၍ သတ်ဖြတ် ခြင်းဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင် ရွက်လျက်ရှိရာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ် ဇွန် ၁၄ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်ရှိ အင်းစိန် ပန်းခြံ၌Teenager Killer Force (TKF) အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်များဖြစ်သည့် ကောင်း သီဟနိုင် (ခ)ဇင်ယော်၊ ငြိမ်းစု ရည်ဖြိုး(ခ)ဝေယံ၊ မိုးပွင့်ဖြူ (ခ) လရောင်နှင့် ဝါဝါဦး (ခ) ပန်ပန်တို့ အား လည်းကောင်း၊ အင်းစိန် မြို့နယ် ရွာမအရှေ့ရပ်ကွက် ဒေါနလမ်းသွယ်(၁)ရှိ အိမ်အမှတ် (၅) ၌ ဉာဏ်လင်းထက် (ခ)ကိုဉာဏ်၊ အောင်မင်းခန့် (ခ)သခွားသီးနှင့် ထက်နန္ဒသိမ့် (ခ)နန္ဒတို့ကို လက်လုပ် Remote မိုင်း ၁ လုံး၊ Sound Box အတွင်း ထည့်သွင်း တပ်ဆင်ထားသည့် Remote မိုင်း ၁ လုံး၊ Keypad ဖုန်း ၁ လုံး၊ ကြယ်ဖြူတစ်လုံးပါ အလံ ၁ ခု တို့နှင့်အတူ ဖမ်းဆီးရမိသည်။
ထို့ပြင် ဇွန် ၁၆ ရက်တွင် သန့်ဇင်အောင်(ခ)TK Boss နှင့် အီးဝမ်းတို့သည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ဧရာဝတီ လမ်းပေါ်ရှိ ပွိုင့်ထိပ်မှတ်တိုင်အနီး တွင် မိုင်းထောင်ဖောက်ခွဲရန် လုပ်ဆောင်နေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက တွေ့ရှိသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ တရားခံ ၂ ဦးသည် အနီးတွင် အသင့်ရပ်ထားသည့် ယာဉ်ပေါ်သို့ တက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ယာဉ်ဖြင့်တိုက်၍ မောင်းနှင် ထွက်ပြေးခဲ့သဖြင့် ခုခံပစ်ခတ် ဖမ်းဆီးခဲ့ရာ သန့်ဇင်အောင်(ခ)TK Boss ကို လက်လုပ်မိုင်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အီးဝမ်းအား အသေဖမ်းဆီးရမိ ခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိတရားခံ သန့်ဇင် အောင် (ခ) TK Boss ၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်း မြို့နယ်အမှတ် (၁၃) ရပ်ကွက် တိုက်အမှတ် (၃၈၁) အခန်း အမှတ် (A-5) သို့ သွားရောက် ရှာဖွေခဲ့ရာ Yangon Union Young Organization-YUYO အမည်ခံ အကြမ်းဖက်အဖွဲ့မှ လွင်ဦးမောင်နှင့် ချစ်ကိုကို (ခ)ချစ်မင်းလှိုင်တို့အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံအမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး ပေါင်း ၁၀ ဦးတို့ကို လက်လုပ် Remote မိုင်း ၂ လုံး၊ Sound Box အတွင်း ထည့်သွင်း တပ်ဆင်ထားသည့် Remote မိုင်း ၁ လုံး၊ Keypad ဖုန်း ၁ လုံး၊ ကြယ်ဖြူတစ်လုံးပါ အလံ ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ငြိမ်းစုရည်ဖြိုး (ခ)ဝေယံ၊ မိုးပွင့်ဖြူ (ခ)လရောင် နှင့် ဝါဝါဦး(ခ)ပန်ပန်၊ ဉာဏ်လင်း ထက်(ခ)ကိုဉာဏ်နှင့် အောင်မင်း ခန့်(ခ) သခွားသီးတို့သည် ၂၀၂၁ ခုနှစ် ဇွန်လတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် အတွင်းရှိ TNLA အဖွဲ့၊ တပ်မဟာ (၆)တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းအား ၁၀ ရက် တက် ရောက်ခဲ့ကြောင်း၊ ဇူလိုင်လတွင် ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် TKF အမည်ခံ အကြမ်းဖက်အဖွဲ့အား ငြိမ်းစု ရည်ဖြိုး(ခ)ဝေယံ ခေါင်းဆောင်၍ ကောင်းသီဟနိုင် (ခ) ဇင်ယော်၊ မိုးပွင့်ဖြူ(ခ) လရောင်နှင့် ဝါဝါဦး (ခ)ပန်ပန်၊ ဉာဏ်လင်းထက်(ခ)ကိုဉာဏ်နှင့် အောင်မင်းခန့်(ခ) သခွားသီး၊ ထက်နန္ဒသိမ့်(ခ)နန္ဒ တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ဒီဇင်ဘာလတွင် YUYO အမည်ခံ အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန် ကျန် တရားခံ ကြောင်နက်မှ ခေါင်းဆောင်၍ လွင်ဦးမောင်နှင့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင်တို့ အပါ အဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ TKF နှင့် YUYO အမည်ခံအကြမ်းဖက် အဖွဲ့များ သည် နိုင်ငံတော်၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်နှင့် အပြစ် မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေ ရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူ များကို လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အကြမ်းဖက် ဖောက်ခွဲမှု ၆ ကြိမ် ကျူးလွန်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်-
၂၀၂၂ ခုနှစ် မေ ၁၇ ရက် တွင် တရားခံ ချစ်ကိုကို(ခ)ချစ်မင်းလှိုင်သည် အလုံ မြို့နယ် ဆင်မင်းရပ်ကွက် ရစဖမှူး ဦးလှမိုးကို လုပ်ကြံ သတ်ဖြတ်ခဲ့ ကြောင်း၊ ထိုသို့ လုပ်ကြံ သတ်ဖြတ်ရခြင်းမှာ ဧပြီ ၅ ရက်တွင် အင်းစိန်မြို့နယ် BOC မှတ်တိုင်အနီး တွင် ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်နေသည့် သီရိ ဝေ (ခ) မဝေကို ဖမ်းဆီး ရမိခဲ့ပြီး ၎င်း၏ သားဖြစ်သူ သန့်ဖုန်းဝေယံ၊ ၃ နှစ်မှာ အုပ်ထိန်းသူမရှိ ဖြစ်နေ သောကြောင့် သီရိဝေ(ခ)မဝေ၏ သဘောဆန္ဒအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ သည် အလုံမြို့နယ် စက်တွင်းလမ်းရှိ Best Choice မူကြိုကျောင်းမှ သွားရောက် ခေါ်ယူကာ မိခင်နှင့်အတူ နေထိုင် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် တရားခံ ချစ်ကို ကို (ခ) ချစ်မင်းလှိုင်သည် အဆိုပါ ဖြစ်စဉ်ကို သိရှိ ခြင်း မရှိဘဲ ရစဖမှူး ဦးလှမိုးကို ရန်ညှိုးထားရှိ ကာ လုပ်ကြံသတ်ဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် လွင်ဦးမောင်နှင့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင် တို့သည် ကြည့်မြင်တိုင် မြို့နယ်ရှိ မြို့နယ်တရားရုံး ရှေ့၌ လည်းကောင်း၊ ယမုံနာဈေးတွင် လည်း ကောင်း လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲခဲ့ကြောင်း။
မတ် ၃၁ ရက်တွင် လွင်ဦး မောင်နှင့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင် တို့သည် ကြည့်မြင်တိုင် မြို့နယ်ရှိ ဟံသာဝတီ မီးရထား ဘူတာရှေ့ရှိ ဟံသာဝတီ ဂတ်စ်ဆိုင်အနီးတွင် လည်း ကောင်း၊ ကြည့်မြင်တိုင် မြို့နယ် ရဲစခန်းဝင်း အတွင်း၌ လည်းကောင်း လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲခဲ့ကြောင်း။
ဧပြီ ၁၃ ရက်တွင် လွင်ဦး မောင်နှင့် ချစ်ကိုကို(ခ)ချစ်မင်းလှိုင် တို့သည် ကြည့်မြင်တိုင် မြို့နယ် ဦးကြွယ်ဟိုးလမ်းရှိ အပြစ် မဲ့ပြည်သူတစ်ဦး၏ နေအိမ် ရှေ့တွင် လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့ကြောင်း။
ဇွန် ၁၆ ရက်တွင် သန့်ဇင် အောင်(ခ)TK Boss သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဧရာဝတီလမ်းရှိ ရဲကင်းရုံအား လက်လုပ် မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲ ခဲ့ကြောင်း။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက် နေသူများကို ပြည်သူတစ်ရပ်လုံး က ဝိုင်းဝန်းကာကွယ်တိုက်ဖျက် ကြရန်နှင့် ပြစ်မှုကျူးလွန်ရာ တွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေး လျက်ရှိသော ဆက်စပ်တရားခံ များအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ ပုန်းခိုရာနေရာ များ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေ များ ပေးအပ်ချီးမြှင့်လျက်ရှိ ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်း ပါဝင် ကြိုးပမ်းဆောင်ရွက်နိုင် ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်ထား ကြောင်း သိရသည်။
သတင်းစဉ်