ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် UG- 47 အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၀ နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ မြို့/ရွာများတွင် လှုပ်ရှားသွားလာမှု မရှိစေရေး နေ့/ညမပြတ် ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ်လ ၆ ရက် ညပိုင်းတွင် တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မြောက် ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် အမှတ်(၃၅၅)နေအိမ်၌ သျှားထက် အောင်(၂၄နှစ်)ကို ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမ ကျည် ကိုးတောင့်၊ ဖုန်းမျိုးစုံ နှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိပြီး တရားခံ သျှားထက်အောင် ၏ ထွက်ဆိုချက်အရ မြောက် ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့ သစ် (၄)ရပ်ကွက် အမှတ်(၈၇)နေအိမ်၌ သန့်စင်အောင်(၂၃နှစ်)အား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ မတ် ၇ ရက် နံနက်ပိုင်းတွင် ရွှေပေါက္ကံမြို့နယ် (၂၂)ရပ်ကွက်ရှိ အကြမ်းဖက်အဖွဲ့ များ Safe House အဖြစ် အသုံး ပြုလျက်ရှိသော နေအိမ်၌ စိုင်းစံ (ခ)အရှည်ကြီး(၂၂နှစ်)နှင့် သက် မျိုးထိုက်(၂၁နှစ်)တို့ နှစ်ဦးကို လက်လုပ်ဗုံး ၂၂ လုံး၊ ယမ်းညှင်း ငါးပိဿာခန့်၊ စနက်တံ ရှစ်ခု၊ Keypad ဖုန်း ၂၁ လုံး၊ အသံ ဗြောက်အိုး ခုနစ်လုံး၊ သံဘောစေ့ ၈၀ ကျပ်သားခန့်နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ တရားခံ သျှားထက်အောင် ၏ ထွက်ဆိုချက်အရ မတ် ၉ ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပ မြို့နယ် (ည)ရပ်ကွက်၌ တေဇာ အောင် (၃၇နှစ်)ကို လည်း ကောင်း၊ (၂၂)ရပ်ကွက်၌ ကျော်ဇော (၄၂)နှစ်ကို လည်းကောင်း၊ (ဌ)ရပ်ကွက်၌ ကျော်မင်းအောင် (၄၉နှစ်)ကို လည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။ ဖြစ်စဉ်တွင် တရားခံ အမျိုး သား ခုနစ်ဦး ကို ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ၉ မမ ကျည် ကိုးတောင့်၊ လက်လုပ်ဗုံး ၂၂ လုံး၊ ယမ်းညှင်း ငါးပိဿာခန့်၊ စနက်တံ ရှစ်ခု၊ ချိန်ကိုက်ဗုံးခွဲရာတွင် အသုံး ပြုသည့် ဖုန်းမျိုးစုံ ၂၃ လုံး၊ ဖောက် ခွဲရေး ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ သျှားထက် အောင်၊ သန့်စင်အောင်၊ စိုင်းစံ(ခ)အရှည်ကြီးနှင့် သက်မျိုးထိုက် တို့ လေးဦးသည် ၂၀၂၁ ခုနှစ် စက်တင် ဘာ ၂၀ ရက်မှ နိုဝင်ဘာ ၁၁ ရက် အထိ KNLA တပ်မဟာ(၇)နယ်မြေ ၌ ဖမ်းဆီးရန်ကျန် ဘားအံမြို့ NLD ပါတီလူငယ်တာဝန်ခံ စော ငြိမ်းချမ်းဝင်း နှင့် ရန်ကုန်မြို့ NLD ပါတီ သတင်းပြန်ကြားရေးအဖွဲ့ဝင် မန်းအောင်နိုင်ကြည် တို့မှ ဦးစီး ဖွင့်လှစ်သည့် အကြမ်းဖက် ဖောက်ခွဲရေးသင်တန်းကို တက် ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။ တရားခံ သျှားထက်အောင် ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် မန်းအောင် နိုင်ကြည် ဦးဆောင်၍ အကြမ်း ဖက်ဖောက်ခွဲရေး သင်တန်းမှ သျှားထက်အောင်၊ သက်မျိုးထိုက်၊ ဖမ်းဆီးရန်ကျန် ဒိန်းဒေါင်နှင့် သုည တို့အပါအဝင် သင်တန်းသား ၄၇ ဦးဖြင့် UG-47 အကြမ်းဖက် အဖွဲ့ကို ရန်ကုန်မြို့အတွင်း အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် မြို့ပြတိုက်ပွဲ များ ဖော်ဆောင်၍ တိုက်ခိုက် သွားရန် ရည်ရွယ်ဖွဲ့စည်းပေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။ တရားခံ သျှားထက်အောင် ၏ ထွက်ဆိုချက်အရ သိမ်းဆည်း ရမိသည့် ပစ္စတို တစ်လက်မှာ မန်းအောင်နိုင်ကြည် မှ UG-47 အကြမ်းဖက်အဖွဲ့ဝင်များ ရန်ကုန် မြို့အတွင်း အကြမ်းဖက်လုပ်ငန်း များ ဆောင်ရွက်ရန်အတွက် ဝယ်ယူပေးထားခြင်းဖြစ်ပြီး Mis-sion ပြုလုပ်တိုင်း ရွှေပေါက္ကံမြို့ သစ်နေ ဖမ်းဆီးရန်ကျန် ကိုမျိုး(ခ)စွန်ရဲ ထံမှ ထုတ်ယူရခြင်းဖြစ် ကြောင်း၊ လိုအပ်သည့် ဖောက်ခွဲ ရေး ဆက်စပ်ပစ္စည်းများကို ကျော်ဇောမှ ဝယ်ယူပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် သိမ်းဆည်းရမိ သည့် ဖောက်ခွဲရေးပစ္စည်းများမှာ ကိုမျိုး(ခ)စွန်ရဲ ထံမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရ သည်။ ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ UG-47 အကြမ်း ဖက်အဖွဲ့၏ ဖောက်ခွဲဖျက်ဆီး ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုအနေ ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက် တွင် မန်းအောင်နိုင်ကြည် ၏ စေခိုင်းချက်အရ သျှားထက် အောင်၊ သက်မျိုးထိုက်နှင့် ဖမ်းဆီး ရန်ကျန် စိုးစိုး၊ အောင်လ၊ ကိုဇင် တို့ ငါးဦးသည် မြောက်ဥက္ကလာပ မြို့နယ် ၆ ကွေ့ မီးပွိုင့်အနီးရှိ အမှိုက်ပုံကို လက်လုပ်မိုင်းဖြင့် လည်းကောင်း။ ဇန်နဝါရီ ၇ ရက်တွင် သျှား ထက်အောင် နှင့် သက်မျိုးထိုက် တို့ နှစ်ဦးသည် ကျောက်တံတား မြို့နယ် အကောက်ခွန်ရုံးအနီးတွင် လက်လုပ်မိုင်းဖြင့် လည်းကောင်း။ ဇန်နဝါရီ ၁၃ ရက်တွင် သျှား ထက်အောင်၊ သက်မျိုးထိုက်၊ စိုင်းစံ(ခ)အရှည်ကြီး နှင့် ဖမ်းဆီး ရန်ကျန် စိုးစိုး၊ အောင်လ၊ ကိုဇင် တို့ ခြောက်ဦးသည် မြောက် ဥက္ကလာပမြို့နယ် ကန်သာယာ မီးပွိုင့်အနီးရှိ အများပြည်သူသုံး ကားမှတ်တိုင်ကို လက်လုပ်မိုင်း ဖြင့် လည်းကောင်း။ ဖေဖော်ဝါရီ ၁၄ ရက်တွင် သျှားထက်အောင် နှင့် သက်မျိုး ထိုက် တို့ နှစ်ဦးသည် မြောက် ဥက္ကလာပမြို့နယ်ရှိ မြို့နယ် လျှပ်စစ်ရုံးကို လက်လုပ်မိုင်းဖြင့် လည်းကောင်း။ မတ် ၃ ရက်တွင် သျှားထက် အောင်၊ သန့်စင်အောင်၊ စိုင်းစံ(ခ)အရှည်ကြီး၊ သက်မျိုးထိုက်နှင့် ဖမ်းဆီးရန်ကျန် အားမာန်တို့ ငါးဦးသည် မြောက်ဥက္ကလာပ မြို့နယ် (ည)ရပ်ကွက် ကျောင်း လမ်းနှင့် ဘုမ္မာ(၁၃) လမ်းကြား တွင် လက်လုပ်အသံမိုင်း သုံးလုံး၊ ကန်သာယာမီးပွိုင့်တွင် လက်လုပ် အသံမိုင်း နှစ်လုံး၊ ခေမာသီလမ်းမ ကြီးရှိ ထရန်စဖော်မာအား အသံ မိုင်း နှစ်လုံးဖြင့် လည်းကောင်း ဖောက်ခွဲဖျက်ဆီးမှုများ ဆောင် ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။ ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ UG-47 အကြမ်း ဖက်အဖွဲ့၏ အပြစ်မဲ့ပြည်သူများ အား လုပ်ကြံသတ်ဖြတ်ခဲ့မှုအနေ ဖြင့် ဖေဖော်ဝါရီ ၂၄ ရက်တွင် သျှားထက်အောင်၊ စိုင်းစံ(ခ)အရှည်ကြီး နှင့် သက်မျိုးထိုက် တို့ သုံးဦးသည် မြောက်ဥက္ကလာပ မြို့နယ် (ဌ)ရပ်ကွက်နေ အပြစ်မဲ့ ပြည်သူတစ်ဦးကို လက်နက်ငယ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း။ မတ် ၅ ရက်တွင် သျှားထက် အောင်၊ စိုင်းစံ(ခ)အရှည်ကြီး သည် ဖမ်းဆီးရန်ကျန် လှည်းကူး PDF အကြမ်းဖက်အဖွဲ့မှ ရဲကြီး၊ ပါကျဲ တို့နှင့်အတူ မြောက်ဥက္ကလာပ မြို့နယ် ဝေပုလ္လ(၂)လမ်းနေ အပြစ် မဲ့ပြည်သူတစ်ဦးကို လက်နက် ငယ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း။ မတ် ၆ ရက်တွင် သျှားထက် အောင် သည် ဖမ်းဆီးရန်ကျန် လှည်းကူး PDF အကြမ်းဖက်အဖွဲ့မှ ဘိုဘို၊ ရဲကြီး တို့နှင့်အတူ မြောက် ဥက္ကလာပမြို့နယ် (ည)ရပ်ကွက် ဧရာ(၁၅)လမ်းနေ အပြစ်မဲ့ပြည်သူ တစ်ဦးကို လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိ ရသည်။ တရားခံ သျှားထက်အောင် ၏ ထွက်ဆိုချက်အရ ဆောင်ရွက် ခဲ့မှုကြောင့် မန်းအောင်နိုင်ကြည် မှ အကြမ်းဖက်ဖောက်ခွဲရေးနှင့် လုပ်ကြံသတ်ဖြတ်မှုများ တစ်ကြိမ် ဆောင်ရွက်တိုင်း ငွေကျပ် တစ်သိန်းနှုန်းဖြင့် ငွေကျပ် ၁၀ သိန်းအား Wave Money ဖြင့် ၎င်းထံ လွှဲပေးခဲ့ကြောင်းနှင့် ကျော်မင်းအောင် မှ ငွေကျပ် နှစ်သိန်းကို ထောက်ပံ့ပေးခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။ UG-47 အကြမ်းဖက်အဖွဲ့ အနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှု ယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှု ဖြစ်စေရန်အတွက် အများပြည်သူ နှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ခုနစ် ကြိမ်နှင့် လုပ်ကြံသတ်ဖြတ်မှု သုံးကြိမ်တို့ကို ကျူးလွန်ခဲ့ ကြောင်းနှင့် ထိုသို့ကျူးလွန်စေရန် အတွက် ရန်ကုန်မြို့ NLD ပါတီ သတင်းပြန်ကြားရေး အဖွဲ့ဝင် မန်းအောင်နိုင်ကြည်နှင့် ဘားအံ မြို့ NLD ပါတီ လူငယ်တာဝန်ခံ စောငြိမ်းချမ်းဝင်း တို့သည် နောက် ကွယ်မှ စေခိုင်းလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။ သို့ဖြစ်ပါ၍ ဖမ်းဆီးရမိ တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုဆောင် ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက် သူများ၊ နောက်ကွယ်မှ ထောက်ပံ့ ပေးလျက်ရှိသော ဆက်စပ် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေး တိုင်ကြားနိုင်ပါ ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာ များ အမြန်ဆုံးအေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံထား ကြောင်း သိရသည်။ သတင်းစဉ်