
ရန်ကုန် ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဦးဌေးအောင်၊ ကျန်းမာ ရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန နှင့် ဆေးသုတေသနဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ညွန်ကြားရေးမှူးချုပ်(ငြိမ်း)၊ နေပြည်တော်နှင့် ရန်ကုန်တိုင်း ဒေသကြီးရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်ပွားနေမှုများ နှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဘက်စုံ၊ ကဏ္ဍစုံ မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် နေသည့်အတွက် လတ်တလော တွင် စတင်ထိန်းချုပ်နိုင်သော အခြေအရောက်ရှိပြီဖြစ်ကြောင်း၊ “လူ့အသက်ထက် အရေးကြီး သော အရာမရှိ” ဟူသော နိုင်ငံ တော်၏ မူဝါဒနှင့်အညီ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါကဲ့သို့သော ကူးစက်မြန် ရောဂါ ထိန်းချုပ်ရေး၊ မိုခါမုန်တိုင်း နောက်ဆက်တွဲ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကပ် အသွင်ဖြစ်ပွားမှု မရှိစေရေးတို့ကို နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်မှု သက်ဆိုင်ရာ ဌာန ဆိုင်ရာများနှင့် ပြည်သူလူထု၏ စနစ်တကျ ပူးပေါင်းပါဝင်ဆောင် ရွက်မှုများဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အတွေ့ အကြုံနှင့် မှတ်တမ်းများရှိပါ ကြောင်း၊ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သော ကျန်းမာရေး နှင့် လူနေမှုစနစ်များ ဖန်တီး တည်ဆောက်နိုင်ရန် အားလုံး တက်ညီလက်ညီ ဆက်လက် ပူးပေါင်း ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား မှု အခြေအနေ၊ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နေမှု၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည် ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်