ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဦးဆောင်လှုပ်ရှားနေသူ ကျော်မင်းယု(ခ)ဂျင်မီ (၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)ကို ဖမ်းဆီးရမိ

 

နေပြည်တော် နိုဝင်ဘာ ၇ 


နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို       ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများကို   လုပ်ကြံသတ်ဖြတ်ခြင်း၊  မိုင်းခွဲတိုက်ခိုက်ခြင်း၊  ဖောက်ခွဲဖျက်ဆီးခြင်း စသည့်   အကြမ်းဖက်လုပ်ငန်းများ   ဆောင်ရွက်ခဲ့သည့်  ယခင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေး တာဝန်ခံ၊ ယခုအကြမ်းဖက် CRPH/NUG ၏ နိုင်ငံရေးနှင့်လုံခြုံရေး အကြံပေး ကျော်မင်းယု (ခ)ဂျင်မီကို အောက်တိုဘာ ၂၄ ရက်  နံနက်ပိုင်း တွင်  ဒဂုံမြို့သစ်(မြောက်ပိုင်း)၊   ပင်လုံအိမ်ရာဝင်းအတွင်းရှိ အမှတ် (၁၀၉/B) နှစ် ထပ်တိုက်နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

 


သိမ်းဆည်းရမိ


တရားခံ ကျော်မင်းယု(ခ)ဂျင်မီနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများတွင် အသုံးပြုလျက်ရှိသည့် AK-47 သေနတ် ခြောက် လက်၊ M-16 သေနတ်   ရှစ်လက်၊ ၁၂-ဗို့ သေနတ်  နှစ်လက်၊ ဒေသန္တရလုပ်သေနတ် တစ်လက်၊ ကျည်အိမ် ၁၈ ခု တို့အား အဆိုပါ နှစ်ထပ်တိုက်  နေအိမ်မှ သိမ်းဆည်းရမိခဲ့သည်။

 


ကျော်မင်းယု(ခ)ဂျင်မီသည် တရားခံပြေး မင်းကိုနိုင်နှင့်အတူ နိုင်ငံတွင်း   ဆူပူအုံကြွမှုဖြစ်ပေါ် စေရေး၊ အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုတွင်  ပါဝင်လာစေရေး လှုံ့ဆော်မှုများ   ပြုလုပ်ခြင်းတို့ ကြောင့် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး    ပုဇွန် တောင်မြို့နယ်တရားရုံးမှ ရာကြီး အမှတ်(၂၆)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခံထား ရသည့်           တရားခံပြေးတစ်ဦး ဖြစ်သည်။

 


တရားခံ      ကျော်မင်းယု(ခ)ဂျင်မီ၏   ထွက်ဆိုချက်များအရ ၂၀၂၁ ခုနှစ်       ဖေဖော်ဝါရီလနှင့် မတ်လအတွင်း  အဆိုပါ   ပင်လုံ အိမ်ရာနေအိမ်တွင်နေထိုင်၍ ဆူပူ ဆန္ဒပြလှုပ်ရှားမှုများနှင့်  အစိုးရ ဝန်ထမ်းများ CDM လှုပ်ရှားမှုများ တွင်   ပါဝင်လာစေရေးအတွက် သတင်းမီဒီယာများနှင့် ချိတ်ဆက် ကာ ဝါဒဖြန့်လှုံ့ဆော်မှုများပြုလုပ် ခဲ့ကြောင်း၊ ဧပြီ ၂ ရက်တွင် ၎င်း၏ ဇနီးဖြစ်သူ  နီလာသိန်းနှင့်အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သွား ရောက်     တိမ်းရှောင်ခဲ့ကြောင်း၊ ၎င်းနောက် ဖောက်ခွဲဖျက်ဆီးခြင်း၊ လက်နက်ကိုင်တိုက်ခိုက်ခြင်းနှင့် လုပ်ကြံသတ်ဖြတ်ခြင်းများကို ဆောင်ရွက်ရန်   ဧပြီလအတွင်း Moon Light Operation  အဖွဲ့ အား  စောသက်ထွန်း(ခ)နေခြူး (Sky Age Education)၊ ကိုကိုကြီး (စမ်းချောင်း၊ ၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်)၊    သူရကျော်(ခ)နီကိုလပ်စ်၊ သန်းအောင် (နိုင်/ကျဉ်းဟောင်း)၊ ရဲဇာနည်(ခ)အူနို (နွေဦးကံ့ကော် အဖွဲ့)၊ ကျော်ကျော်မိုး(ခ) ဇော်ဝင်း မောင် (၈၈ မျိုးဆက်၊ ငြိမ်း/ပွင့်၊ ဖမ်းမိ)တို့နှင့်အတူ စတင်ဖွဲ့စည်း ခဲ့ကြောင်း။

 


ကျော်မင်းယု(ခ)ဂျင်မီ ခေါင်း ဆောင်သော Moon Light Ope-ration အဖွဲ့၊   ဖြိုးဇေယျာသော် ခေါင်းဆောင်သော     Yangon Urban Guerilla-YUG  အဖွဲ့နှင့် ဝေဖြိုးဟန်   ခေါင်းဆောင်သော ရန်ကုန်တိုင်း PDF အဖွဲ့များသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာအဆင့် ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမ များ၊       စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှုများဖြင့် အကြမ်းဖက်စစ်ဆင်ရေး တစ်ရပ် ကို မေလတွင် စတင်ခဲ့ကြကြောင်း၊ ၎င်းနောက်  အပြစ်မဲ့ပြည်သူများ ကို    ထိတ်လန့်တုန်လှုပ်အောင် ခြိမ်းခြောက်နိုင်ရေးအတွက် အုပ် ချုပ်ရေးမှူးများကို   သတ်ဖြတ် ခြင်း၊ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များကို သတ်ဖြတ် ခြင်း၊ NLD ပါတီကို  ထောက်ခံမှု မရှိခဲ့သူများကို သတင်းပေး/ဒလန် အဖြစ်      စွပ်စွဲသတ်ဖြတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အစိုးရအဆောက်အဦများ၊ ပုဂ္ဂလိ က ဘဏ်များစသည့်   အပြစ်မဲ့ ပြည်သူများနှင့်      အရပ်ဘက် ပစ်မှတ်များကို ဦးတည်တိုက်ခိုက် ခဲ့ကြကြောင်း၊ ထိုသို့အကြမ်းဖက် တိုက်ခိုက်နိုင်ရေးအတွက် Moon Light Operation အဖွဲ့ကို တရားခံ ပြေး လွင်ကိုလတ်မှ AK-47 နှင့်   M-16  အလက်  ၃၀၊ ကျည်တောင့် ၆၀၀၊ ကျည်ကတ် ၉၀ ခုနှင့်  ဗုံး ဖောက်ခွဲရန် ကတ်သီး  ၅၀၀ ကို ပေးအပ်ခဲ့ကြောင်း၊ ၎င်းလက်နက်/ ခဲယမ်းများဖြင့် ရန်ကုန်မြို့တွင်း    အကြမ်းဖက်လုပ်ငန်းများကို လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

 


အကြမ်းဖက်  Moon  Light Operation      အဖွဲ့အနေဖြင့် အကြမ်းဖက်  NUG မှ  D-Day သတ်မှတ်ပေးသည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက် နောက်ပိုင်း တွင် ကြီးမားသော အကြမ်းဖက် လုပ်ငန်းကြီး- Mission ရှစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အတွင်း လုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲ ခဲ့ကြောင်း၊ ထို့ကြောင့် ကျော်မင်း ယု(ခ)ဂျင်မီသည် အဆိုပါအကြမ်း ဖက်လုပ်ငန်းကြီး- Mission  ရှစ်ခု ကို အနီးကပ်ကြပ်မတ်ညွှန်ကြား ရန်    မဲဆောက်မှ    ရန်ကုန်သို့ စက်တင်ဘာ ၂၂ ရက်တွင် ရောက် ရှိ လာခဲ့ကြောင်း၊   ပင်လုံအိမ်ရာ ဝင်းအတွင်းနေထိုင်၍    အဆိုပါ အကြမ်းဖက်လုပ်ငန်းကြီး   ရှစ်ခု ကို ညွှန်ကြားစေခိုင်းခဲ့ကြောင်း၊ Mission-1          တွံတေးမြို့နယ် အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-2    အင်းစိန်မြို့နယ် အတွင်း အကြမ်းဖက်တိုက်ခိုက်မှု၊ Mission-3   လှည်းကူးမြို့နယ် အတွင်း အောက်တိုဘာလအတွင်း လုပ်ဆောင်ပြီးစီးခဲ့ကြောင်း သိရှိ ရသည်။
ကျန် Mission-4၊ Mission-5၊ Mission-6၊ Mission-7၊ Miss-ion-8 တို့ကို    ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊   ဒလမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာမြို့နယ် တို့တွင် ကြီးမားသော  ဖောက်ခွဲ ဖျက်ဆီးမှုများနှင့်       ပစ်ခတ် တိုက်ခိုက်မှုတို့ ပေါင်းစပ်ဆောင် ရွက်ရန်   ရည်မှန်းထားကြောင်း သိရသည်။

 


အဆိုပါ           အကြမ်းဖက် တိုက်ခိုက်မှုကြီးများ ဖော်ဆောင် နိုင်ရန်  လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ C-4 ယမ်းတောင့်၊ လက်ပစ် ဗုံး၊ ကတ်သီး၊ Dorne ၊ ဂြိုဟ်တုဖုန်း၊ ရေဒီယိုစကားပြောစက်၊ ငွေကြေး နှင့် နည်းပညာပံ့ပိုးနိုင်ရေးအတွက် အကြမ်းဖက် NUG/CRPH/NUCC အဖွဲ့ဝင်များဖြစ်ကြသည့် တရားခံ ပြေး ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်း ခိုင်သန်း၊        အောင်ကြည်ညွန့်၊လွင်ကိုလတ်၊    ဝင်းမြတ်အေး၊ ထင်လင်းအောင်၊ မိုးဇော်ဦး၊ ဖြူဖြူ သင်း၊ မင်းကိုနိုင်၊  ဂျင်မီတို့သည် အပတ်စဉ် Zoom Meeting ဖြင့် ဆွေးနွေး   တိုင်ပင်ခဲ့ကြကြောင်း သိရသည်။

 


သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အပြစ်မဲ့ပြည်သူများ ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို အနီးကပ် စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့်    အဆိုပါ  အကြမ်းဖက် တိုက်ခိုက်မှုများအတွက် ပူးပေါင်း ကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှုထင်ရှား ကျူးလွန်ခဲ့သည့် တရားခံ  ကျော် မင်းယု(ခ)ဂျင်မီအား  ရာဇသတ် ကြီး ဥပဒေ ပုဒ်မ ၅၀၅-က အပြင် ၂၀၁၄  ခုနှစ်      အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ် ကြီးပုဒ်မ ၁၂၄၊ မတရားအသင်း အက်ဥပဒေ၊         လက်နက်နှင့် ပတ်သက်သော       အက်ဥပဒေ၊ ပေါက်ကွဲစေတတ်သော    ဝတ္ထု ပစ္စည်းများ   အက်ဥပဒေတို့ဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်သည်။

 


ထို့ပြင် အကြမ်းဖက်တိုက်ခိုက် မှုများတွင် တရားခံ ကျော်မင်းယု (ခ)ဂျင်မီနှင့်အတူ ပူးပေါင်းပါဝင် ခဲ့ကြသူများနှင့် ပူးပေါင်းကြံစည် ရာ၌   အဓိကပါဝင်ခဲ့သူ   NUG/ CRPH/NUCC   အဖွဲ့ဝင်များကို လည်း တရားဥပဒေအရ ထိရောက် စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများ ကို   ရက်စက်စွာ   သတ်ဖြတ်ပြီး အကြမ်းဖက်မှုများကို   ကျူးလွန် ခဲ့ကြသူများကို လက်ရဖမ်းဆီးနိုင် ရေးအတွက်   မိဘပြည်သူများမှ ရရှိသော သတင်းအချက်အလက် များအား  သက်ဆိုင်ရာနီးစပ်ရာ လုံခြုံရေး အဖွဲ့အစည်းများထံသို့ ဆက်သွယ်ပေးပို့နိုင်ပါရန်   အသိ ပေးထားကြောင်း သိရသည်။


 သတင်းစဉ်