
နေပြည်တော် ဩဂုတ် ၂၈
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၉ ရက်တွင် လုံခြုံရေး ပူးပေါင်းအဖွဲ့ သည် ဆူပူမှုဖြစ်ပွားစေရန် လူမှုကွန်ရက် စာမျက်နှာပေါ်၌ ရေးသားလှုံ့ဆော်သူ ဇော်နိုင်ဦး ကို အတွင်းပဒံကျေးရွာ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်နိုင်ဦး၏ ထွက်ဆို ချက်အရ ဩဂုတ် ၁၀ ရက်တွင် ထန်းတပင် မြို့နယ် အစုကြီးကျေးရွာ၌ ရဲထွန်းတောက်နှင့် ကြည်ပြာဝင်းတို့ နှစ်ဦးကို လည်းကောင်း၊ ဩဂုတ် ၁၁ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၌ တင်ဝင်းလှိုင်၊ အောင်လေး၊ လှိုင်မိုး ဝင်း နှင့် ဝိုင်းချစ်သူတို့ လေးဦးကို လည်းကောင်း၊ ထန်းတပင် မြို့နယ် ရေတလိကျေးရွာ၌ သားဇော်၊ ခင်မျိုးဦး နှင့် တင့်ဝေ တို့ သုံးဦးကို လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံး ကျေးရွာ၌ ရဲသွေး၊ နိုင်ဝင်းနှင့် အေးကိုကိုအောင်တို့ သုံးဦးကို လက်လုပ်ဗုံး ၄၃ လုံးဖြင့်လည်း ကောင်း၊ တင်ဝင်းလှိုင် ၏ ထွက်ဆို ချက်အရ ဩဂုတ် ၁၂ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ဟိန်းသီဟ ကိုလည်းကောင်း၊ တရားခံများ၏ ထွက်ဆိုချက်အရ ကွမ်းခြံကုန်းမြို့နယ် ဒေးဒနော ကျေးရွာ အရှေ့ဘက်ရှိ ကုလား ကြီး (ဖမ်းဆီးရန်ကျန်)၏ လယ်တဲ ၌ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းထားကြောင်း သိရှိရ သဖြင့် သွားရောက်ရှာဖွေခဲ့ရာ ပြုလုပ်ဆဲ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်း သုံးလုံးနှင့် ဆက်စပ် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ သည်။
ဖမ်းဆီးရမိတရားခံ အေးကိုကို အောင် နှင့် ဇော်နိုင်ဦး၏ ထွက်ဆို ချက်အရ ဩဂုတ် ၁၄ ရက်တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၌ သက်နိုင်ထွေး ကို လည်းကောင်း၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်း တည်းခိုခန်း၌ ဇော်ဝင်းမြင့် နှင့် ဇော်ဇော်ထူး တို့နှစ်ဦးကိုလည်း ကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်များအရ အမှတ်(၆)ရပ်ကွက်ရှိ ရွှေလမင်းမိုတယ်၌ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး တစ်လုံး၊ ၉ မမ ကျည် ၁၀ တောင့် နှင့် ဆက်စပ်ပစ္စည်းများကို သိမ်း ဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ အေးကိုကို အောင်၏ ထွက်ဆိုချက်အရ ဩဂုတ် ၁၄ ရက်တွင် မင်္ဂလာ တောင်ညွန့်မြို့နယ်၌ အောင်နန္ဒဦး နှင့် ရဲထူးဇင် တို့နှစ်ဦးကိုလည်း ကောင်း၊ ဩဂုတ် ၁၇ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် (၆)ရပ်ကွက်၌ ရဲရင့်အောင် ကို လက်လုပ်မိုင်း နှစ်လုံး၊ လက်လုပ် မိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်း များဖြင့်လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ရဲရင့်အောင် ၏ ထွက်ဆိုချက်အရ ဩဂုတ် ၁၈ ရက်တွင် ကမာရွတ်မြို့နယ်၌ မျိုးမင်း ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ စမ်းချောင်း မြို့နယ်၌ ဇော်ဇော်မိုး၊ ဟိန်းရူပါ အောင် နှင့် ပိုင်စိုးမိုးတို့ သုံးဦးကို ပွိုင့် - ၂၂ သေနတ် တစ်လက်၊ ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည်မျိုးစုံ ၄၃ တောင့်နှင့် ဆက်စပ်ပစ္စည်းများကို လည်း ကောင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်းရပ်ကွက်၌ ညီညီထွန်း ကိုလည်းကောင်း ဖမ်းဆီးရမိ ခဲ့ပြီး ဆက်စပ်တရားခံ ဝင်းကို (ဖမ်းဆီးရန်ကျန်) နေထိုင်သည့် ကမာရွတ်မြို့နယ် (၅)ရပ်ကွက် နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ လက်လုပ်မိုင်း လေးလုံးကို သိမ်း ဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်ဇော်မိုး ၏ ထွက်ဆိုချက်အရ ဩဂုတ် ၁၉ ရက်တွင် လှိုင်မြို့နယ်၌ ခိုင်ခိုင်လွင် ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ တာမွေ မြို့နယ် ကျောက်မြောင်းကြီး ရပ်ကွက်ရှိ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ရာ လက်လုပ်မိုင်း နှစ်လုံး၊ ပွိုင့်-၂၂ ကျည် နှစ်တောင့်နှင့် ဆက်စပ်ပစ္စည်းများကို လည်း ကောင်း၊ ကမာရွတ်မြို့နယ် (၅)ရပ်ကွက်ရှိ တိုက်ခန်းမှ လက်လုပ် မိုင်း ၁၁ လုံး၊ အသံဗုံး ၁၁ လုံး၊ ယမ်းတောင့် ရှစ်တောင့်၊ ယမ်းထုပ် လေးထုပ်၊ ဒီတိုနေတာ ခြောက် ချောင်းနှင့် ဆက်စပ်ပစ္စည်းများ ကို လည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဟိန်းရူပါ အောင်၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၀ ရက်တွင် သင်္ဃန်းကျွန်း မြို့နယ်၌ ဆက်စပ်တရားခံ ဇေယျာဖြိုး နှင့် ဇနီးဖြစ်သူ ခိုင်လင်းထက်ကျော်တို့ နှစ်ဦးကို ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် အတောင့် ၅၀၊ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ် မိုင်း ရှစ်လုံး၊ ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၁ ရက် တွင် ဗဟန်းမြို့နယ်၌ အောင်စည်တိုး ကို Icon နှစ်လုံးဖြင့်လည်း ကောင်း၊ မှော်ဘီမြို့နယ် ရေတွင်း ကုန်းကျေးရွာ၌ စည်သူလွင် ကို လည်းကောင်း၊ လှိုင်သာယာ မြို့နယ်၌ သူရစိုး ကိုလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ ခိုင်ခိုင်လွင်၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၃ ရက် တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၉၀) ရပ်ကွက်ရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ ဇော်မင်း ထွန်း၊ ဝင်းသော်တာ၊ သိန်းဇော်၊ မျိုးသီဟ၊ သက်ထွဋ်ဇော်၊ ဝေယံ သိန်း (ခ)ဗစ်တာနှင့် သီဟဇော် တို့ ခုနစ်ဦးကို ပစ္စတို တစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး တစ်လုံး၊ ကျည်မျိုးစုံ ၂၈၃ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ် ၂၅ ရက် တွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၁၇)ရပ်ကွက် ဗန္ဓုလအိမ်ရာရှိ တိုက်အမှတ် (၂၆)၌ ဟိန်းကျော်လွင် နှင့် နှင်းအိဝေဇော်တို့ နှစ်ဦးကို လည်းကောင်း၊ ဟိန်းကျော်လွင်၏ ထွက်ဆိုချက်အရ ဗန္ဓုလအိမ်ရာရှိ တိုက်အမှတ်(၄၉)၌ ထက်လွင်ဦး ကို ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည်အတောင့် ၂၀ တို့နှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိတရားခံ များအနက် ရဲရင့်အောင်နှင့် ညီညီထွန်း တို့သည် KNLA တပ်မဟာ (၁) နယ်မြေတွင် လည်းကောင်း၊ ဇော်ဇော်မိုး၊ ဇော်မင်းထွန်း၊ သီဟဇော်၊ ပိုင်စိုးမိုး နှင့် ခိုင်ခိုင်လွင် တို့သည် KNLA တပ်မဟာ(၂)နယ်မြေတွင် လည်း ကောင်း၊ ရဲသွေး၊ အေးကိုကိုအောင်၊ အောင်နန္ဒာဦးနှင့် ရဲထူးဇင် တို့သည် KNLA တပ်မဟာ(၆)နယ်မြေတွင် လည်းကောင်း၊ ဇော်နိုင်ဦး၊ အောင်စည်တိုးနှင့် သူရစိုး တို့သည် KNLA တပ်မဟာ (၇)နယ်မြေတွင် လည်းကောင်း အကြမ်းဖက် ဖောက်ခွဲရေး သင်တန်းများ တက်ရောက်ခဲ့ ကြောင်း။
ဝေယံသိန်း(ခ) ဗစ်တာ သည် KNLA တပ်မဟာ (၂)နယ်မြေ၌ ဖောက်ခွဲရေး သင်တန်းဖွင့်လှစ်စဉ် ပစ္စတို တစ်လက်နှင့် ကျည်ဆန် များကို တပ်မဟာ(၂)မှ ဝယ်ယူ ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိချိန်တွင် ဖောက်ခွဲရေးသင်တန်းဆင်းအဖွဲ့ များနှင့် ချိတ်ဆက်၍ စမ်းချောင်း မြို့နယ်၊ လှိုင်မြို့နယ်၊ တာမွေ မြို့နယ်တို့တွင် တိုက်ခန်းများ ငှားရမ်းနေထိုင်ကာ လက်လုပ်မိုင်း များကို ပြုလုပ်ခဲ့ပြီး အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများနှင့် ငွေကြေးရယူ၍ လုပ်ကြံသတ်ဖြတ် ခြင်းများအား ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ လှိုင်သာယာ မြို့နယ်၊ ဗဟန်းမြို့နယ်၊ သင်္ဃန်း ကျွန်းမြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်း မြို့နယ်နှင့် ကမာရွတ်မြို့နယ် တို့တွင် လက်လုပ်မိုင်း ဖောက်ခွဲမှု ၁၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း။
အဆိုပါ ဖောက်ခွဲမှုများတွင် လှိုင်သာယာမြို့နယ် ဖောက်ခွဲရေး တာဝန်ခံ နေလင်းထွန်း (ခ)ထွန်းလင်း (ဖမ်းဆီးရန်ကျန်) ခေါင်းဆောင်သည့်အဖွဲ့မှ မေလ ၁၁ ရက်တွင် လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးရုံးနှင့် မေ ၂၉ ရက်တွင် ကမ္ဘောဇဘဏ်အနီး ကားမှတ်တိုင်၌ လည်းကောင်း၊ ဇွန် ၁၆ ရက်တွင် (၁၀၃) ကား မှတ်တိုင်နှင့် (၁၀၃) မှတ်တိုင် အနီးရှိ City Mark အရှေ့တို့တွင် လည်းကောင်း၊ ဇူလိုင် ၂၃ ရက် တွင် လှိုင်သာယာမြို့နယ် (၁၉) ရပ်ကွက် ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးကို လည်းကောင်း၊ ဩဂုတ် ၁ ရက်တွင် လှိုင်သာယာမြို့နယ်ရွှေလင်ဗန်းကျေးရွာ အမှတ်(၁၀) ရပ်ကွက် ကုလားကြီးစုကျေးရွာ အတွင်းတို့ရှိ Mytel တာဝါတိုင် သုံးခုကိုလည်းကောင်း စုစုပေါင်း ၈ ကြိမ် ဖောက်ခွဲခဲ့ကြောင်း။
ဝေယံသိန်း (ခ) ဗစ်တာ ခေါင်းဆောင်သည့်အဖွဲ့မှ ဇွန် ၁၆ ရက်တွင် ဗဟန်းမြို့နယ် ကုက္ကိုင်းမီးပွိုင့် ယာဉ်ထိန်းရုံးကို လည်းကောင်း၊ ဇူလိုင် ၃ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် Music Zone KTV ကို လည်းကောင်း၊ ဇူလိုင် ၇ ရက်တွင် မရမ်းကုန်း မြို့နယ်နှင့် ကမာရွတ်မြို့နယ်၊ မီတာရုံးရှေ့ အဝင်ပေါက်ကို လည်းကောင်း၊ သင်္ဃန်းကျွန်း မြို့နယ် ဇဝနကားမှတ်တိုင်အနီး ကိုလည်းကောင်း၊ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ ဝင်းသူဇာ အရောင်းဆိုင်ရှေ့ကို လည်း ကောင်း၊ ဇူလိုင် ၈ ရက်တွင် မရမ်းကုန်းမြို့နယ် ဘုရင့်နောင် တံတားအောက်တွင် လည်း ကောင်း၊ ဩဂုတ် ၆ ရက်တွင် ပုဇွန်တောင်မြို့နယ် ရဲစခန်း အနီး အမှိုက်ပုံး၌ လည်းကောင်း၊ ဩဂုတ် ၁၄ ရက်တွင် မြောက် ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးနှင့် သင်္ဃန်းကျွန်းမြို့နယ်ရတနာလမ်းထောင့်ရှိ ယာဉ်ထိန်း ရုံးတို့အား လည်းကောင်း၊ ဩဂုတ် ၁၆ ရက်တွင် မြောက်ဥက္ကလာပ မြို့နယ် EPC ရုံးရှေ့တွင် လည်း ကောင်း စုစုပေါင်း ၁၁ ကြိမ် ဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဩဂုတ် ၁၇ ရက်တွင် ကမာရွတ်မြို့နယ် (၃)ရပ်ကွက်နေ ဦးတင်လှ(မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်) ကို လုပ်ကြံသတ်ဖြတ်ရာတွင် ဖမ်းဆီး ရမိတရားခံ ဇော်ဇော်မိုး၊ ညီညီထွန်း နှင့် ဖုန်းနိုင်၊ ဆံရှည်(ဖမ်းဆီးရန် ကျန်)တို့မှ ပူးပေါင်းလုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း။
၎င်းတို့အဖွဲ့အား အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ရန် စေခိုင်းသူများမှာ NLD ပါတီမှ မြတ်မင်းသူ (၂၀၁၅ ခုနှစ် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း) နှင့် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ မကေနှင့် NLD ပါတီမှ ဖြိုးဇေယျာသော် (၂၀၁၅ ခုနှစ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း) တို့ဖြစ် ကြောင်း သိရှိရသည်။
သို့ဖြစ်၍ တာဝန်သိပြည်သူ များ၏ ပူးပေါင်းဆောင်ရွက်မှု ကြောင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြား အောင် အဖျက်အမှောင့်လုပ်ငန်း များ လုပ်ဆောင်ပြီး အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ် နေသော လှိုင်သာယာမြို့နယ် PDF အဖွဲ့ဝင် ၁၁ ဦး၊ ထန်းတပင် မြို့နယ် PDF အဖွဲ့ဝင် ငါးဦး၊ ကွမ်းခြံကုန်းမြို့နယ် PDF အဖွဲ့ဝင် ခြောက်ဦး၊ စမ်းချောင်း/ လှိုင် မြို့နယ် PDF အဖွဲ့ဝင် ခြောက်ဦး၊ သင်္ဃန်းကျွန်းမြို့နယ် PDF အဖွဲ့ဝင် သုံးဦးနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် PDF အဖွဲ့ဝင် ခုနစ်ဦး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် PDF အဖွဲ့ဝင် သုံးဦး၊ စုစုပေါင်း ၄၁ ဦးတို့အား ပွိုင့်-၂၂ သေနတ် တစ်လက်၊ ပစ္စတို လေးလက်၊ ကျည်အိမ် ငါးခု၊ ကျည်မျိုးစုံ ၃၂၉ တောင့်၊ လက်လုပ်သေနတ် တစ်လက်၊ ပြုလုပ်ဆဲ လက်လုပ်သေနတ် ၂၅ လက်၊ လက်ပစ်ဗုံး သုံးလုံး၊ လက်လုပ်မိုင်းမျိုးစုံ ၈၁ လုံး၊ အသံဗုံး ၁၁ လုံး၊ ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့် အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
အထက်ပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေး တိုင်ကြားနိုင် ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာ များ အမြန်ဆုံးအေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
သတင်းစဉ်